မွန်ပါတီတွင် ကိုယ်စားလှယ်လောင်း လျှောက်ထားမှု အမျိုးသမီး အလွန်နည်း
diz_admin
July 28, 2020မွန်ညီညွတ်ရေးပါတီတွင် ကိုယ်စားလှယ်လောင်း လျှောက်လာသည့်စာရင်းတွင် အမျိုးသမီးအရေအတွက် အလွန်နည်းသည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောကြားသည်။ ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မွန်ညီညွတ်ရေးပါတီကိုယ်စားပြု လျှောက်လာသည့် ကိုယ်စားလှယ်လောင်း ၈၀ ကျော်အနက် အမျိုးသမီး ၁၀ ဦးခန့်သာ ပါဝင်လာသည်ဟု ၎င်းက ပြောသည်။ “ကျွန်တော်တို့ကတော့ ဖိတ်ခေါ် ထားတာပဲလေ။ အရည်အချင်းတူရင် အမျိုးသမီးကို ဦးစားပေးမယ်ဆိုတာ” ဟု နိုင်စံတင်က ပြောသည်။ မွန်ရှိ တိုင်းရင်းသားလူမျိုးများအကြောင်း သင်ကြားမည် မွန်ညီညွတ်ရေးပါတီအနေနှင့် ပါတီတွင်း အမျိုးသမီးပါဝင်မှုကို အကန့်အသတ်မရှိ လမ်းဖွင့်ပေးထားသည့်အပြင် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် အမျိုးသမီးကို ဦးစားပေးမည်ဆိုသည့် မူဝါဒ ချမှတ်ထားသည်။ မြို့နယ်အဆင့်တွင် ကိုယ်စားလှယ်လောင်း လျှောက်ထားသည့်အနက် အမျိုးသမီးပါဝင်မှု ၂၅ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်းအကြားတွင် […]