ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပြည်တွင်းသတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

April 5, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၃၀ ရက်မှ ဧပြီလ ၅ ရက်အထိ ငလျင်ကြောင့် သေဆုံးသူ ၃၃၀၀ကျော်လာ၊ လူ ၁၇သန်းကျော် ငလျင်ဒဏ်သင့်    ရစ်(ခ်)တာစကေး ၇ဒသမ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ၃၃၅၀ကျော် ရှိလာပြီး ဒဏ်ရာရရှိသူ ၄၅၀၀ ကျော်ရှိလာတယ်လို့ စစ်ကောင်စီက ဧပြီလ ၄ရက် ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။ ပျောက်ဆုံးနေသူကတော့ ၂၂၀ ရှိနေပါတယ်။ သေဆုံးမှု အများဆုံးကတော့ မန္တလေးမှာဖြစ်ပြီး နှစ်ထောင်ကျော်ရှိပါတယ်။ ဒုတိယအများဆုံး နေပြည်တော်မှာ သေဆုံးသူခြောက်ရာကျော်၊ စစ်ကိုင်းမှာ ငါးရာကျော်၊ ရှမ်းမှာ ၆၀ကျော်၊ ပဲခူးမှာ ၄၀ ကျော် […]

မြို့နယ် ၆၀နီးပါးတွင် မြန်မာပြည်သူ ၁၇ သန်းကျော် ငလျင်ဘေးသင့်

Dawei Watch

April 5, 2025

မြန်မာနိုင်ငံရှိ မြို့နယ် ၅၇ ခုတွင် ငလျင်ဘေးဒဏ်သင့်သူ ၁၇ သန်းကျော်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဧပြီလ ၃ရက်တွင် ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ရစ်(ခ်)တာစကေး ၇ဒသမ၇ အဆင့်ရှိ ငလျင်ကြောင့် လူသုံးထောင်ကျော် သေဆုံးပြီး ငါးထောင်နီးပါးဒဏ်ရာရကာ ၃၇၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြသည်။ ပြိုကျနေသည့် အဆောက်အအုံများတွင် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ထုတ်နေကြဆဲဖြစ်ပြီး သေဆုံးသူ အရေအတွက်မှာလည်း ဆက်လက် မြင့်တက်နေဆဲဖြစ်ကြောင်း UNOCHA က ဆိုသည်။ ငလျင်ဘေးကြောင့် ၁၇သန်းကျော် ထိခိုက်သည့်အနက် ၉ သန်းကျော်မှာ ငလျင်လှုပ်ခတ်မှုဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရကြောင်း ဆိုသည်။ ငလျင်အပြင်းထန်ဆုံးဖြစ်ခဲ့သည့်ဒေသများတွင် လျှပ်စစ်မီးနှင့် ရေ မရရှိဘဲ […]

ငလျင်ဖြစ်နေချိန် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ပြည်သူ ၇၀ နီးပါးသေဆုံးဟု NUG ထုတ်ပြန်

Dawei Watch

April 5, 2025

မြန်မာ​နိုင်ငံ​တွင် ပြင်းထန်လှသည့် ငလျင်ဘေးသင့်နေချိန် စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲမှုနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၆၈ ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။ မတ်လ ၂၈ ရက်က လှုပ်ခတ်သည့်ငလျင်အပြီး တစ်ပတ်အတွင်း(မတ်လ ၄ ရက်အထိစာရင်းအရ) စစ်ကောင်စီတပ်သည် လေကြောင်းမှဗုံးကြဲမှုနှင့် လက်နက်ကြီးပစ်ခတ်မှု ၆၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယင်းတိုက်ခိုက်မှုများကြောင့် ကလေးတစ်ဦး၊ အမျိုးသမီး ၁၅ ဦးအပါအဝင် အရပ်သားပြည်သူ ၆၈ ဦး သေဆုံးခဲ့ရကြောင်း NUG လူ့ခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ယင်းအပြင် ထိခိုက်ဒဏ်ရာရသူမှာ ၆၆ ဦးရှိသည်ဟုဆိုသည်။ စစ်ကောင်စီက ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် ဧပြီလ ၂ ရက်နေ့စပြီး ရက် ၂၀ တိတိ ယာယီအပစ်အခတ်ရပ်စဲထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ […]

