တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
July 12, 2025မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင် ၆ ရက်မှ ၁၂ ရက်အထိ စစ်ရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်း ဗုံးကြဲခံရလို့ အစုလိုက်အပြုံလိုက်သေဆုံး စစ်ကိုင်းမြို့နယ်၊ လင်းတလူးရွာမှာ စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးငယ်သုံးဦးအပါအဝင် အရပ်သား ၂၂ဦးသေဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။ စစ်ဘေးရှောင် အယောက် ၂၀၀ လောက် ခိုလှုံနေတဲ့ မဟာသစ္စာဝါဒီကျောင်းကို ဇူလိုင်လ ၁၁ ရက် မနက်စောစော လူတွေ အိပ်ပျော်နေချိန်မှာ ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး သေဆုံးသူတွေအပြင် ဒဏ်ရာရသူလည်း ၅၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ဝါဆိုလပြည့်နေ့ဖြစ်တဲ့ ဇူလိုင်လ ၉ရက်ကလည်း ကရင်နီ မော်ချီးဒေသ၊ မကွေးတိုင်း […]


