ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပြည်တွင်းသတင်း

ကိုရီးယားနှင့်ထိုင်း အနုပညာရှင် ၃ ဦးက ငလျင်ဘေးအတွက် ဝမ်သန်း ၁၈၀ လှူဒါန်း

Dawei Watch

April 2, 2025

ကိုရီးယားမင်းသမီး Kim Go-eun၊ မင်းသား Im Si-wan နှင့် ထိုင်းတေးသံရှင် Minnie တို့သည် ငလျင်ဒဏ်သင့်မြန်မာပြည်သူများကိုကူညီရန်အတွက် ကိုရီးယားဝမ် သန်း ၁၈၀ ပါဝင်လှူဒါန်းလိုက်သည်ဟု Maeil Business Newspaper က ဖော်ပြထားသည်။ မြန်မာပရိသတ်များ လွန်စွာသဘောကျနှစ်ခြိုက်သည့် Guardian: The Lonely and Great God နှင့် Exhuma ကိုရီးယားဇာတ်လမ်းတို့တွင် ပါဝင်သရုပ်ဆောင်ထားသော မင်းသမီး Kim Go-eun က ဝမ်သန်း ၅၀၊ မင်းသား Im Si-wan က ဝမ်သန်း ၃၀ နှင့် အဆိုတော် Minnie က ဝမ်သန်း ၁၀၀ လှူဒါန်းကူညီခြင်းဖြစ်သည်။ “မြန်မာပြည်က ငလျင်ဒဏ်သင့်ပြည်သူတွေအကြောင်းကိုကြားလိုက်ရချိန်မှာ ကျွန်မ တကယ်ပဲ […]

ဩစတြေးလျက မြန်မာကို ဒေါ်လာ ၇ သန်း ထပ်မံကူညီ၊ စစ်ကောင်စီ လုပ်ရပ်ကိုရှုတ်ချ

Dawei Watch

April 2, 2025

ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ အမေရိကန်ဒေါ်လာ ၇ သန်း ထပ်မံပေးအပ်သွားမည် ဖြစ်ကြောင်း ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (ဧပြီ ၂)တွင် ထုတ်ပြန်လိုက်သည်။ ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် ဩစတြေးလျအစိုးရက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) မှတစ်ဆင့် ကနဦးအကူအညီ အမေရိကန်ဒေါ်လာ ၂ သန်း ကူညီပေးထားပြီး ဖြစ်သည်။ ယခုထပ်မံပေးသွားမည့် အကူအညီတွင် အစားအစာ၊ ရေ၊ အရေးပေါ်ကျန်းမာရေးနှင့် ပညာရေးအတွက် အကူအညီများ ပါဝင်ကြောင်း သိရသည်။ အဆိုပါ ထပ်ဆောင်းအကူအညီအတွက် သြစတြေးလျအခြေစိုက် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် ဒေသတွင်း မိတ်ဘက်အဖွဲ့အစည်းများမှတစ်ဆင့် ဒေါ်လာ ၃ သန်းခွဲ ပေးအပ်သွားမည် ဖြစ်သည်။ အရေးပေါ်ကူညီကယ်ဆယ်ရေး မိတ်ဘက်အဖွဲ့အစည်းများအတွက် ဒေါ်လာ ၅ သိန်း ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း […]

မြန်မာ့ငလျင်ဘေး ကူညီရန်လာသည့် တရုတ်ကြက်ခြေနီယာဉ်တန်း ပစ်ခတ်ခံရမှု စစ်ကောင်စီဝန်ခံ

Dawei Watch

April 2, 2025

မြန်မာနိုင်ငံတွင် ငလျင်ဘေးဒဏ်ခံရသူများကို ကူညီရန်ရောက်လာသည့် တရုတ်နိုင်ငံ ကြက်ခြေနီယာဉ်တန်းကို ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တွင် ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီက ဝန်ခံသည်။ နောင်ချိုမြို့ဘက်မှလာသည့် ယာဉ်ကိုးစီးပါဝင်သော အဆိုပါယာဉ်တန်းကို နောင်ချိုမြို့နယ် အုမ္မတီးရွာအနီးတွင် ဧပြီလ ၁ရက် ည ၉နာရီခွဲဝန်းကျင်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ “အုမ္မတီးရွာနားမှာ ကျွန်တော်တို့ တပ်မတော် လုံခြုံရေးအဖွဲ့ရှိပါတယ်။ တပ်မတော် လုံခြုံရေးအဖွဲ့အနေနဲ့ ဒီယာဥ်တန်းကို တွေ့တဲ့အခါမှာ တားဆီးပါတယ်။ တားဆီးလို့မရပါဘူး။ မီတာ ၂၀၀ လောက်အကွာ ကတည်းက မီးထိုးပြီး တားဆီးတယ်။ တားဆီးလို့မရပါဘူး။ မီတာ ၁၀၀ လောက်အကွာမှာတော့ မိုးပေါ်ထောင်ပြီး သေနတ် ၃ ချက် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါနဲ့ နောင်ချိုဘက်ကို ပြန်သွားတာလို့ အကြမ်းအဖျင်းသိရပါတယ်’’ ဟု […]

