BREAKING
May 10, 2025

မွန်

စည်းကမ်းမလိုက်နာသည့် ဈေးဆိုင် ၅၀ကို စတင်အရေးယူ

diz_admin

June 1, 2020

မွန်ပြည်နယ်အတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကိုမလိုက်နာသည့် ဈေးဆိုင်ခန်း၅၀ကို အရေးယူထားကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ထံ မှသိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ပြည်နယ်အတွင်းရှိ စားသောက်ကုန်ဆိုင်များမှလွဲပြီး ဈေးဆိုင်များအားလုံးကို သင်္ကြန်မတိုင်ခင်ကပိတ်ထားခဲ့ရာမှ မေလ၁၆ ရက်မှစပြီး ဈေးဆိုင်များအားလုံးကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။ ပြန်ဖွင့်ခွင့်ပေးရာတွင်ဈေးဆိုင်များအနေနှင့် သတ်မှတ်ထားသောဈေးဆိုင် ဧရိယာထက်ကျော်လွန်၍ ကျူးကျော်တည်ခင်းရောင်းချခြင်းမပြုရန်၊ ဆိုင်ခန်းတစ်ခန်းလျှင်ဆိုင်ရှင် အပါအဝင်အများဆုံး ၃ဦးသာရောင်းချရန်၊ ဈေးသည်များအားလုံးမဖြစ်မနေနှာခေါင်းစည်းတပ်ရန်စသည့် အချက်၈ချက်ပါစည်းကမ်းချက်ကို ဈေးဆိုင်ခန်းပိုင်ရှင်များက ခံဝန်ကတိ လက်မှတ်ရေးထိုးထားခဲ့ရသည်။ “စည်းကမ်းချက်အတိုင်း လိုက်နာမှုရှိမရှိကို ကျွန်တော်တို့ကွင်းဆင်း စစ်ဆေးတယ်။ ကွင်းဆင်းစစ်ဆေးတဲ့နှစ်ရက်အတွင်းမှာ ဖောက်ဖျက်သူ ၅၀ ကိုစာရင်း ကောက်ယူရရှိထားပါ တယ်။ သူတို့ကို ထုတ်ပြန်ထားတဲ့စည်းကမ်းချက်အတိုင်း အရေးယူထားတယ်” ဟု မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ တွဲဖက်ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောသည်။ စည်းကမ်းဖောက်ဖျက်သည့် ဈေးဆိုင်၅၀ကိုထုတ်ပြန်ထားသည့် စည်းကမ်းချက်ပါအတိုင်းပထမအကြိမ်အရေးယူမှုအဖြစ် ဈေးရောင်းချခွင့် ၃ ရက်ပိတ်သိမ်းစေခဲ့ကြောင်း […]

မြေပြိုနိုင်သည့်နေရာတွင် နေထိုင်သူများကို ကြိုတင် သတိပေးမည်

diz_admin

June 1, 2020

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းက မြေပြိုမှုဖြစ်နိုင်သည့်နေရာများတွင် နေထိုင်သူများကို မြေပြိုခြင်းနှင့် ပတ်သက်သည့် ကြိုတင်သတိပေးမှုများ လုပ်ဆောင်သွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်ပြိုကျမှုဖြစ်ပွားပြီးနောက် ပေါင်မြို့နယ်အတွင်းရှိ တောင်တန်းများအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဖွဲ့စည်းတာဝန်ပေးထားသည့် ဘူမိဗေဒကျွမ်းကျင်ပညာရှင်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ရာ မြေပြိုမှုဖြစ်နိုင်သည့်နေရာ ၂၁ နေရာ တွေ့ရှိထားသည်။ အဆိုပါ နေရာများအနက် ၁၄ နေရာသည် ယခင်က မြေပြိုခဲ့ဖူးသည့်နေရာများဖြစ်ပြီး နောက်ထပ်မြေပြိုရန် အလားအလာပိုများသည့်နေရာများဖြစ်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ဆက်ပြောသည်။ “မြေပြိုနိုင်တဲ့နေရာက ပြည်သူတွေကို သတိပေးနိုင်တဲ့အဆင့်လောက်ပဲ ပေးလို့ရမှာ။ ပတ်ဝန်းကျင် အားလုံးအကုန်လုံး ရွှေ့ပြောင်းဖို့ ဘာဖို့က လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးလေ” ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။ သို့သော် အဆိုပါနေရာ ၂၁ […]

