အမျိုးသမီးများ မဲပေးကြရန် မွန်အမျိုးသမီးများကွန်ရက် နှိုးဆော်
diz_admin
October 22, 2020မကြာခင်ကျင်းပတော့မည့် ရွေးကောက်ပွဲတွင် အမျိုးသမီးမဲဆန္ဒရှင်များအနေနှင့် မဲထွက်ပေးကြရန် မွန်အမျိုး သမီးကွန်ရက်က ကမ်ပိန်းပြုလုပ်ပြီး တိုက်တွန်းနှိုးထားသည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက်များအရ ယင်း ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း မဲပေးသူ တစ်ဝက်ခန့်သာရှိပြီး မဲလာမပေး သူအများစုသည် အမျိုးသမီးများဖြစ်သည်။ ထို့ကြောင့် လာမည့် ရွေးကောက်ပွဲတွင် အမျိုးသမီးများ မဲများများပေးစေရန် လုပ်ဆောင်ရခြင်းဖြစ်သည်ဟု မွန်အမျိုးသမီးကွန်ရက်မှ မိချယ်ရီစိုးက ပြောသည်။ “အမျိုးသမီးတွေရဲ့အသံ လွှတ်တော် ထဲရောက်အောင် မဲထွက်ပေးကြပါ။ မဲ ဆန္ဒရှင်တွေ လုပ်ကြပါ။ နိုင်ငံသား တာဝန်ယူကြပါဆိုပြီး ကမ်ပိန်းလုပ် နှိုးဆော် တိုက်တွန်းနေတာရှိတယ်။ ရောဂါကိုလည်း ကာကွယ်၊ မဲလည်း ထွက်ပေးကြဖို့” ဟု ၎င်းက ပြောသည်။ မွန်အမျိုးသမီးကွန်ရက်အနေနှင့် အမျိုးသမီးများ မဲပေးရာတွင်လည်း မှန်ကန်သည့် ကိုယ်စားလှယ်လောင်း ရွေးချယ်နိုင်ရေး […]