BREAKING
May 10, 2025

မွန်

မြေမြှုပ်မိုင်းကိစ္စ မဖြေရှင်းနိုင်သေး

diz_admin

June 21, 2020

မွန်ပြည်နယ် ရေးမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ဒေသတို့တွင် မကြာခဏဖြစ်ပွားနေသည့် မြေမြှုပ်မိုင်းပေါက်ကွဲမှုကိစ္စကို ယခုအချိန်ထိ ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း မွန်ပြည်သစ်ပါတီက ပြောသည်။ မွန်ပြည်သစ်ပါတီအနေဖြင့် မြေမြှုပ်မိုင်းကိစ္စ ဖြေရှင်းနိုင်ရန်အတွက် မဟာမိတ်အဖွဲ့အစည်းဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့်သော်လည်းကောင်း၊ အစိုးရ၊ တပ်မတော်တာဝန်ရှိသူများနှင့်သော်လည်းကောင်း ဆွေးနွေးညှိနှိုင်းနေသော်လည်း ယခုအချိန်ထိ အဖြေတစ်စုံတစ်ရာမရသေးကြောင်း ပြောသည်။ “ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး ကျွန်တော်တို့မဟာမိတ် KNUနှင့် အစိုးရတာဝန်ရှိသူ တပ်မတော်တာဝန်ရှိ သူနဲ့ရော ဆွေးနွေးတယ်။ ဆွေးနွေးသော်လည်း ယခုအချိန်ထိ အဖြေတစ်စုံတစ်ရာ မပေါ်သေးဘူးပေါ့နော်” ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။ ဆွေးနွေးညှိနှိုင်းမှု အသေးစိတ်နှင့် မည့်သည့်အတွက်ကြောင့် မပြေလည် သေးသည်ကိုမူ ထုတ်ဖော်မပြောပေ။ မွန်ပြည်သစ်ပါတီအနေဖြင့် မြေမြှုပ်မိုင်းကိစ္စကို ရှေ့ဆက်ပြီး ဖြေရှင်းနိုင်ရန် နည်းလမ်းရှာနေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ […]

မွန်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်းကျော်

diz_admin

June 15, 2020

မွန်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် မေလအကုန်ထိ ပြုစုထားသည့်စာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၄ သောင်းကျော်အထိရှိလာကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ အဆိုပါ မဲစာရင်းတွင် မသန်စွမ်းမဲစာရင်းပါဝင်ပြီး တပ်မတော်သားနှင့် အတူနေမိသားစုဝင်တို့၏ မဲစာရင်းများမပါဝင်သေးကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။ တပ်မတော်သားနှင့် အတူနေမိသားစုဝင်များ မဲစာရင်းကို လက်ရှိတွင် ကောက်ယူနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။ လာမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် တပ်တွင်းမဲရုံအပါအဝင် မဲရုံပေါင်း ၉၅၈ ရုံ နှင့် ယာယီမဲရုံ ၅ ရုံ ထားရှိရန်လျာထားကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ ၂၀၁၅ ရွေးကောက်ပွဲကျင်းပစဉ်က မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိ ၁၅ သိန်း ၃ သောင်းကျော် ရှိခဲ့သည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသ အချို့တွင် စားသောက်ကုန်ပြတ်

diz_admin

June 15, 2020

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဒေသရှိ ပြည်သူလူထု ၃ ပုံ ၁ ပုံခန့်သည် စားသောက်ကုန်ပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဆက်ဆံရေးတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။ ကိုဗစ်ကပ်ဘေးကာလအတွင်း ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်ရန်ခက်ခဲခြင်းကူးစက်ရောဂါကာလကြာလာခြင်းကြောင့် ရေရှည်အတွက် အဓိကစားသောက်ကုန်များပြတ်လပ်နိုင်ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဒေသတွင် ကျေးရွာပေါင်း ၆၀ ရွာခန့်တွင် လူဦးရေ ၉၀ဝဝဝ နီးပါးရှိသည်။ ယင်းတို့အနက် လူဦးရေ ၃ ပုံ ၁ ပုံခန့်သည် စားသောက်ကုန်ပြတ်လပ်သည့် အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဆိုသည်။ မွန်ပြည်သစ်ပါတီအနေနှင့် ပြည်သူများလိုအပ်နေသည့် အခြေခံစားသောက်ကုန်များ ကူညီထောက်ပံ့ပေးနိုင်ရေးအတွက် အစိုးရထံတင်ပြထားကြောင်း နိုင်ဗညားလယ်က ဆိုသည်။ မွန်ပြည်သစ်ပါတီ ထိန်ချုပ်နယ်မြေဒေသရှိ ပြည်သူများသည် Covid-19 ကူးစက်ရောဂါကိုအန္တရာယ်အပြင် မိုးရာသီကာလအတွင်း ဖြစ်လေ့ဖြစ်ထရှိသည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါအန္တရာယ်ကိုလည်း စိုးရိမ်ကြောက်ရွံ့နေရသည့် […]

