ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပြည်တွင်းသတင်း

စစ်အာဏာရှင်တပ်နဲ့ TNLA အပစ်ရပ်၊ မိုးကုတ်နှင့် မိုးမိတ်မှ TNLA ပြန်ဆုတ်မည်

Dawei Watch

October 29, 2025

တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် စစ်အာဏာရှင်တပ်နှင့် တအာင်းတပ် (TNLA) တို့ အပစ်အခတ်ရပ်စဲလိုက်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။ TNLA က ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အာဏာရှင်တပ်က ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် အဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် အောက်တိုဘာလ ၂၇ရက်နှင့် ၂၈ ရက်တို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဖော်ပြသည်။ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ကြားဝင်ညှိနှိုင်းမှုဖြင့် (၉) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ယနေ့ အောက်တိုဘာလ ၂၉ရက်မှစတင်၍ နှစ်ဖက်ရောက်ရှိနေသည့် နေရာတွင် တပ်များရပ်တန့်ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သဘောတူသတ်မှတ်ထားသည့် ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့မှ တအာင်းတပ်များ […]

စစ်အုပ်စု ရွေးကောက်ပွဲ တရားမျှတမှု ရှိမည်မဟုတ်ဟု ကုလအတွင်းရေးမှူးချုပ်ပြော

Dawei Watch

October 28, 2025

မြန်မာစစ်အုပ်စုက ပြုလုပ်မည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိမည် မဟုတ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ်က အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲ၌ မစ္စတာဂူတာရက်စ်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာစစ်အုပ်စုက ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းက “ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမယ်လို့ ဘယ်သူမှ ယုံမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်” ဟု ၎င်းက ပြောသည်။ စစ်တပ်၏ အာဏာသိမ်းယူမှုသည် မြန်မာနိုင်ငံအပေါ် ဘေးဒုက္ခများ စုပုံစေခဲ့သည့်အပြင် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကိုပါ ခြိမ်းခြောက်နေကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။ မြန်မာစစ်တပ်အနေဖြင့် ၂၀၂၁ ခုနှစ်ကတည်းက ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် ‘စက်ဆုပ်တုန်လှုပ်ဖွယ်’ အကြမ်းဖက်မှုများကို ရပ်စဲကာ […]

မြန်မာရှိ Starlink ၂၅၀၀ ကျော်ကို အီလွန်မတ်၏ SpaceX ကုမ္ပဏီက ဖြတ်တောက်

Dawei Watch

October 23, 2025

မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်စင်တာများတွင် အသုံးပြုနေသည်ဆိုပြီး Starlink ဂြိုဟ်တုအင်တာနက်ဆက်သွယ်ရေးကိရိယာ ၂၅၀၀ ကျော်ကို အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်လိုက်ကြောင်း အီလွန်မတ်၏ SpaceX ကုမ္ပဏီက အောက်တိုဘာလ ၂၂ ရက်တွင် ထုတ်ပြန်သည်။ ထိုင်း-မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်စင်တာများတွင် Starlink ဂြိုဟ်တုအင်တာနက်ဆက်သွယ်ရေးကိရိယာများ အသုံးပြုမှု အဆမတန် တိုးပွားလာနေကြောင်း AFP သတင်းထွက်ပေါ်လာပြီးနောက်တွင် SpaceX ကုမ္ပဏီက ယင်းသို့ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက အစပျိုးလိုက်သည့် ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးလျော့တိလျော့ရဲဖြစ်နေသည့် နယ်စပ်ဒေသတွင် အွန်လိုင်းငွေလိမ်စင်တာများ ကြီးထွားလာကြောင်း AFP သတင်းတွင် ဖော်ပြသည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် အဆိုပါ အွန်လိုင်းငွေလိမ်စင်တာမှုများကို နှိမ်နှင်းမှုစတင်ခဲ့ပြီးနောက်တွင် အဆိုပါ စင်တာများတွင် ခိုင်းစေခံရသည့် လုပ်သား ၇၀၀၀ ခန့်ကို ၎င်းတို့ […]

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရဟု သားဖြစ်သူဆို

Dawei Watch

September 5, 2025

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနေကြောင်း ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက သတိပေးပြောဆိုလိုက်ကာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကြားဝင်ကူညီဆောင်ရွက်ပေးရန် တောင်းဆိုလိုက်သည်။ မြန်မာစစ်အုပ်စုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အရေးပေါ်ဆေးဝါးကုသခွင့်ပေးရန်လည်း ၎င်းက တောင်းဆိုလိုက်သည်။ မိခင်ဖြစ်သူအပေါ် မြန်မာစစ်တပ် ဆက်ဆံနေပုံမှာ “ရက်စက်၍ အသက်အန္တရာယ် စိုးရိမ်ရကြောင်း” ၎င်းက ရှုတ်ချပြောဆိုခဲ့သည်။ အသက် ၈၀ အရွယ် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးကျန်းမာရေးပြဿနာမှာ ပိုမိုဆိုးရွားလာနေကြောင်း ကင်အဲရစ် (ခ) ကိုထိန်လင်းက လန်ဒန်အခြေစိုက် The Independent သတင်းဌာနကို ပြောကြားခဲ့သည်။ “ကျွန်တော့်အမေရဲ့ ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာနေတယ်လို့ ကြားသိရတာဟာ အင်မတန် စိတ်ထိခိုက်စရာ ကောင်းပါတယ်” ဟု ၎င်းက ဆိုသည်။ “သူမမှာ နဂိုကတည်းက နှလုံးကျန်းမာရေးပြဿနာအခံ ရှိနေတယ်။ အဲဒါက လက်ရှိ သူမ ထိန်းသိမ်းခံထားရတဲ့ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

August 30, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ် ၂၄ ရက်မှ ၃၀ ရက်အထိ စစ်အာဏာရှင်တပ်နဲ့ တအာင်းတပ် ကူမင်းဆွေးနွေးပွဲ ရလဒ်မထွက် စစ်အာဏာရှင်တပ်နဲ့ တအာင်းတပ်တို့ဟာ ဩဂုတ်လ ၂၇ ရက်မှာ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးကြပေမယ့် သဘောတူညီမှု မရခဲ့ဘူးလို့ သိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တအာင်းတပ် သိမ်းယူထားတဲ့မြို့နယ် ၁၂ ခုထဲက မန်တုံနဲ့ နမ့်ဆန် နှစ်မြို့နယ်ကိုပဲ တအာင်းတပ် အုပ်ချုပ်ခွင့်ရမှာဖြစ်ပြီး ကျန်မြို့နယ်တွေကို ပြန်ပေးရမယ်လို့ စစ်အာဏာရှင်တပ်က တောင်းဆိုတာကြောင့် သဘောတူညီမှု မရတာလို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြချက်တွေအရ သိရပါတယ်။ အခုတစ်ကြိမ်ဆွေးနွေးပွဲမှာ တအာင်းတပ်ဘက်က ကျောက်မဲနဲ့ သီပေါမြို့တွေကို စွန့်လွှတ်မယ်လို့ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

August 23, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ် ၁၇ ရက်မှ ၂၃ ရက်အထိ ကိုးကန့်၊ တအာင်း၊ SSPP ကို လက်နက်၊ ငွေကြေး မပံ့ပိုးတော့ဘူးလို့ ‘ဝ’ ပြော ကိုးကန့်တပ်၊ တအာင်းတပ်၊ ရှမ်းတပ် SSPP/SSA တို့ကို လက်နက်ခဲယမ်း၊ ငွေကြေးအပါအဝင် စစ်ရေးအရ မထောက်ပံ့တော့ဘူးလို့ ‘ဝ’ တပ်ဖွဲ့ UWSA က ပြောဆိုလိုက်ပါတယ်။ ‘ဝ’ ပြည် အစိုးရအဖွဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်၊ ပြင်ပဆက်ဆံရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးကျောက်ကော်အန်း ဦးဆောင်တဲ့အဖွဲ့က ကိုးကန့်တပ်၊ တအာင်းတပ်၊ SSPP ထိပ်ပိုင်းပုဂ္ဂိုလ်တချို့ကို ‘ဝ’ တပ်ဖွဲ့ဌာနချုပ်ရှိရာ ပန်ဆန်းမြို့ကို ဩဂုတ်လ ၂၀ရက်မှာ ခေါ်ယူပြီး အသိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။ အလွန်အရေးကြီးတဲ့အစည်းအဝေးလို့ […]

ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့မှစကာ အပိုင်းလိုက်ကျင်းပမည်ဟုထုတ်ပြန်

Dawei Watch

August 18, 2025

တစ်နိုင်ငံလုံး စစ်မီးတောက်နေချိန်တွင် နိုင်ငံတကာကိုလှည့်စားရန် ရည်ရွယ်လုပ်ဆောင်သော အငြင်းပွားဖွယ် ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး ယခုနှစ်ဒီဇင်ဘာလ ၂၈ ရက်နေ့မှစကာ ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ စစ်ကော်မရှင်အဖွဲ့၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ယနေ့(သြဂုတ် ၁၈) တွင် ကြေညာလိုက်ခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၂၈ ရက်တွင် ရွေးကောက်ပွဲကို အပိုင်း ၁ အဖြစ် ကျင်းပမည်ဖြစ်ပြီး နောက်ထပ် အပိုင်းလိုက် ကျင်းပမည့်ရက်များကိုလည်း ဆက်လက်ထုတ်ပြန်သွားမည်ဟု ရွေးကောက်ပွဲ ကော်မရှင် ကဆိုသည်။ စစ်ကော်မရှင်က တနင်္သာရီတိုင်း အတွင်းရှိမြို့နယ်အားလုံးတွင် ရွေးကောက်ပွဲကျင်းပရန် စီစဥ်ထားပြီး နေရာအနှံ့ကျင်းပနိုင်ခြင်းရှိမရှိကိုမူ မပြောနိုင်သေးကြောင်း တိုင်းရွေးကောက်ပွဲ ကော်မရှင်ထံမှသိရသည်။ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များမှာ ထားဝယ်ခရိုင်တွင် မဲဆန္ဒနယ် နှစ်ခု၊ မြိတ်ခရိုင်တွင် မဲဆန္ဒနယ် နှစ်ခု၊ ကော့သောင်းနှင့်ဘုတ်ပြင်းခရိုင်တွင် မဲဆန္ဒနယ်နှစ်ခု စုစုပေါင်း […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

August 16, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ် ၁၀ ရက်မှ ၁၆ ရက်အထိ လက်လွှတ်ဆုံးရှုံးထားတဲ့ မြို့နယ်တွေမှာပါ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကော်မရှင်ကြေညာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းယူ၊ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာပါ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မဲဆန္ဒနယ်တွေ သတ်မှတ်တာနဲ့ ရွေးကောက်ပွဲကျင်းပမယ့် စနစ်တွေကို ဩဂုတ်လ ၁၅ရက်မှာ ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ မြို့နယ်များစွာကို ထိန်းချုပ်ထားတဲ့ ကချင်၊ ရခိုင်၊ ရှမ်းမြောက်၊ ချင်း၊ ကရင်၊ ကရင်နီနဲ့ ​NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းယူထားတဲ့ မန္တလေးနဲ့ စစ်ကိုင်းစတဲ့ တိုင်းနဲ့ ပြည်နယ်တွေထဲက […]