BREAKING
May 10, 2025

မွန်

ကုန်ပစ္စည်းများတွင် မြန်မာလိုမဖော်ပြက ထောင် ၂ နှစ်အထိ ချတော့မည်

diz_admin

March 11, 2020

ကုန်ပစ္စည်းများတွင် မြန်မာဘာသာ ဖြင့် မဖော်ပြပါက ထောင်နှစ်နှစ်ချမှတ် တော့မည်ဖြစ်သည်။ ကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများဖြစ်သည့် သုံးစွဲပုံ အညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေးထွက်ဆိုး ကျိုး အစရှိသည့် ကုန်အမှတ်တံဆိပ်သတ် မှတ်ချက်များကို မြန်မာဘာသာဖြင့် ဖော်ပြရမည်သည်။ စားသုံးသူကာကွယ်ရေးဥပဒေအရ မတ်လ ၁၆ ရက်တွင် စတင်အသက်ဝင် မည်ဖြစ်ပြီး အဆိုပါစည်းကမ်းချက်များ ကို မလိုက်နာပါက ၂ နှစ်ထက်မပို သည့်ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀ဝ ထက်မပိုသည့်ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။ ကုန်အညွှန်းအမှတ်အသားကို မြန်မာ ဘာသာဖြင့် ဖော်ပြရမည့် ကုန်ပစ္စည်း အမျိုးအမည် ၈ မျိုးတွင် အစားအသောက် များ၊ အိမ်သုံးပစ္စည်းများ၊ ကလေးအသုံး အဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေးသုံး ပစ္စည်းများ၊ […]

မွန်လူငယ်များ ရွေးကောက်ပွဲတွင် မဲပေးရန် ယခင်ထက် စိတ်ဝင်စား

diz_admin

March 3, 2020

မွန်လူငယ်များအကြား ၂၀၂၀ ခုနှစ် အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် မဲပေးရန် ယခင်ထက် စိတ်ဝင်စား နေကြသည်ဟု မွန်လူငယ်အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးနေသည့် မွန်လူငယ်များထံမှ သိရသည်။ အဆိုပါ သုံးသပ်ချက်သည် ရွေးကောက်ပွဲအသိပညာပေးလုပ်ငန်းစဉ်များ လုပ်ရင်း တွေ့ရှိသည်များကို သုံးသပ်ခြင်းဖြစ်ပြီး သီးခြား သုတေသနပြုထားသည့် တွေ့ရှိချက် မဟုတ်ကြောင်း သိရသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် စိတ်ဝင်စားမှု ပိုများစေသည့် အကြောင်း ရင်းများအနက် မွန်တစ်ပါတီတည်း ဖြစ်သွားသည့် အခြေအနေကလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း မွန်လူငယ် အဖွဲ့အစည်းများက ပြောသည်။ ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုများ ပိုမိုရရှိလာခြင်းနှင့် နိုင်ငံရေးအပေါ် စိတ်ဝင်စားလာခြင်း ကြောင့်လည်း မွန်လူငယ်များ မဲပေးရန် စိတ်ဝင်စားလာကြခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးဆင်း နေသည့် ရေးမြို့နယ် မွန်လူငယ်ကွန်ရက် […]

ရက် ၉၀ နေရုံဖြင့် မဲပေးခွင့်ပြုသည့်ကိစ္စ တိုင်းရင်းသားပါတီများကို ဂရုမစိုက်သည့်သဘောဟု မွန်ညီညွတ်ရေးပါတီ ဝေဖန်

diz_admin

March 3, 2020

လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒ နယ်ပြင်ပရောက်သူများအနေဖြင့် အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်း နေထိုင်ရုံဖြင့် ၎င်းတို့ရောက်ရှိနေသော မဲဆန္ဒနယ်တွင် မဲပေးခွင့်ပြုသည့်ကိစ္စသည် တိုင်းရင်းသားပါတီများကို ဂရုမစိုက်သည့်သဘောဟု မွန်ညီညွတ်ရေး ပါတီက ဝေဖန်ပြောဆိုလိုက်သည်။ မဲဆန္ဒနယ်ပြင်ပရောက်သူများ မဲပေးခွင့်နှင့် ပတ်သက်ပြီး လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ(၁၀)တွင် ပါရှိသော “အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း” ဆိုသည့်စကားရပ်ကို “အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးပြင်ဆင် ချက်အား ပြည်သူ့လွှတ်တော်တွင် ဖေဖော်ဝါရီ ၂၀ ရက်က မဲခွဲအတည်ပြု လိုက်သည်။ အဆိုပါကိစ္စသည် တိုင်းရင်းသား ပါတီတို့က ကန့်ကွက်နေသည့်ကြားမှပင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က တရားဝင်နိုင်ငံရေးပါတီတို့နှင့် တစ်စုံ တစ်ရာ ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်း မရှိ ဘဲ ရွေးကောက်ပွဲနည်းဥပဒေကို ပြင်ဆင်ကာ လွှတ်တော်ကိုတင်လိုက်ခြင်းသည် […]

မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ကိုင်ခွင့်ကိစ္စ ဘက်လိုက်မှုရှိနေဟု လွှတ်တော် ဒုဥက္ကဋ္ဌ ဝေဖန်

diz_admin

February 25, 2020

မွန်ပြည်နယ်အစိုးရအဖွဲ့၏ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ လုပ်ကိုင်ခွင့် ချထားမှုတွင် မရိုးသားဘဲ ဘက်လိုက်မှုများ ရှိနေသည်ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌက ပြောသည်။ ပြည်နယ်အတွင်းရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအနက်မှ ဧက ၂၄၀၀၀ ကျော်ကို ပြည်နယ်အစိုးရအဖွဲ့၏ သဘောထား မှတ်ချက်နှင့် ဗဟိုကော်မတီက လုပ်ကိုင်ခွင့်ချ ပေးထားသည်။ ယင်းအနက် ကျိုက်ထိုမြို့နယ်တွင် ဧက ၉၀၀၀ ကျော်၊ ကျိုက်မရောမြို့နယ်တွင် ဧက ၅၀၀၀ ကျော် အများဆုံးချပေး ထားပြီး လုပ်ကိုင်ခွင့် ရရှိထားသူ အများစု သည်လည်း လုပ်ငန်းရှင်များသာ ဖြစ်နေ သည်ဟု လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။ “စာရင်းဇယားတော့ တော်တော် ကွဲလွဲနေတယ်။ ခွင့်ပြုဆောင်ရွက်ခဲ့တဲ့ ပကတိအနေအထား ကလည်း ပြောရရင် […]

ရေလုပ်သားများ လူကုန်ကူးမခံရရေးစီမံရန် မွန်လွှတ်တော် တိုက်တွန်း

diz_admin

February 25, 2020

မွန်ပြည်နယ် ရေပိုင်နက်အတွင်း ငါးဖမ်းလုပ်ငန်းခွင်များရှိ ရေလုပ်သား များ လူကုန်ကူးခံရမှု၊ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများ မရှိစေရေး စီမံဆောင် ရွက်ပေးရန် မွန်ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်း တိုက်တွန်းလိုက်သည်။ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅) ကြိမ် မြောက် ပုံမှန်အစည်းအဝေး တွင် ရေလုပ်သားများနှင့် ဆက်စပ်သည့် လူကုန်ကူးခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု များမရှိစေရေးနှင့် ပင်လယ်ပြင်ငါးဖမ်း လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စီမံဆောင်ရွက်သွားရန် တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၄ ဦး ထောက်ခံဆွေးနွေးခဲ့ကာ အဆိုကို ကန့်ကွက်သူမရှိ လွှတ်တော်က ဖေဖော်ဝါရီ ၁၈ ရက်က အတည်ပြုလိုက်သည်။ မွန်ပြည်နယ် ရေပိုင်နက်အတွင်း ငါးဖမ်းလုပ်ကွက် […]