မွန်တွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၂ ဦးအထိ ရှိလာ

diz_admin

June 15, 2020

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ ၁၆၄ ဦးရှိပြီး သေဆုံးသူ ၂ ဦးထိ ရှိလာသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှထံမှ သိရသည်။ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၆ ရက်အထိစာရင်းအရ ပြည်နယ်အတွင်း ရောဂါကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုအခြေအနေ ဖြစ်သည်။ သေဆုံးသူ ၂ ဦးမှာ ဆယ်လသားနှင့် ၈ နှစ်အရွယ် ကလေးဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။ သွေးလွန်တုပ်ကွေးအဖြစ်အများဆုံး မြို့နယ်သည် မော်လမြိုင်နှင့် ပေါင်မြို့နယ်တို့ဖြစ်ပြီး သေဆုံးကလေး ၂ ဦးသည် ပေါင်မြို့နယ်မှ ဖြစ်သည်။ “သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နှင်းရေးက ပြည်သူတွေပါမှ။ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေချည်းပဲ လုပ်လို့မရဘူး။ အိမ်တိုင်းအိမ်တိုင်းက ဖုံး၊ သွန်၊ လဲ၊ စစ် ကို နားလည်သဘောပေါက်ပြီး ကိုယ့်အိမ်မှာ ဖုံး၊ […]

မွန်ပါတီ ကိုယ်စားလှယ်လောင်း ဇူလိုင်လကုန် အပြီးသတ် ရွေးချယ်မည်

diz_admin

June 15, 2020

၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပသွားရန်ရှိသည့် ရွေးကောက်ပွဲအတွက် မွန်ညီညွတ်ရေးပါတီ၏ ကိုယ်စားလှယ်လောင်းများကို ဇူလိုင်လအကုန်တွင် အပြီးသတ် ရွေးချယ်သွားမည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။ ကိုယ်စားလှယ်လောင်းများကို မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့မှ ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထား ရွေးချယ်မည်ဖြစ်သည်။ မြို့နယ်မှ အဆိုပြုရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများကို ဗဟိုအဆင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးအဖွဲ့က ဇူလိုင်လ ၃၁ ရက်တွင် အပြီးသတ်ရွေးချယ်မည်ဖြစ်ကြောင်း ပါတီတွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။ ပါတီအနေနှင့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် အမျိုးသမီးနှင့် လူငယ်များ ပါဝင်လာနိုင်ရေးကိုလည်း အဓိကဦးစားပေး အချက်တစ်ချက်အနေနှင့် ရွေးချယ်သွားမည်ဟုလည်း ပါတီခေါင်းဆောင်တို့က ပြောသည်။ “ကိုယ်စားလှယ်လောင်းတွေကို မြို့နယ်ကနေ ရွေးချယ်လာမှာဖြစ်တဲ့အတွက် အမျိုးသမီးနဲ့ လူငယ် ကိုယ်စားလှယ်လောင်းတွေပါလာအောင် စည်းရုံးပေးဖို့နဲ့ တကယ်လို့ အရည်အချင်းတူ ရွေးချယ်ရမယ်ဆိုရင် […]

မွန်တွင် ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်တော့မည်

diz_admin

June 8, 2020

ကိုဗစ်ရောဂါပိုး ရှိ မရှိကို မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဇွန်လ ၄ ရက်နေ့မှစပြီး စစ်ဆေးနိုင်တော့မည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်း အောင်ကြည်က ပြောသည်။ မွန်ပြည်နယ်ရှိ တီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဇီဝလုံခြုံရေးအဆင့် ၃ ရှိ ဓာတ်ခွဲခန်းကို ကိုဗစ်ရောဂါပိုးဓာတ်ခွဲခန်းအဖြစ် အသုံးပြုစစ်ဆေး သွားမည်ဖြစ်သည်။ ဓာတ်ခွဲခန်း ဝန်ထမ်းလိုအပ်ချက်ကြောင့် ရောဂါပိုး ရှိ မရှိ စစ်ဆေးခြင်းကို အစပိုင်းတွင် တစ်ပတ်လျှင် ၃ ရက်၊ တစ်ရက်လျှင် လူ ၉၀ ဦးကို စစ်ဆေးသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် တစ်ရက်လျှင် လူ ၂၈၀ ဦးအထိ စစ်ဆေးနိုင်မည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။ အဆိုပါ ဓာတ်ခွဲခန်းတွင် မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ကိုဗစ်ရောဂါစောင့်ကြည့်လူနာများကို ဓာတ်ခွဲစစ်ဆေးနိုင်ရန် […]

