တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
March 16, 2024မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ စစ်မှုထမ်းဖို့အတွက် သတင်းပို့ဖို့ဆင့်ခေါ်တာကြောင့် ပြည်သူတွေ စိုးရိမ် စစ်မှုထမ်းဖို့ အသက်ပြည့်သူတွေကို စစ်ကောင်စီက သတင်းပို့ဖို့ ဆင့်ခေါ်နေပြီး သတင်းလာမပို့ရင် အရေးယူမယ်ဆိုတာ တွေကြောင့် ပြည်သူတွေကြား စိုးရိမ်မှုမြင့်တက်နေပါတယ်။ ရန်ကုန်နဲ့ နေပြည်တော်က မြို့နယ်တွေမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်တဲ့ လူငယ်တွေကို စာရင်းကောက်တာ၊ သတင်းပို့ဖို့ ဆင့်ခေါ်တာတွေ အခုသီတင်းပတ်အတွင်းမှာ စစ်ကောင်စီက စတင်လုပ်ဆောင်လာပါတယ်။ မြို့နယ် ထွေအုပ်ရုံးမှာ မှတ်ပုံလာတင်ဖို့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေကနေတစ်ဆင့် ဆင့်ခေါ်စာတွေ ပို့နေတာပါ။ ဒီလို လုပ်ဆောင်လာတာကြောင့် လူငယ်တွေ စိုးရိမ်နေကြသလို လူငယ်တွေ ရှိတဲ့ မိသားစုတွေကြား စိုးရိမ်မှု […]