ငလျင်ဖြစ်နေချိန် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ပြည်သူ ၇၀ နီးပါးသေဆုံးဟု NUG ထုတ်ပြန်
Dawei Watch
April 5, 2025မြန်မာနိုင်ငံတွင် ပြင်းထန်လှသည့် ငလျင်ဘေးသင့်နေချိန် စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲမှုနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၆၈ ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။ မတ်လ ၂၈ ရက်က လှုပ်ခတ်သည့်ငလျင်အပြီး တစ်ပတ်အတွင်း(မတ်လ ၄ ရက်အထိစာရင်းအရ) စစ်ကောင်စီတပ်သည် လေကြောင်းမှဗုံးကြဲမှုနှင့် လက်နက်ကြီးပစ်ခတ်မှု ၆၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယင်းတိုက်ခိုက်မှုများကြောင့် ကလေးတစ်ဦး၊ အမျိုးသမီး ၁၅ ဦးအပါအဝင် အရပ်သားပြည်သူ ၆၈ ဦး သေဆုံးခဲ့ရကြောင်း NUG လူ့ခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ယင်းအပြင် ထိခိုက်ဒဏ်ရာရသူမှာ ၆၆ ဦးရှိသည်ဟုဆိုသည်။ စစ်ကောင်စီက ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် ဧပြီလ ၂ ရက်နေ့စပြီး ရက် ၂၀ တိတိ ယာယီအပစ်အခတ်ရပ်စဲထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ […]