အမည်ရှေ့တွင် လူမျိုးဝိသေသ လက္ခဏာများ ထည့်သွင်းရန် မွန်အစိုးရ တိုက်တွန်း

diz_admin

June 8, 2020

မွန်ပြည်နယ်အတွင်းနေထိုင်ကြသည့် တိုင်းရင်းသားလူများ၏ အမည်နာမရှေ့တွင် ၎င်းတို့ လူမျိုးဝိသေသလက္ခဏာများ ထည့်သွင်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့က စာထုတ်ပြီး တိုက် တွန်းနှိုးဆော်လိုက်သည်။ ပြည်နယ်အတွင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးမိဘများအနေဖြင့် သား/သမီးများ၏ မွေးစာရင်း၊ သန်းခေါင်စာရင်းသွင်းချိန်နှင့် ကျောင်းအပ်နှံချိန်တို့တွင် တိုင်းရင်းသားလူမျိုးများ၏ အမည်ရှေ့တွင်ပါရှိသော ရှေ့ဆောင်စကားလုံးများ (ဥပမာ-မင်း၊ မိ၊ နိုင်၊ စော၊ နော်၊ နန်း၊ ခွန်စသဖြင့်) ထည့်သွင်း မှတ်တမ်းတင်ရေးသွင်းကြရန် မွန်ပြည်နယ်အစိုးရက ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းထားသည်။ ပြည်နယ်အစိုးရအဖွဲ့၏ တိုက်တွန်းနှိုးဆော်ချက်ကို မွန်မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်အတွက် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ဆက်လက်တိုက်တွန်း နှိုးဆော်သွားမည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူး နိုင်မန်ရာဇာက ပြောသည်။ “ပြီးခဲ့တာတွေက ကျွန်တော်တို့က အစပေါ့နော်။ ကျောင်းတက်တော့ နာမည်ရှေ့မှာ မင်းထည့်ခဲ့ပေမယ့် မောင်ပဲ ထွက်လာတယ်။ အသက်ကြီးလာတော့ “နိုင်” […]

ကိုဗစ်ကြောင့် ဝေးလံခေါင်သီသည့်ဒေသတွင် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ

diz_admin

June 8, 2020

Covid-19 ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းက ဝေးလံခေါင်သီသည့်ဒေသရှိ ပြည်သူများ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (Human Rights Foundation of Monland) က ပြောသည်။ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒေသန္တရအစိုးရနှင့် မွန်ပြည်သစ်ပါတီတို့၏ အသွားအလာကန့်သတ်မှုနှင့် သီးသန့်ပိတ်ပင်ထားမှု (lockdown) တို့ကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသခံပြည်သူများ ကြုံတွေ့ခံစားနေရသည့် နေ့စဉ်လူမှု စီးပွားဘဝ ကျပ်တည်းမှုအခြေအနေကို မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက မြေပြင်ကွင်းဆင်း စစ်တမ်းကောက်ယူခဲ့ပြီး မကြာမီ အစီရင်ခံစာထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ ဒေသန္တရအစိုးရနှင့် မွန်ပြည်သစ်ပါတီတို့၏ တားမြစ်မှုများသည် ရောဂါပြန့်ပွားခြင်းကို တားဆီးနိုင်ခဲ့သော်လည်း အခြားတစ်ဖက်တွင် ဒေသခံပြည်သူလူထုများ၏ နေ့စဉ်လူမှုစီးပွားဘဝအပေါ် ရိုက်ခတ်မှုများစွာ ဖြစ်ပေါ်စေခဲ့သည်ဟု စမ်းတမ်းကောက်ယူခဲ့သည့် အချက်အလက်များအပေါ် အခြေခံပြီး မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း တာဝန်ရှိသူများက ပြောသည်။ “အစိုးရအထောက်အပံ့နဲ့ လူသားချင်းစာနာထောက်ထားမှု […]