တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
December 7, 2024မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၁ ရက်မှ ၇ ရက်အထိ အမ်းမြို့နဲ့ လေဆိပ်ကို AA သိမ်းယူ၊ တိုင်းစစ်ဌာနချုပ်တစ်ခုပဲကျန် ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ မြို့ပေါ်နဲ့ လေဆိပ်အပါအဝင် စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူထားနိုင်ပြီး နပခ လို့ အတိုကောက်ခေါ်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုပဲ သိမ်းယူဖို့ ကျန်တော့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။ ဗျူဟာဌာနချုပ်တွေ၊ တပ်ရင်းဌာနချုပ်တွေအပါအဝင် စခန်းနေရာ ၃၀ ကျော်ရှိတဲ့အထဲက သိမ်းယူဖို့ နောက်ဆုံးကျန်ရှိတဲ့ နပခကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အမ်းကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ အကြိမ်ကြိမ်ပို့ခဲ့တဲ့ စစ်ကူစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့သလို တပ်မ (၈၈) က အင်အား […]


