မြေငလျင်ကြောင့် မြန်မာနိုင်ငံရှိ ဗလီ အလုံးခြောက်ဆယ်ခန့် ပြိုကျ
Dawei Watch
March 30, 2025စစ်ကိုင်းမြို့အနီး ဗဟိုပြု၍ မတ်လ ၂၈ ရက် နေ့လယ်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် အစ္စလာမ်ဘာသာရေး အဆောက်အအုံ ဗလီ အလုံး ခြောက်ဆယ်ခန့် ပြိုကျပျက်စီးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးထံ မှသိရသည် ။ မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ပဲခူးတိုင်း နှင့် ရှမ်းပြည်နယ်ရှိ ဗလီအဆောက်အအုံများ ပြိုကျပျက်စီးခဲ့ခြင်းဖြစ်သည် ။ ” အင်တာနက် လူမှုကွန်ရက်က ရတဲ့ စာရင်းအရ ပျက်စီးသွားတာ ၅၉ လုံး ရှိပါပြီ ။ အခုလောလောဆယ် အဖွဲ့က မြေပြင်ကွင်းဆင်းသွားနေပါတယ်။ အဲဒီအဖွဲ့ကပြန်လာရင် ပျက်စီးသွားတဲ့ အရေအတွက် အတိအကျသိရမယ် “ ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး၏ တာဝန်ရှိသူတစ်ဦးကပြောသည် ။ မြေငလျင်လှုပ်ခတ်သည့်အချိန်သည် သောကြာနေ့ ဝတ်ပြုချိန် […]