မြန်မာငလျင်ဘေး ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းတန်ချိန် ၁၀၀ နီးပါး WHO ပံ့ပိုး

Dawei Watch

April 4, 2025

ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် ဆေးဝါး၊ ဆေးဘက်ဆိုင်ရာကိရိယာနှင့် ရွက်ဖျင်တဲအပါအဝင် အထောက်အပံ့ပစ္စည်း တန်ချိန် ၁၀၀ နီးပါး ပေးပို့ထားပြီးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယနေ့ ဧပြီလ ၄ရက်တွင် ထုတ်ပြန်သည်။ လူသားချင်းစာနာမှုဆိုင်ရာ ကျန်းမာရေးအထောက်အပံ့ လိုအပ်နေသည့် ငလျင်ဘေးသင့် မြန်မာပြည်သူဦးရေ ၁၂ ဒသမ ၉ သန်းနီးပါးအတွက် အရေးပေါ်ဆေးဝါးကုသမှုအဖွဲ့များ မြေပြင်သို့ တိုက်ရိုက်စေလွှတ်နိုင်ရေးအတွက် ကူညီပေးနေကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မြန်မာပြည်သူများအတွက် အကူအညီပစ္စည်းတန်ချိန် ၃၅ သန်းကို ဧပြီလ ၃ရက်တွင် ဒူဘိုင်းမြို့ရှိ WHO ၏ Global Logistics Hub မှတစ်ဆင့် ရန်ကုန်မြို့သို့ ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။ ဆေးဝါး ၊ ဆေးဘက်ဆိုင်ရာကိရိယာ ၊ ခွဲစိတ်ကုသမှုကိရိယာ ၊ […]

မြန်မာ့ငလျင်ဘေးအတွက် တရုတ်အကူအညီ ဒုတိယအသုတ် ထပ်မံရောက်ရှိ

Dawei Watch

April 3, 2025

ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် တရုတ်အစိုးရ၏ အရေးပေါ်အကူအညီ ဒုတိယအသုတ်မှာ ယနေ့ (ကြာသပတေးနေ့)တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာသည်။ တရုတ်အစိုးရ၏ အဆိုပါ ဒုတိယအသုတ် အကူအညီပစ္စည်းများတွင် ရွက်ဖျင်တဲ ၈၀၀ ၊ ခြုံစောင်အထည် ၂၀၀၀ ၊ ဘီစကစ်မုန့်ဖာ ၃၀၀၀ ၊ ဓာတ်ဆားရည်ဖာ ၂၀၀၀ နှင့် အခြားအရေးပေါ်လိုအပ်သည့် ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။ အဆိုပါ အရေးပေါ်လူသားချင်းစာနာမှု အထောက်အပံ့ပစ္စည်းများကို ဘေဂျင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေကြောင်းခရီးစဉ်ဖြင့် ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း တရုတ်အစိုးရ၏ အပြည်ပြည်ဆိုင်ရာဖွံဖြိုးရေး သမဝါယမအေဂျင်စီ(CIDCA) က ထုတ်ပြန်ထားသည်။ ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် တရုတ်အစိုးရ၏ အကူအညီ ပထမအသုတ်မှာ မတ်လ ၃၁ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ တရုတ်နိုင်ငံသည် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်လွှားနိုင်ရန် […]

ထွန်းထွန်းမင်းနှင့် ညီများက ငလျင်ဒဏ်သင့်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်း ၄၀၀ အထိရရှိထားဟုဆို

