ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပြည်တွင်းသတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

March 8, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၂ ရက်မှ ၈ ရက်အထိ စစ်ခေါင်းဆောင် ရုရှားခရီးစဉ် ဘာတွေထူးခြားလဲ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံကို အခုမတ်လအတွင်း သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ ၁၀ ခု လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ အဏုမြူစွမ်းအင်ကိစ္စအပါအဝင် ပညာရေး၊ ကျန်းမာရေး၊ ပြင်ပအာကာသ စူးစမ်းလေ့လာရေး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စတာတွေအတွက် လက်မှတ်ရေးထိုးခဲ့တာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အသေးစားအဏုမြူဓာတ်အားပေးစက်ရုံဆောက်ဖို့ သဘောတူခဲ့တယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ပြောပါတယ်။ မြန်မာနိုင်ငံစီးပွားရေးအတွက် လိုအပ်မယ့် လျှပ်စစ်ကိုလုံလုံလောက်လောက်ပေးနိုင်မယ်လို့ဆိုပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့နှစ်မှာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ၄၀ ရာခိုင်နှုန်းတိုးမြင့်ခဲ့ပြီး သန်းနှစ်ထောင်လောက်ရှိခဲ့တယ်လို့ ပြောပါတယ်။ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

March 2, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်အထိ   ငွေကြေးခဝါချမှု အမည်ပျက်နိုင်ငံစာရင်းမှာ မြန်မာဆက်ရှိ နိုင်ငံတကာငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့ FATF ရဲ့ အမည်ပျက်စာရင်းမှာ မြန်မာနိုင်ငံဆက်လက် ရှိနေပြီး လာမယ့် ဇွန်လအထိ တိုးတက်မှု မရှိရင် အရေးယူမှုတွေ ထပ်မံချမှတ်မယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဖေဖော်ဝါရီလ တတိယပတ်က ကျင်းပခဲ့တဲ့ FATF အစည်းအဝေးမှာ အခုလိုဆုံးဖြတ်ခဲ့တာပါ။ စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌကတော့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆောင်ရွက်နေပြီး လူအများအပြားသေစေနိုင်တဲ့ လက်နက်တွေပြန့်ပွားအောင် ငွေကြေးထောက်ပံ့နေတာတွေကို နိုင်ငံတကာစံနှုန်းတွေအပြင် FATF ရဲ့ အကြံပြုချက်နဲ့ အညီ အကောင်အထည်ဖော်နေတဲ့လို့ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကို […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

February 22, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ဖေဖော်ဝါရီ ၂၂ ရက်အထိ   အရပ်သားလုံခြုံရေးဝန်ထမ်းတွေ သေနတ်ကိုင်ခွင့်ရမယ် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေကို လက်နက်ကိုင်ဆောင်ခွင့်ပြုမယ့် ပုဂ္ဂလိက လုံခြုံရေးဆိုင်ရာဝန်ဆောင်မှုဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုးပြီး ဖေဖော်ဝါရီလ ၁၈ရက်မှာ ပြဋ္ဌာန်းလိုက်ပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ပဲ သေနတ်ကိုင်ဆောင်ခွင့်ရှိတဲ့ မြန်မာနိုင်ငံမှာ ဒီဥပဒေကြောင့် အရပ်သားလုံခြုံရေးဝန်ထမ်းတွေပါ သေနတ်ကိုင်ဆောင်ခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေကိုလည်း ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတည်ထောင်ခွင့် ပြုထားပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေဟာ လုံခြုံရေးဝန်ထမ်းခန့်ရာမှာ မြန်မာနိုင်ငံသား ၇၅ ရာခိုင်နှုန်း အနည်းဆုံးခန့် ထားရမယ်လို့ ဖော်ပြပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံခြားသား ၂၅ ရာခိုင်နှုန်းအထိ ခန့်ထားခွင့်ပြုထားတာပါ။ ပုဂ္ဂလိကကုမ္ပဏီတွေ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ကိုတော့ […]

ဘုရားသုံးဆူမြို့က တရုတ်လုပ်ငန်းအားလုံးနီးပါး ရပ်တန့်

Dawei Watch

February 19, 2025

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ပေါ်က တရုတ်နိုင်ငံသားနှင့် ပတ်သက် ဆက်နွယ်သည့် လုပ်ငန်းအားလုံးနီးပါး ရပ်တန့်နေကြောင်း မြို့ခံများ၏ပြောပြချက်အရ သိရသည်။ ဘုရားသုံးဆူမြို့အတွင်း တရားမဝင် ဝင်ရောက်ကာ စားသောက်ကုန်ရောင်းချခြင်း၊ ကာစီနိုလောင်းကစားရုံလုပ်ငန်းများနှင့် ဂိမ်းရုံများ လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသား ထွက်ခွာပေးကြရန် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ အမှတ် ၂ နည်းဗျူဟာက ဖေဖော်ဝါရီလ ၇ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းနောက် တရုတ်နိုင်ငံသားများ မြို့မှ ထွက်သွားကြသလို ၎င်းတို့ လုပ်ကိုင်နေသည့်လုပ်ငန်းများလည်း ရပ်ဆိုင်းနေ ကြောင်း မြို့ခံများက ဆိုသည်။ “မြို့ပေါ်မှာတော့ လောင်းကစားဝိုင်းတွေ ဘာတွေ မရှိတော့ဘူး။ တရုတ်တွေကလည်း ပြောင်းရွှေ့သွားကြပြီး။ တရုတ်တွေ ဖွင့်ထားတဲ့ ဆိုင်တွေကလည်း အကုန်ပိတ်ထားကြတယ်။ အနည်းအကျဉ်း ကျန်နေတာတော့ ရှိမယ်” ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ […]

ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများအား လက်နက်ခဲယမ်းကိုင်ခွင့်ပြုမည်ဟု ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်း

Dawei Watch

February 19, 2025

ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများကို လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သည့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေတွင် ထည့်သွင်းထားသည်။ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီကို မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများအပြင် နိုင်ငံခြားကုမ္ပဏီများကိုလည်း ဖွင့်ခွင့်ပြုမည် ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖေဖော်ဝါရီလ ၁၈ ရက် ရက်စွဲဖြင့် လက်မှတ်ရေးထိုး ပြဋ္ဌာန်းသည့် အဆိုပါဥပဒေတွင် ပါရှိသည်။ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများသည် လက်နက်ခဲယမ်းကိုင်ဆောင်လိုလျှင် တင်ပြနိုင်ပြီး ယင်းသို့တင်ပြလာပါက ပြည်ထဲရေး ဝန်ကြီး ဦးဆောင်သည့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကွက်ကဲရေး ဗဟိုကော်မတီသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ တင်ပြသဘောထားရယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။ နိုင်ငံခြားကုမ္ပဏီများသည် ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်း ခန့်ထားရာတွင် မြန်မာနိုင်ငံသား အနည်းဆုံး ၇၅ ရာခိုင်နှုန်းခန့်ထား ရမည်ဖြစ်ကြောင်း ဥပဒေတွင် ထည့်သွင်းထားသည်။ ထို့ကြောင့် နိုင်ငံခြားသားလုံခြုံရေးဝန်ထမ်းကို ၂၅ ရာခိုင်နှုန်းအထိ ခေါ်ယူခန့်အပ်ခွင့်ရှိသည်။ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများသည် လက်နက်ခဲယမ်းနှင့် […]

ကစ်သလစ်ဘုန်းတော်ကြီးသတ်ဖြတ်ခံရမှု ကျူးလွန်သူများကိုအရေးယူပေးရန် ကစ်သလစ်ဆရာတော်များအဖွဲ့ချုပ် ထုတ်ပြန်

Dawei Watch

February 16, 2025

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကစ်သလစ်ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာရ်ဒေါနယ်မာတင် ရဲနိုင်ဝင်း သတ်ဖြတ်ခံရမှု တွင် ကျူးလွန်သူများကို ထိုက်သင့်သည့် အရေးယူမှုပြုလုပ်ပြီး တရားမျှတမှုကို ဖော်ဆောင်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (CBCM) က တောင်းဆိုသည်။ မန္တလေး ကစ်သလစ်ဂိုဏ်းချုပ်သာသနာက ဘုန်းတော်ကြီး ဖာသာရ်ဒေါနယ်မာတင် (Father Donald Martin) သည် ရွှေဘိုမြို့နယ်အရှေ့ဘက်ခြမ်း ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းတွင် သာသနာ့တာဝန် ထမ်းဆောင်နေစဉ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် လက်နက်ကိုင်လူတစ်စုက ကျောင်းဝင်းထဲသို့ ဝင်ရောက်ပြီး ဓားဖြင့် သတ်ဖြတ်သွားခြင်းဖြစ်သည်။ လက်နက်ကိုင်လူတစ်စုက ယင်းသို့သတ်ဖြတ်မှုအပေါ် လွန်စွာ အံ့ဩတုန်လှုပ်ပြီး ဝမ်းနည်းရကြောင်း CBCM ၏ ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘို လက်မှတ်ရေးထိုးပြီး ဖေဖော်ဝါရီလ ၁၅ ရက် ရက်စွဲဖြင့် ယနေ့ ထုတ်ပြန်သည်။ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

February 15, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၉ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်အထိ   စစ်ခေါင်းဆောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၂၅ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပါအဝင် စစ်တပ်အရာရှိ ၂၃ဦး၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ် ပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ရာမှာ ပါဝင်တယ်ဆိုပြီး အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့ တရားရုံးက ဖေဖော်ဝါရီလ ၁၃ ရက်မှာ ဝရမ်းထုတ်ခဲ့တာပါ။ အဲဒီအမှုကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စတာကင်တားနားရဲ့ ကိုယ်စားပြုမှုနဲ့ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK) က ၂၀၁၉ […]

သထုံခရိုင်တွင် စစ်ကောင်စီ လေကြောင်းဖြင့် တစ်ရက်တည်းလေးကြိမ်တိုက်ခိုက်၊ လူသုံးဦးသေဆုံး

Dawei Watch

February 14, 2025

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများနှင့် KNU ဗဟို၏ ထုတ်ပြန်ချက်တို့အရ သိရသည်။ သထုံခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖေဖော်ဝါရီလ ၁၃ ရက် တစ်ရက်တည်းတွင်ပင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၁၀ နာရီကျော်က ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာနှင့် အနီးနားဝန်းကျင်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သောကြောင့် အရပ်သား သုံးဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိမှန်ဒဏ်ရာရကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။ ပိန္နဲကုန်းကျေးရွာ ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးသွားကြောင်း ဆိုသည်။ နေ့လယ်နှင့် ညနေပိုင်းတို့တွင်လည်း ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် […]