ဘီးလင်းမြစ်ပျက်စီးမှု အချိန်မီ ထိန်းသိမ်းပေးရန် တောင်းဆို

diz_admin

June 1, 2020

မွန်ပြည်နယ် ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်ပျက်စီးနေမှုကို အချိန်မီထိန်းသိမ်းပေးရန် မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေးကော်မတီက တောင်းဆိုလိုက်သည်။ မေလ ၂၈ ရက်နေ့က ကျင်းပသည့်ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော် သဘာဝထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီမှ ဘီးလင်းမြစ် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကြောင့် ဒေသခံ ပြည်သူများ လူမှု၊ စီးပွားထိခိုက်ပျက် စီးဆုံးရှုံးမှုအခြေအနေနှင့် ပတ်သက်သည့် အစီရင်ခံစာတင်သွင်းချိန်တွင် ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ ဘီးလင်းမြစ်အထက်ပိုင်းရှိ ရွှေတူးဖော်လုပ်ကွက်များကြောင့် ယခုအခါ မြစ်သည် အဆိပ်သင့်ခဲ့ပြီး မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာအုပ်စု ၂၂ ခုမှ လူဦးရေ ခြောက်သောင်းကျော်တို့၏ လူမှုစီးပွားနှင့် တိရစ္ဆာန်များအတွက်များစွာ ထိခိုက်ပျက်စီးဆုံးရှုံးစေခဲ့သည်ဟု အထက်ပါ ကော်မတီဥက္ကဋ္ဌ (ဘီလင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) ဒေါက်တာခင်နိုင်ဦးက ပြောသည်။ “ဘီးလင်းမြစ် အထက်ပိုင်းမှာရှိတဲ့ ရွှေသတ္တုတူးဖော်လုပ်ကွက်တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် […]

ပိတ်ထားသည့် စက်ရုံများ စစ်ဆေးပြီး ပြန်ဖွင့်

diz_admin

May 25, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယာယီပိတ်ထားရသည့် မွန်ပြည်နယ်အတွင်းရှိ စက်ရုံ အလုပ်များကိုစစ်ဆေးပြီး ပြန်လည်ဖွင့်ခွင့်ပေးနေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ပြည်နယ်အတွင်း၌ စက်ရုံ အလုပ်ရုံ စုစုပေါင်း ၂၇၂၇ ရုံ ရှိပြီး ယင်းစက်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်အဆင့်၊ ခရိုင်အဆင့် ဖွဲ့စည်းထားသည့် ဌာနပေါင်းစုံပါ စက်ရုံအလုပ်ရုံကြီးကြပ် စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးလျက်ရှိသည်။ လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ထားသည့် စက်ရုံ အလုပ်ရုံ ၈၈ ရုံကို ပြန်လည်ဖွင့်ခွင့်ပြုပေးထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။ “ကျန်တာတွေကတော့ စစ်နေဆဲပဲ စစ်နေတုန်းပဲ။ ဆက်ပြီးတော့ ဖွင့်လှစ်ပေးဖို့ရှိတယ်” ဟု ၎င်းက ပြောသည်။ ပြန်လည်ဖွင့်ခွင့်ပြုပေးထားသည့် စက်ရုံ အလုပ်ရုံအများစုသည် အဓိကဆေးဝါးလုပ်ငန်းလုပ်သည့်စက်ရုံ၊ ဆန်စက်နှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် စက်ရုံဖြစ်သည်ဟု ဦးမြင့်သန်းဝင်းက ဆက်ပြောသည်။ […]

