စစ်ကောင်စီ ကြည်း၊ ရေ၊ လေ ပစ်ခတ်မှုကြောင့် ဂျိုင်းမြစ်ဒေသက ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးရ
Dawei Watch
March 29, 2024မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် မွန်-ကရင်အစပ် ဂျိုင်းမြစ်ဒေသတွင် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေဖြင့် တိုက်ခိုက် နေခြင်းကြောင့် ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးနေရပြီး အတိဒုက္ခရောက်နေကြရကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ထုတ်ပြန်သည်။ ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံက တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မီးရှို့ခဲ့ခြင်းကြောင့် မတ်လ ၂၇ ရက် နေ့က ကျိုက်မရော မြို့နယ်၊ ဓမ္မသကျေးရွာတွင် လူနေအိမ် ၃၀၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း ဖော်ပြသည်။ ကော့ဘိန်းနယ်မြေရဲစခန်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ကော့ဘိန်းကျေးရွာနှင့် အနီးနားတဝိုက်ရှိ ကော့ပေါက်၊ ဓမ္မသ၊ တရနာကျေးရွာထဲကို စစ်ကောင်စီက လေယာဉ်ဖြင့် နေ့ရော၊ ညပါ ဆက်တိုက်ပစ်ခတ်နေသည့်အပြင် ရေတပ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်။ ထိုသို့ စစ်ကောင်စီမှ […]