မြဝတီ-မဲဆောက် အမှတ် ၁ တံတား ခြောက်ရက်ကြာသည်အထိ မြန်မာဘက်က ပြန်မဖွင့်သေး
Dawei Watch
April 26, 2024မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၁) တံတားကို တိုက်ပွဲပြင်းထန်နေချိန် မြန်မာဘက်က ယာယီပိတ်ထားခဲ့ရာ ခြောက်ရက်ကြာ ယနေ့ ဧပြီလ ၂၆ရက်အထိ ပြန်မဖွင့်သေးကြောင်း အမှတ် (၁) တံတား အနီးနေထိုင်သည့် ပြည်သူများထံမှ သိရသည်။ မြဝတီမြို့တွင် တိုက်ပွဲပြင်းထန်လာပြီးနောက် မဲဆောက်-မြဝတီ ချစ်ကြည်ရေး အမှတ် ၁ တံတားကို ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာဘက်က ယာယီပိတ်ထားခဲ့သည်။ ယနေ့ ဧပြီလ ၂၆ ရက် နံနက်ပိုင်းအထိ ထိုင်းဘက်က အထွက်သာ ရရှိနေပြီး မြန်မာဘက်က အထွက်ကို ပိတ်ထားဆဲ ဖြစ် ကြောင်း တံတားအနီးနေထိုင်သည့် ပြည်သူတစ်ဦးက ပြောသည်။ “ထိုင်းဘက်က အထွက်ရတယ် (ထိုင်းဘက်ကို) အဝင်မရသေးဘူး။ ဟိုတစ်ခါ ပိတ်လိုက်တည်းက ဒီမနက်အထိ […]