လုပ်ငန်းလိုင်စင်မရှိသည့် စက်ယန္တရားကြီးများကို အရေးယူမည်

diz_admin

February 19, 2020

မွန်ပြည်နယ်အတွင်းက လုပ်ငန်းခွင်များတွင် လုပ်ငန်းလိုင်စင်မရှိဘဲ အသုံးပြုနေသည့် စက်ယန္တရားကြီးများကို အရေးယူမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီးက ပြောသည်။ လုပ်ငန်းလိုင်စင်မရှိဘဲ အသုံးပြုနေသည့် စက်ယန္တရားကြီးများနှင့် ပတ်သက် ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို ကျင်းပလျက်ရှိသည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၅ ကြိမ်မြောက်အစည်း အဝေးတွင် ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ မေးမြန်းမှုအပေါ် ဝန်ကြီးက ထိုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။ လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ငန်းခွင်များတွင် အသုံးပြုနေသည့် စက်ယန္တရား ကြီးများကို စိစစ်ပြီး အကောက်ခွန်ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု အထက်ပါဝန်ကြီး ဦးထွန်းဌေးက ပြောသည်။ ပြည်နယ်အတွင်းရှိ လုပ်ငန်းခွင်များတွင် လုပ်ငန်းလိုင်စင်မရှိဘဲ အသုံးပြုနေသည့် စက်ယန္တရားကြီး အများအပြား ရှိနေပြီး အဓိက မြေတူးလုပ်ငန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် […]

ဆောင်းဘောက် ဆူညံသံပြဿနာ ဖြေရှင်းနိုင်ခြင်း မရှိ

diz_admin

February 19, 2020

မွန်ပြည်နယ်အတွင်းက ဆောင်းဘောက် ဆူညံသံပြဿနာနှင့် ပတ်သက်ပြီး ဖြေရှင်းနိုင်ခြင်းမရှိကြောင်း ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ထောက်ပြသည်။ ဆောင်းဘောက်ဆူညံသံကို ထိန်းချုပ်ရန် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေး မှူးမှတစ်ဆင့် မြို့နယ်၊ ရပ်ကျေးအုပ်ချုပ် ရေးမှူးအဆင့်ထိ ချပြရန်နှင့် ဆောင်းဘောက်လုပ်ငန်းရှင်များကိုလည်း ပညာပေး ရှင်းပြထားရန် ပြည်နယ်အစိုးရ အဖွဲ့က ၂၀၁၉ ခုနှစ် စက်တင်ဘာလခန့်က တရားဝင်စာထုတ် ညွှန်ကြားထားသလို ညွှန်ကြားချက် မလိုက်နာဘဲ သတ်မှတ်ဥပဒေပါ စည်းမျဉ်းစည်းကမ်းထက် ကျော်လွန်ပြီး ဆက်လက်လုပ်ဆောင်လာပါက ဥပဒေအရ အရေးယူမည်ဟု လည်း ပြည်နယ်အစိုးရက ညွှန်ကြား ထားသည်။ သို့သော် လက်တွေ့တွင် ဆောင်းဘောက်ဖွင့်သူများ၊ ဆောင်းဘောက်လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အပြင် ဆောင်းဘောက်များကို တွဲလုံးတပ်ဆင်ပြီး စီးပွားဖြစ်လုပ်ကိုင် နေကြသည်လည်း ရှိသည်ဟု လွှတ်တော်ကိုယ်စားလှယ် […]

ယတြာချေပေးမည်ဆိုပြီး လက္ခဏာဆရာဆိုသူက ကျောင်းသူ ၃ ဦးကို အဓမ္မပြုကျင့်‌

diz_admin

February 10, 2020

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ကံနိမ့်နေ၍ ယတြာချေပေးမည်ဆိုပြီး လက္ခဏာဆရာ သီဟအောင် (ခ) သီဟ ဆိုသူက သတ္တမတန်းကျောင်းသူ ၃ ဦး ကို အလှည့်ကျ အဓမ္မပြုကျင့်ခဲ့ကြောင်း သံဖြူဇရပ်မြို့မရဲစခန်းထံမှ သိရသည်။ ဖြစ်စဉ်မှာ မုဒုံမြို့နယ် ရောင်းဒေါင်း ကျေးရွာ အရှေ့ပိုင်းနေသူ လက္ခဏာ ဆရာ သီဟအောင် (ခ) သီဟ အသက် ၂၈ နှစ်သည် ၎င်း၏ ရည်စားဖြစ်သူ သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာနေ ဒေါ်အေးမြင့် ၃၈ နှစ်ဆိုသူအား ကံနိမ့်နေ ၍ ယတြာချေရမည်ဟုဆိုကာ အပတ်စဉ် စနေနေ့တိုင်း မိန်းကလေးငယ် ၁ ဦးကို ၎င်းထံ ၇ ပတ်တိုင်တိုင် ခေါ်လာရမည်ဟု ခိုင်းစေခဲ့ရာမှ ယခုကဲ့သို့ ကျောင်းသူ ၃ ဦး အဓမ္မပြုကျင့်ခံရခြင်းဖြစ်သည်ဟု […]