Dawei Watch

April 3, 2025

မြန်မာ့လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းနှင့် ညီများ အပါအဝင် သရုပ်ဆောင် ခရစ္စတီးနားတို့က ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီရန်အတွက် အလှူငွေများ ကောက်ခံပေးနေရာ ကျပ်သိန်း ၄၀၀ အထိရရှိနေပြီဖြစ်ကြောင်း Tun Tun Min ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ ထွန်းထွန်းမင်းတို့ ညီအစ်ကိုသည် ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီရန်အတွက် အလှူငွေပမာဏ သိန်း ၄၀၀ ကောက်ခံရရှိထားပြီဖြစ်ပြီး အလှူငွေ ပေးအပ်လှူဒါန်းလိုသူများအနေနှင့် Viber 09778888833 ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း အသိပေးထားသည်။ လက်ရှိတွင် ငလျင်ဒဏ်သင့်ပြည်သူများအတွက် လုံးချောလက်ဝှေ့ပရိုမိုးရှင်းကလည်း ငွေကျပ် သိန်း ၅၀ မတည်လှူဒါန်းပေးလိုက်ပြီဖြစ်ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် အဓိကလိုအပ်သည်မှာ သောက်သုံးရေ ရေသန့်နှင့် စားနပ်ရိက္ခာသာဖြစ်သည်ဟု မန္တလေးတွင်နေထိုင်သူတစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားခဲ့သော ပြင်းအား ရစ်ချ်တာစကေး […]

ငလျင်ဒဏ်သင့်ပြည်သူများကို ကိုယ်တိုင်သွားရောက်လှူဒါန်းမည်ဟု သန့်ဇင်ဆို

Dawei Watch

April 3, 2025

ONE Championship ပြိုင်ပွဲတွင် နာမည်ရရှိနေသော မြန်မာဖိုက်တာသန့်ဇင်သည် ငလျင်ဒဏ်သင့်ပြည်သူများကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးလိုက်သည်။ သန့်ဇင်သည် တာကေးရုနှင့် ပွဲထိုးခွင့်ရခဲ့စဉ်ကလည်း ယင်းပွဲစဉ်တွင် အနိုင်ရလဒ်နှင့်အတူ ဘောနပ်စ် ရယူနိုင်ခဲ့မည်ဆိုပါက ရေဘေးသင့်ပြည်သူများကို လှူဒါန်းမည်ဟု ပြောကြားခဲ့ဖူးပြီး ယင်းပွဲစဉ်တွင် အရှုံးရလဒ်ကို ကြုံဆုံရင်ဆိုင်ကာ ဘောနပ်စ်နှင့်လွဲချော်ခဲ့ရသည့်အတွက် စိတ်မကောင်းခြင်း ကြီးစွာဖြစ်ခဲ့ဖူးသည်။ သန့်ဇင်သည် ယနေ့(ဧပြီလ ၃ ရက်နေ့)တွင် စစ်ကိုင်းနှင့် မန္တလေးရှိ ငလျင်ဘေးသင့်ပြည်သူများထံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီ လှူဒါန်းလိမ့်မည်ဖြစ်ပြီး ၎င်းနှင့်အတူ ငလျင်ဘေးသင့်ပြည်သူများကို ပါဝင်လှူဒါန်း ကူညီပေးကြရန်လည်း သန့်ဇင်က ဖိတ်ခေါ်ထားသည်။ လှူဒါန်းလိုသူများကို ရေသန့်နှင့် စားနပ်ရိက္ခာများ အဓိကထား လှူဒါန်းစေလိုကြောင်းနှင့် လှူဒါန်းလိုပါက ဖုန်းနံပါတ် 09785368933 နှင့် 09965038989 တို့ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းလည်း သန့်ဇင်က […]

မြန်မာ့ပင်လယ်ပြင်တွင် ငလျင်လှုပ်ခတ်

Dawei Watch

April 3, 2025

ဧရာဝတီတိုင်း၊ ဖျာပုံမြို့၏ တောင်-အရှေ့တောင်ဘက် (၅၃) မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်တွင် မြောက် လတ္တီတွဒ် (၁၅.၅၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၈၅) ဒီဂရီ၊ အနက် (၂၇) ကီလိုမီတာကို ဗဟိုပြု၍ ဧပြီလ ၂ ရက် ည ၁၀ နာရီ ၅၇ မိနစ်တွင် ငလျင် တစ်ခုလှုပ်ခတ်သွားကြောင်း စစ်ကောင်စီလက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ ယင်းငလျင်သည် အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုဖြစ်သည်ဟု တိုင်းထွာသိရှိရကြောင်း မိုး/ဇလက ဖော်ပြသည် ။ ပုသိမ်မြို့ခံ အချို့လည်း ငလျင်လှုပ်ခတ်သွားသည်ကို ခံစားလိုက်ရကြောင်း လူမှုကွန်ရက် တွင်ရေးသားနေကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ […]