မွန်အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်တန်း ၁၂ ဦးသာ အောင်
diz_admin
August 18, 2020မွန်ပြည်သစ်ပါတီ မွန်အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသားကျောင်းများမှ တက္ကသိုလ်ဝင်တန်း ၁၂ ဦးသာ အောင်သည်ဟု မွန်အမျိုးသားပညာရေးကော်မတီ (Mon National Education Committee-MNEC) ထံမှ သိရသည်။ မွန်အမျိုးသားပညာရေးဌာန အောက်တွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ ညီစား အထက်တန်းကျောင်း၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်္ကပါကျောင်း၊ ရေးမြို့နယ် အံဒင်အထက်တန်းကျောင်းဟူ၍ အထက်တန်းကျောင်း သုံးကျောင်း ရှိသည်။ မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု ပြန်လည်များပြာ အဆိုပါ အထက်တန်းကျောင်း သုံးကျောင်းတို့မှ ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်တွင် ကျောင်းသူ ကျောင်သား ၁၄၄ ဦး တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၂ ဦးသာ အောင်ခဲ့သည်ဟု မွန်အမျိုးသားပညာရေးကော်မတီထံမှ သိရသည်။ ရာခိုင်နှုန်းအားဖြင့် ၈ ရာခိုင်နှုန်းကျော်သာ ဖြစ်သည်။ […]