မွန်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၉၇ ဦးရှိ၊ ၁ ဦး သေဆုံး

diz_admin

May 25, 2020

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ ၉၇ ဦးရှိပြီး သေဆုံးသူ ၁ ဦးရှိသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ထွန်းအောင်ကြည်က ပြောသည်။ ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၁၉ ရက်နေ့ထိစာရင်းအရ ရောဂါကူးစက်ဖြစ်ပွားသူ ၉၇ ဦးရှိပြီး သေဆုံးသူ ၁ ဦးရှိသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။ ယခုနှစ် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအခြေအနေသည် လွန်ခဲ့သည့် ၂၀၁၉၊ ၂၀၁၈၊ ၂၀၁၇ ခုနှစ် ကာလတူများနှင့် နှိုင်းယှဉ်လျှင် ဖြစ်ပွားမှုနှုန်းနည်းသည်ဟု ပြည်နယ်ဦးစီးမှူးက ပြောသည်။“ပြီးခဲ့တဲ့ ၄ နှစ်နဲ့ နှိုင်းယှဉ်ချက်အရပေါ့။ ဒီနှစ်က အနည်းဆုံးဖြစ်တယ်” ဟု ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။ ၂၀၁၉ ခုနှစ်ကာလတူတွင် […]

မွန်တွင် မိုးစပါးစိုက်ချေးငွေ ကျပ် ၄၃ ဘီလီယံကျော် ထုတ်ချေးမည်

diz_admin

May 25, 2020

မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ မိုးစပါးစိုက်တောင်သူများအတွက် ယခုနှစ် ၂၀၂၀ ခုနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၄၃ ဘီလီယံကျော် ထုတ်ချေးရန်လျာထားကြောင်း မွန်ပြည်နယ် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောသည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မော်လမြိုင်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၈ ရက်မှစပြီး မြို့နယ်အလိုက် စတင်ထုတ်ချေးနေကြောင်း အထက်ပါဘဏ်မှ သိရသည်။ ချေးငွေ အတိုးနှုန်းကို လတ်တလောရင်ဆိုင်ကြုံတွေ့နေရသည့် ကိုဗစ် ၁၉ ရောဂါ အကျပ်အတည်းကြောင့် တောင်သူများအဆင်ပြေစေရန်ရည်ရွယ်ကာ အတိုးနှုန်းကို ၅ ရာခိုင်နှုန်းသို့ လျှော့ချထားကြောင်း ဦးကျော်စွာလှိုင်က ဆက်ပြောသည်။ ယခင်က ချေးငွေအတိုးနှုန်းမှာ တစ်နှစ်လျှင် ၈ ရာခိုင်နှုန်း ဖြစ်သည်။ “လယ်သမားအများစုက ဘဏ်ချေးငွေကို အားကိုးကြပါတယ်။ ပေးတာ မများပေမယ့် မြေဩဇာဖိုး ကောက်စိုက်ဖိုးလောက်ကတော့ ကာမိတော့ […]