အေးချမ်းသာဟိုတယ် ပိတ်မိနေသည့် အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ထပ်မံကယ်တင်

Dawei Watch

April 2, 2025

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဟိုတယ်အေးချမ်းသာ အဆောက်အအုံတွင် ပိတ်မိနေသည့် အမျိုးသားတစ်ဦး အသက်ရှင်လျက် ထပ်မံကယ်တင်နိုင်သဖြင့် ပိတ်မိနေသူ နှစ်ဦးစလုံးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ အဆိုပါနေရာတွင် တူရကီနိုင်ငံက GEA Search and rescue ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းရှာဖွေနေခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ငလျင်ကြောင့် ပြိုကျခဲ့သည့် ဟိုတယ်အဆောက်အအုံထဲတွင် ပိတ်မိနေသူ အမျိုးသားနှစ်ဦးကို ရှာဖွေကယ်ထုတ်ရာ ယနေ့ ဧပြီလ ၂ရက် နံနက်ပိုင်းတွင် အမျိုးသားတစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး မွန်းလွဲ ၂နာရီခန့်တွင် နောက်တစ်ဦးကို ထပ်မံကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ မန္တလေး Sky Villa ကွန်ဒို၊ TULIP တည်းခိုခန်း၊ ပျော်ဘွယ်မြို့ရှိ KBZ ဘဏ်အဆောက်အအုံ၊ အောင်ပန်းမြို့က ဟိုတယ်အောင်ပန်းတို့တွင် ယနေ့ […]

စစ်ကိုင်းတွင် အမျိုးသားတစ်ဦးကို အသက်ရှင်လျက်ကယ်ထုတ်၊ ရှာဖွေရာတွင် မလေးရှားအဖွဲ့ပါဝင်

Dawei Watch

April 2, 2025

စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ စွယ်တော်နန်းတော်တည်းခိုခန်း ငလျင်ကြောင့် ပြိုကျပျက်စီးမှုတွင် ပိတ်မိနေသည့် အမျိုးသားတစ်ဦးကို ယနေ့ ဧပြီလ ၂ရက် မွန်းလွဲပိုင်းတွင် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းတွင် မလေးရှားနိုင်ငံက ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့ ပါဝင်သည်ကိုတွေ့ရသည်။ ငလျင် ဗဟိုချက်ဖြစ်ပြီး ထိခိုက်ပျက်စီးသေကြေမှု အလွန်များခဲ့သည့် စစ်ကိုင်းမြို့တွင် မလေးရှားနှင့် တရုတ်နိုင်ငံတို့က ရှာဖွေကယ်ဆယ်ရေးအဖွဲ့များပါ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်။ ငလျင် ၆ ရက်မြောက်နေ့ဖြစ်သည့် ယနေ့ ဧပြီလ ၂ရက်တွင် နေပြည်တော်ရှိ အောင်ချမ်းသာဟိုတယ်တွင်လည်း ပိတ်မိနေသည့် အမျိုးသားနှစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်။

