မွန်ပါတီကို ဝန်းရံထောက်ခံ အားပေးရန် တိုက်တွန်း
diz_admin
February 10, 2020မွန်လူမျိုးများကို ကိုယ်စားပြုသည့် မွန်ညီညွတ်ရေးပါတီကို ဝန်းရံထောက်ခံ အားပေးကြရန် မွန်ပြည်သူတွေကို မွန် ညီညွတ်ရေးပါတီက တိုက်တွန်း လိုက်သည်။ တပို့တွဲလပြည့်ကျော် (၁) ရက် (ဖေဖော်ဝါရီလ ၉ ရက်) တွင် ကျရောက် သည့် ၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားအတွက် မွန်ညီညွတ်ရေးပါတီက ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ် ပြန်လိုက်သည့် ကြေညာချက်တွင် ထို ကဲ့သို့ မွန်ပြည်သူတို့အား တိုက်တွန်း ထားခြင်းဖြစ်သည်။ မွန်ညီညွတ်ရေးပါတီသည် မွန် သံဃာတော်များနှင့် မွန်တစ်မျိုးသားလုံး ၏ဆန္ဒအရ ဖွဲ့စည်းပေါ်ပေါက်လာသော တစ်ခုတည်းသော မွန်လူမျိုးကိုယ်စားပြု နိုင်ငံရေးပါတီတစ်ရပ်ဖြစ်သည့် အားလျော်စွာ မွန်လူမျိုးတို့၏ လိုလားချက် ဖြစ်သော အမျိုးသားတန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်း သည်အထိ ဆက်လက်ကြိုးစားရုန်းကန် […]