မွန်တွင် လူစုလူဝေးလုပ်သူကို ထောင်ဒဏ် ၉ လထိ ပြစ်ဒဏ်ချမှတ်
diz_admin
May 19, 2020လူစုလူဝေး ဦးဆောင်ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်ကျိုက်မရောမြို့နယ် ကော့ခလိန်းကျေးရွာအုပ်စု ကြာအင်းချောင်းကျေးရွာနေ ဦးဇော်မင်းကို ထောင်ဒဏ် ၉ လ ကျခံစေရန် ကျိုက်မရောမြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန် ညွှန်ကြားချက်ထုတ်ပြန်ထားသည့်အပေါ် လိုက်နာမှုမရှိသည့် ဦးဇော်မင်းကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥပဒေ ပုဒ်မ ၃၀(က) ဖြင့် ကျိုက်မရောမြို့နယ်အုပ်ချုပ်ရေးမှူးမှ ဧပြီလ ၁ ရက်က တရားစွဲဆိုခဲ့ပြီး မေလ ၁၂ ရက်နေ့က ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များ ဖောက်ဖျက်လျှင် ပုံမှန်အားဖြင့်ချက်ချင်း ပြစ်ဒဏ်ချမှတ် အရေးယူလေ့ရှိသော်လည်း ယခုဖြစ်စဉ်တွင်ဦးဇော်မင်းက ရှေ့နေငှားပြီးအမှုရင်ဆိုင်ခဲ့သည့်အတွက် တစ်လကျော်ကြာဖြစ်သွားသည်ဟု ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောသည်။ “အဲဒါကြောင့် (အမှုက) ကြာသွားတာ သက်သေတွေလည်း များတယ်” ဟု ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်က ပြောသည်။ […]