မွန်ငါးလုပ်ငန်း ၈၀ ရာခိုင်နှုန်းခန့် ရပ်ဆိုင်း

diz_admin

May 19, 2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် မွန်ပြည်နယ်ငါးလုပ်ငန်း၈၀ ရာခိုင်နှုန်း ခန့်ရပ်ဆိုင်းထားရကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းရှင်များနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ထံမှ သိရသည်။ မွန်ပြည်နယ်မှ ထွက်ရှိသည့်ငါးများကို တရုတ်ဈေးကွက်သို့ ၈၀ရာခိုင်နှုန်းကျော်တင်ပို့ရောင်းချနေပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် တရုတ်နိုင်ငံက ငါးအဝယ်လျော့ကျသွားခဲ့သည်။ “တရုတ်ပြည်နယ်အနေနဲ့က အရင်တုန်းကငါးတွေကို ဈေးကောင်းပေးဝယ်ခဲ့တာမှန်ပေမယ့် အခုလိုအချိန်မျိုးမှာ ဈေးသက်သာတဲ့နေ့စဉ်စားသုံးတဲ့ ငါးမျိုးဝယ်တာမျိုးတွေဖြစ်သွားတော့ လုပ်ငန်းတွေအတော်များများဟာ ရပ်ဆိုင်းသွားရတယ်” ဟု မွန်ပြည်နယ်ငါးလုပ်ငန်း အဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးအောင်သက်ဌေးက ပြောသည်။ လက်ရှိအနေအထားအရ မွန်ပြည်နယ်မှငါးတန်ချိန် ရာနှင့်ချီပြီးအအေးခန်းနှင့် ကွန်တိန်နာပေါ်တွင်ပိတ်မိနေကြောင်း ဦးအောင်သက်ဌေးက ဆက်ပြောသည်။ ပြည်နယ်အတွင်းမှထွက်သည့် ငါးများပြည်ပသို့တင်ပို့ ရောင်းချနိုင်ခြင်းမရှိသည့်အတွက် ငါးဈေးနှုန်းလည်း ထက်ဝက်ခန့်ကျဆင်းသွားသည်ဟု ငါးလုပ်ငန်းရှင်တို့က ပြောသည်။ လတ်တလောဖြစ်ပွားနေသည့် ကူးစက်ရောဂါကြောင့် အလှူအတန်းများ၊ ပွဲလမ်းသဘင်များ ကျင်းပခွင့်မရှိတော့အတွက်ကြောင့် ပြည်တွင်းငါးဈေးကွက်တွင်လည်း ငါးအရောင်းအဝယ်ကျဆင်းသွားကြောင်း မော်လမြိုင်အခြေစိုက် ငါးဒိုင်တို့ထံမှသိရသည်။ တရုတ်နိုင်ငံအနေဖြင့် မွန်ပြည်နယ်မှထွက်ရှိသည့် ငါးတန်ချိန်ထောင်ချီ နှစ်စဉ်နှစ်တိုင်း ဝယ်ယူလေ့ရှိပြီး ငါးသလောက်၊ […]

မွန် ရေရှားပါးမှု ပြဿနာ ပိုဆိုးလာ

diz_admin

May 19, 2020

မွန်ပြည်နယ်အတွင်း ရေရှားပါးမှု ဖြစ်ပွားနေသည့်အနေအထားသည် မေလပထမအတွင်း အခြေအနေပိုဆိုးလာကြောင်း ရေလိုက်လံဖြန့်ဝေပေးလှူနေသူတို့နှင့် ဒေသခံတို့ထံမှ သိရသည်။ မွန်ပြည်နယ်အတွင်း၌ မတ်လဆန်းမှစကာ ရေရှားပါးမှု စတင်ကြုံတွေ့လာခဲ့ရပြီး မေလ ပထမအပတ်အတွင်းတွင် ရေအဓိကရယူနေရသည့် အဝီစိတွင်း၊ ဆည်တို့တွင်လည်း ရေခန်းခြောက်ကုန်သည်အထိ ရေခက်ခဲမှုရှိလာသည်ဟု ရေလိုက်လံဖြန့်ဝေပေးလှူနေသူတို့က ပြောသည်။ ပြီးခဲ့သည့်နှစ်က ရေယူနေသည့်ကန်တွင် ယခုနှစ်ရေခန်းသွားပြီး ယမန်နှစ်က ရေမရှားသည့် ရပ်ကွက် ရေရှားလာကြောင်း ဘိုဘိုဝင်းလူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက ပြောသည်။ “တော်တော်လေးကို အခြေအနေဆိုးနဲ့ ရင်ဆိုင်နေရတယ်” ဟု ကိုဘိုဘိုဝင်းက ပြောသည်။မော်လမြိုင်မြို့တွင် မြို့ပေါ်ရပ်ကွက် အားလုံးရေရှားနေကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်စလုံးရှိ ရပ်ကွက်ကျေးရွာအများစုတွင် ရေရှားနေပြီး မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ပေါင်မြို့နယ်တို့တွင် ရေရှားပါးမှု ဆိုးဆိုးဝါးဝါးကြုံနေကြောင်း […]