ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပြည်တွင်းသတင်း

မြန်မာ ငလျင်ဘေးသင့်ဒေသများကို အတားအဆီးမရှိ သွားကူညီခွင့်ပေးရန် ကုလတောင်းဆို

Dawei Watch

March 31, 2025

မြန်မာနိုင်ငံတွင် ငလျင်ဘေးသင့်ခဲ့သည့် ဒေသများကို အတားအဆီးမရှိ သွားရောက်ကူညီခွင့်ပေးရန် ကုလသမဂ္ဂက တောင်းဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရုံးက ယနေ့ မတ်လ ၃၁ရက်တွင် ထုတ်ပြန်သည်။ လူသားချင်းစာနာထောက်ထားရေးယာဉ်တန်းများ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် အကဲဖြတ်ရေးဆိုင်ရာအဖွဲ့များအား ထိန်းချုပ်မှုမရှိ၊ အတားအဆီးမရှိ သွားရောက်ကူညီခွင့်ပြုရန် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စတာ မာကိုလူဂျီ ကော်စီက ပြောသည်။ ငလျင်ကြောင့် မြန်မာနုင်ငံတွင် လူမှုအသိုက်အဝန်းတစ်ခုလုံး ပျက်စီးဆုံးရှုံးခဲ့သကဲ့သို့ အရေးပါသည့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ပြီး လူပေါင်းများစွာ အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ၎င်းက ဆိုသည်။ ကုလသမဂ္ဂအဖွဲ့များနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာ့ငလျင် အသက်ကယ် တုံ့ပြန်ဆောင်ရွက်ရန် ကနဦးငွေ ဒေါ်လာ ၁၅ သန်းကို စုပေါင်းထည့်ဝင်ထားခဲ့ပြီး အရေးပေါ်သုံးပစ္စည်းများကို စုစည်းထားကြောင်း မစ္စတာ မာကိုလူဂျီ ကော်စီက ပြောဆိုသည်။ အဆိုပါငွေကို […]

ငလျင်ကြောင့် သေဆုံးသူ ၂၄၀၀ ကျော်အထိရှိလာ

Dawei Watch

March 31, 2025

ငလျင်ဘေးကြောင့် မြန်မာနိုင်ငံတွင် ယနေ့ မတ်လ ၃၁ရက် ညနေပိုင်းအထိ သေဆုံးသူ ၂၄၁၈ ဦးရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်သည်။ ငလျင်ကြောင့် မြို့နယ် ၂၇ ခုတွင် သေဆုံးသူများရှိကြောင်း ဆိုသည်။ မန္တလေးတိုင်း အမရပူရမြို့နယ်တွင် သေဆုံးမှုအများဆုံးဖြစ်ပြီး သေဆုံးသူ ၇၀၀ခန့်အထိ ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်ကိုင်းမြို့တွင် ငါးရာကျော်၊ နေပြည်တော်တွင် သုံးရာကျော်၊ ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ ကျောက်ဆည်တို့တွင် သေဆုံးသူ တစ်ရာကျော်စီရှိကြောင်းလည်း ဖော်ပြသည်။ နိုင်ငံတကာ လာရောက်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှာ နေပြည်တော်၊ မန္တလေးမြို့ပေါ် နေရာအချို့တွင်သာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းကြောင့် ရှာဖွေကယ်ဆယ်ရေး ထိရောက်စွာ မဆောင်ရွက်နိုင်သေးသည့် အခြားမြို့နယ်များစွာ ကျန်ရှိသေးကြောင်းလည်း ဖော်ပြသည်။ စစ်ကောင်စီက ယနေ့ ညပိုင်းထုတ်ပြန်ချက်တွင်မှု ငလျင်ကြောင့် သေဆုံးသူ ၂၀၅၆ဦး၊ […]

