တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
March 2, 2024မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ မတ် ၂ ရက်နေ့အထိ ရခိုင်မှာ စျေး၊ ဆေးရုံတွေတိုက်ခိုက်ခံရလို့ အရပ်သား အစုလိုက်သေဆုံးဒဏ်ရာရ ရခိုင်ပြည်နယ်မှာ စျေး၊ ဆေးရုံတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးဒဏ်ရာတွေ ရခဲ့ကြပါတယ်။ စစ်တွေမြို့မစျေးက ကိုရီးယားဆိပ်ကမ်းပျံကျစျေးမှာ ဖေဖော်ဝါရီလ ၂၉ရက်နေ့ နံနက်ပိုင်းက စျေးရောင်း၊ စျေးဝယ်သူတွေနဲ့ စည်ကားနေချိန်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ လူ ၁၂ ဦး သေဆုံးပြီး ၈၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီထဲက ၃၀ကျော်က ဒဏ်ရာပြင်းထန်ပြီး အလတ်စား၊ အသေးစား ဒဏ်ရာရတာ ၅၀ လောက် ရှိပါတယ်။ […]