မစိုးရိမ်တိုက်သစ်တွင် ရဟန်းအလောင်း ၇ လောင်းထပ်မံ သယ်ထုတ်နိုင်ခဲ့

Dawei Watch

April 2, 2025

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော မန္တလေးတိုင်း မစိုးရိမ်တိုက်သစ်တွင် ယနေ့(ဧပြီ ၂) မွန်းတည့် ၁၂ နာရီခွဲအထိ ရဟန်းအလောင်း ၇ လောင်းကို ထပ်မံသယ်ထုတ်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။ ရုပ်အလောင်းများမှာ ပြိုကျသည့်အလွှာများ အထပ်ထပ်ဖိထားသဖြင့် အလွာတစ်လွှာခြင်းဖောက်၍ ခက်ခက်ခဲခဲ သယ်ထုတ်ယူခဲ့ကြရကြောင်း ကယ်ဆယ်ရေးတွင်ပါဝင်ဆောင်ရွက်နေသူ တစ်ဦးကပြောသည်။ “ဒီမနက် ရဟန်း Dead Body ခုနှစ်ခု ထုတ်ယူနိုင်တယ်။ ပျက်စီးတဲ့ရုပ်အလောင်းလည်း ပျက်စီးနေပြီ ခုတော့ငလျင်သတိပေးချက် တစ်ခုကြောင့် ကျွန်တော်တို့နားနေပါတယ်”ဟု ၎င်းကပြောသည်။ ငလျင်ဒဏ်ကြောင့် မစိုးရိမ်တိုက်သစ်တွင် ရဟန်း ၂၁ ပါးပျံလွန်တော်မူပြီး ၄၅ ပါး ဒဏ်ရာရရှိခဲ့ကြောင်း မစိုးရိမ်တိုက်သစ် ထုတ်ပြန်ချက်အရသိရသည်။ ဧပြီလ ၁ ရက်နေ့ကစပြီး ယနေ့ မွန်းလွဲချိန်ထိ ရဟန်းအလောင်း ၁၂ လောင်း နှင့် ကိုရင်အလောင်း […]

မန္တလေးမစိုးရိမ်တိုက်ပြိုကျမှုတွင် ရဟန်း ၃ ပါးနှင့် ကိုရင် ၁ ပါး၏ အလောင်းထပ်တွေ့

Dawei Watch

April 2, 2025

ငလျင်ကြောင်ပြိုကျသွားသည့် မန္တလေးမစိုးရိမ်တိုက်သစ်တွင် ယမန်နေ့ ညနေပိုင်း၌ ရဟန်းသုံးပါး နှင့် ကိုရင် တစ်ပါး၏ရုပ်အလောင်းထပ်မံ တွေ့ရှိခဲ့သည်ဟု ကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။ အဆိုပါ ရုပ်အလောင်းများမှာ အပျက်အစီးများ အောက်တွင်ပိတ်မိနေပြီး ကယ်ဆယ်ရေးအဖွဲ့များက ခက်ခက်ခဲခဲ ထုတ်ယူခဲ့ရကြောင်း ကယ်ဆယ်ရေးတွင်ပါဝင်သူတစ်ဦးကပြောသည်။ “အနံ တွေ ဆိုးဆိုးဝါးဝါးရနေတဲ့ ကြားထဲက ခက်ခက်ခဲခဲ ထုတ်ရကြရတယ်။ တစ်ချို့ ရုပ်အလောင်းတွေဆို စာဖြေရင်းနဲ့ဆိုတော့ ဘောပင်ကိုတောင် ကျစ်ကျစ်ပါအောင် ဆုတ်ထားသေး တာကိုတွေ့ရတယ်”ဟု ၎င်းကပြောသည်။ မစိုးရိမ်တိုက်သစ်တွင် ယမန်နေ့နံနက်ပိုင်းကစပြီး ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရာတွင် ညနေပိုင်းထိ တစ်ရက်အတွင်း ရဟန်းရုပ်အလောင်း ၅ လောင်း နှင့် ကိုရင် ရုပ်အလောင်း ၁ လောင်း တို့ကို ရှာ ဖွေတွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်များကပြောသည်။ ကယ်ဆယ်ရေးဆောင်ရွက် နေစဉ် ဧပြီလ […]

ငလျင် ၆ရက်မြောက်တွင် အမျိုးသားတစ်ဦးကို အသက်ရှင်လျက်ကယ်ထုတ်၊ ရှာဖွေရာတွင် တူရကီအဖွဲ့ပါဝင်

Dawei Watch

April 2, 2025

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဟိုတယ်အေးချမ်းသာ အဆောက်အအုံတွင် ပိတ်မိနေသည့် အမျိုးသားတစ်ဦးကို ယနေ့ ဧပြီလ ၂ရက်တွင် အသက်ရှင်လျက်ကယ်တင် နိုင်ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။ ခြောက်ထပ်ရှိသည့် ဟိုတယ်အဆောက်အအုံတွင် အောက်ဆုံးနှစ်ထပ် ပြိုကျကာ လူနှစ်ဦးပိတ်မိနေခြင်းဖြစ်ကြောင်း ဆိုသည်။ ယင်းသို့ပိတ်မိနေသူများကို တူရကီနိုင်ငံမှ GEA Search and rescue အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေရာ အမျိုးသားတစ်ဦးကို ကယ်ဆယ်နိုင်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ကျန်တစ်ဦးကို ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း ဆိုသည်။ မန္တလေး Sky Villa အဆောက်အအုံတွင် ဧပြီလ ၁ရက် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် ရုပ်အလောင်း ၁၅ လောင်း ထပ်မံတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။