ငလျင်ဘေးကြောင့် ပျက်စီးသွားသည့် ဖြစ်စဉ်များ

Dawei Watch

March 31, 2025

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာစံတော် ချိန် ၁၂ နာရီ ၅၁ မိနစ်တွင် ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့သည်။ နှစ်ပေါင်း ၁၈၆ နှစ်အတွင်း အဆိုးရွားဆုံး ငလျင်လှုပ်ခတ်မှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ အလွန်ပြင်းထန်သည့် ယင်းငလျင်ကြောင့် မန္တလေး၊စစ်ကိုင်း နေပြည်တော်နှင့် ရှမ်းပြည်တောင်ပိုင်း အင်းလေဒေသတို့တွင် နေအိမ်အဆောက်အအုံများစွာ ပျက်စီးကာ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ မတ်လ ၃၁ ရက်နေ့အထိ အသက်ဆုံးရှုံးရသူ ၁၇၀၀ ကျော်ရှိပြီဟု စစ်ကောင်စီက ထုတ်ပြန်ထားသော်လည်း DVB သတင်းဌာနက ကောက်ယူထားသည့် မတ်လ ၃၁ ရက်နေ့စာရင်းအရ သေဆုံးသူ ၃၀၀၀ ကျော်လာပြီဖြစ်သည်။ လူသေဆုံးမှုများပြားသလို အဆောက်အအုံပြိုကျပျက်စီးမှုများလည်း အလွန်များပြားခဲ့သည့် ယင်းငလျင်လှုပ်ခတ်မှုကို […]

အိန္ဒိယစစ်တပ်က ယာယီမြေပြင်ဆေးရုံ တည်ဆောက်ကာ မြန်မာ့ငလျင်ဘေး ကူညီရန်ရောက်ရှိ

Dawei Watch

March 31, 2025

ငလျင်ဘေးဒဏ်ခံစားရသူများအတွက် မြန်မာနိုင်ငံတွင် အိန္ဒိယစစ်တပ်၏ ယာယီမြေပြင်ဆေးရုံတစ်ခု တည်ထောင်ကာ အကူအညီပေးသွားရန် ထွက်ခွာလာပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာနက စနေနေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။ အဆိုပါ ဆေးရုံအဖွဲ့သား ၁၁၈ ဦးနှင့်အတူ ငလျင်ဘေးအကူအညီပေးရေးပစ္စည်း အလေးချိန် တန် ၆၀ ကို မြန်မာနိုင်ငံသို့ သယ်ဆောင်လာကြောင်း၊ ကုတင် ၆၀ ဆံ့ ယာယီမြေပြင်ဆေးရုံတစ်ခု တည်ထောင်ကာ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူများကို ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်လာသည့် စိတ်ဒဏ်ရာ ကုသပေးမှုအပြင် အရေးပေါ်ခွဲစိတ်ကုသမှုများကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ အမျိုးသမီးနှင့် ကလေးသူငယ်များအတွက် ကျန်းမာရေးဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ စောင်များ ၊ တာပေါ်လင် ၊ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများ ၊ Sleeping bag များ ၊ ဆိုလာမီးအိမ်များ ၊ […]

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် ၇ ရက်သတ်မှတ်ဟု စစ်ကောင်စီကြေညာ

Dawei Watch

March 31, 2025

ပြင်းထန်ငလျင်ဘေးကြောင့် လူသေဆုံးမှုမြင့်မားနေသည့် မြန်မာနိုင်ငံတွင် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် နေ့ရက်အဖြစ် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိကို သတ်မှတ်လိုက်ပြီး အလံတစ်ဝက်လွှင့်ထူမည်ဟု စစ်ကောင်စီက ကြေညာလိုက်သည်။ “ညွှန်ကြားထားပါတယ်။ ဒီနေ့ကစပြီး တစ်ပတ်တိတိ နိုင်ငံတော်အလံကို တစ်ဝက်လွှင့်ထူရမှာပါ။ ညီမတို့ ရုံးမှာလည်း ဒီနေ့ နိုင်ငံတော်အလံကို တစ်ဝက်ပဲ လွှင့်ထူထားပါတယ်”ဟု ထားဝယ်မြို့ မှ အစိုးရ ရုံးဝန်ထမ်း တစ်ဦးကပြောသည်။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာစံတော် ချိန် ၁၂ နာရီ ၅၁ မိနစ်တွင် ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မတ်လ ၃၁ ရက်နေ့အထိ အသက်ဆုံးရှုံးရသူ ၁၇၀၀ […]

စီစဉ်ထားပြီးဖြစ်သည့်သင်္ကြန်ပွဲတော် မကျင်းပတော့ဟု ရန်ကုန်ရှိ ထိုင်းသံရုံး ကြေညာ

Dawei Watch

March 31, 2025

လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော ၂၀၂၅ ခုနှစ် ဆုန်ကရန်-သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းလိုက်ကြောင်း ရန်ကုန်ရှိ ထိုင်းသံရုံးက ယနေ့တွင် ကြေညာသည်။ မြန်မာနိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးရသူများနှင့် ပျက်စီးဆုံးရှုံးမှုများခဲ့သဖြင့် မိသားစုများနှင့်အတူ စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြသည်။ ထို့ကြောင့် ထိုင်းသံရုံးထဲ ကျင်းပမည့် သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ဖော်ပြသည်။ ထိုင်းသံရုံးအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများအပါအဝင် ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ကူညီထောက်ပံ့နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ကလည်း မြန်မာပြည်တွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် စိတ်မကောင်းဖြစ်ကြောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သံရုံးဘက်က ထုတ်ပြန်သည်။ လက်ရှိတွင် ထိုင်းတပ်မတော်က မြန်မာပြည်တွင်းရှိ ငလျင်ဒဏ်သင့် နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး […]

ဂရိတ်ဝေါ(လ်)ဟိုတယ်တွင် ပိတ်မိသူများကို တရုတ်နှင့် ရုရှားအဖွဲ့တို့ ရှာဖွေနေပြီး ကိုယ်ဝန်ဆောင်တစ်ဦးကို ကယ်ထုတ်

Dawei Watch

March 31, 2025

မန္တလေးမြို့ ဂရိတ်ဝေါ(လ်) ဟိုတယ်အဆောက်အအုံတွင် ပိတ်မိနေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ယနေ့ မတ်လ ၃၁ ရက်တွင် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ရုပ်အလောင်း လေးလောင်းလည်း တွေ့ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး သုံးဦး၏ ရုပ်အလောင်းများကိုတွေ့ရှိပြီး ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါ ဟိုတယ်တွင် တရုတ်နှင့် ရုရှားနိုင်ငံတို့က ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းရှာဖွေနေခြင်း ဖြစ်သည်။ မန္တလေး Sky Villa ကွန်ဒိုတွင်လည်း အမျိုးသမီးနှစ်ဦးကို ယနေ့ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းလည်း တွေ့ရှိကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါကွန်ဒိုတို့တွင် တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းရှာဖွေနေခြင်းဖြစ်သည်။ Eleven Media Group ၏ သတင်းတစ်ရပ်တွင်မူ Sky Villa ကွန်ဒိုတွင် […]

မလေးရှား ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်းသို့ရောက်

Dawei Watch

March 31, 2025

အင်အားအလွန်ပြင်းထန်သည့် ငလျင်၏ ဗဟိုချက်ဖြစ်ခဲ့ပြီး ပျက်စီးထိခိုက်မှု အလွန်များပြားသည့် စစ်ကိုင်းမြို့တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ရန် မလေးရှားနိုင်ငံကအဖွဲ့ ရောက်ရှိနေကြောင်း အဆိုပါအဖွဲ့က ယနေ့ မတ်လ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။ မလေးရှားနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့နှစ်ဖွဲ့စေလွှတ်ထားသည့်အနက် ပထဆုံးရောက်ရှိလာသည့် MAS-01 အဖွဲ့ စစ်ကိုင်းမြို့သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာငလျင်ဘေးကို ကူညီကယ်ဆယ်ရန် မလေးရှားနိုင်ငံက အဖွဲ့ ၁၀ဦးပါဝင်သည့် အဖွဲ့နှင့် အဖွဲ့ဝင် ၄၀ ဦးပါဝင်သည့် အဖွဲ့နှစ်ဖွဲ့ကို စေလွှတ်ထားခြင်းဖြစ်သည်။ စစ်ကိုင်းမြို့တွင် ပျောက်ဆုံးနေသူများစွာရှိနေသေးပြီး ရှာဖွေကယ်ဆယ်ရေး မလုပ်နိုင်သေးသည့် နေရာများစွာရှိနေသေးကြောင်း စစ်ကိုင်းမြို့တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသည့် မုံရွာအခြေစိုက် လူမှုကူညီရေး အင်အားစုမှ တာဝန်ရှိသူတစ်ဦးက မတ်လ ၃၀ရက် ညနေပိုင်းတွင် Dawei Watch သို့ ပြောဆိုထားသည်။ စစ်ကိုင်းမြို့တွင် ငလျင်ကြောင့် ပြိုကျပျက်စီးသည့် […]