BREAKING
May 10, 2025

မွန်

အယောင်ဆောင်မဲပေးသူကို အမှုဖွင့်

diz_admin

November 9, 2020

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်နေ မဲဆန္ဒရှင်တစ်ဦးကို အယောင်ဆောင်မဲပေးမှုဖြင့် အမှုဖွင့် အရေးယူထားသည်ဟု မော်လမြိုင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဌေးလွင်က ပြောသည်။ နိုဝင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ကျောက်တန်းရပ်ကွက်နေ ရွှေထွန်းဆိုသူ က ၎င်း၏ညီ တင်ရွှေဆိုသည့် နာမည်ပါ မှတ်ပုံတင်ဖြင့် ရပ်ကျေးကော်မရှင်ရုံးတွင် ကြိုတင်မဲလာပေးခဲ့သည်ကို စိစစ်တွေ့ရှိ ပြီး ကော်မရှင်က ‌အမှုဖွင့်လိုက်ခြင်းဖြစ်သည်။ “မဲလာပေးသူက သူ့နာမည် ရွှေထွန်း မှတ်ပုံတင်က သူ့ညီမှတ်ပုံတင် တင်ရွှေဆိုတဲ့ မှတ်ပုံတင်ယူပြီးတော့ မဲလာပေးတယ်။ တင်ရွှေကတော့ မဲစာရင်းမှာ ပါနေတယ်။ လာပေးတော့ ပါတီတွေက တွေ့ရှိသွားတာပေါ့နော်” ဟု ဦးဌေးလွင် က ပြောသည်။ ၎င်းအား အယောင်ဆောင်မဲပေးမှုအဖြစ် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မ ၅၉(ဇ) ဖြင့်အရေးယူကာ […]

မဲပေးရန် မနက် ၅ နာရီကတည်းက စောင့်

diz_admin

November 7, 2020

မော်လမြိုင်၊ မုပွန်ရပ်ကွက် မဲရုံအမှတ် ၂ တွင် မဲရုံမဖွင့်မီ နံနက် ၅ နာရီ ဝန်းကျင်ကတည်းက စောင့်ဆိုင်းတန်းစီနေခဲ့ကြသည်ကို တွေ့ရသည်။ ယခုမဲရုံတွင် ရေတပ်၊ တပ်ငွေစာရင်း၊ ရဲ စသည့် မဲဆန္ဒရှင်များ အပါအဝင် မဲဆန္ဒရှင် ၂၀၀၀ ကျော်ရှိသည်။ ဓါတ်ပုံ – ယဥ်စနိုင်း

ကျိုက်ထီးရိုးအပါအဝင် မွန်ပြည်နယ် အထင်ကရဘုရားပွဲများ မကျင်းပဖြစ်

diz_admin

November 6, 2020

မွန်ပြည်နယ်တွင်းက နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသည့် အထင်ကရ ဘုရားပွဲတော်များဖြစ်သည့် ကျိုက်ထီးရိုးဘုရားနှင့် ကျိုက္ခမီဘုရားပွဲတော်ကို ကိုဗစ်ကူးစက်ရောဂါကြောင့် ကျင်းပဖြစ်တော့မည်မဟုတ်ကြောင်း ဘုရား ဂေါပကအဖွဲ့တို့ထံမှ သိရသည်။ ကျိုက်ထိုမြို့ရှိ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားပွဲတော်ကို နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့တွင် စတင်ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင် ကိုဗစ်ကူးစက်ရောဂါကြောင့် ဘုရားပွဲ ကျင်းပဖြစ်တော့မည် မဟုတ်ဟု ဘုရားဂေါပကအဖွဲ့ဝင် ဦးအေးမြင့်သိန်း က ပြောသည်။ ကိုဗစ်ကူးစက်ရောဂါဖြစ်စ မတ်လကတည်းက ကျိုက်ထီးရိုးဘုရား တောင်ပေါ်သို့ မော်တော်ယာဉ်ဖြင့် တက်ရောက်ခြင်းကို ပိတ်ပင်ထားခဲ့သည်။ မွန်တွင် အသက် ၆၀ နှင့်အထက် ကြိုတင်မဲပေးရမည့်သူ လေးသိန်းကျော်ရှိ “ကားလမ်းကတော့ ပိတ်ထားတယ်။ ဘုရားလာဖူးလို့ ရပါတယ်။ တောလမ်းကနေ ခြေလျင်နဲ့ တက်လာ လို့ရပါတယ်။ ဒါပေမဲ့ ကိုဗစ်ဒုတိယ လှိုင်းမှာတော့ လာတဲ့လူတွေ မရှိတော့ဘူး” ဟု ကျိုက်ထီးရိုးဘုရား […]

မွန်တွင် အသက် ၆၀ နှင့်အထက် ကြိုတင်မဲပေးရမည့်သူ လေးသိန်းကျော်ရှိ

diz_admin

November 4, 2020

မွန်ပြည်နယ်တစ်ခုလုံးတွင်အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်မဲပေးရမည့် မဲဆန္ဒရှင်က လေးသိန်းကျော်ရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရှိ စာရင်းအရ သိရသည်။ ကိုဗစ်ကူးစက်မှုအခြေအနေကြောင့် အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ အားလုံးကို ကြိုတင်မဲပေးရန် ကော်မရှင်က ခွင့်ပြုထားသည်။ ၎င်းတို့မှာ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်မဲပေးရမည်ဖြစ်သည်။ Stay at home သတ်မှတ်ထားသည့် မြို့နယ်နှင့် လူဦးရေ ထူထပ်သည့်မြို့နယ်တို့တွင် နေထိုင်သည့် အသက် ၆၀ နှစ် နှင့်အထက် မဲဆန္ဒရှင်တို့က နေအိမ်တွင် ကြိုတင်မဲပေးရမည်ဖြစ်သည်။ ကျန်မြို့ နယ်များရှိ အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များက သက်ဆိုင်ရာ ကော်မရှင်ထံသို့ ကိုယ်တိုင်သွားရောက် ကြိုတင် မဲပေးရမည်ဖြစ်သည်။ အကယ်၍ ကျန်းမာရေးအခြေအနေအရ မဲရုံသို့ […]

MCL ဘိလပ်မြေစက်ရုံ လုပ်ငန်းအားလုံး ရပ်ဆိုင်း

diz_admin

October 30, 2020

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တွင်းရှိ ကျောက်မီးသွေးလောင်စာဖြင့် လည်ပတ်နေသည့် မော်လမြိုင်ဘိလပ်မြေ စက်ရုံ (Mawlamyine Cement Ltd. (MCL)မှာ လုပ်ငန်းတစ်ခုလုံးကို အောက်တိုဘာ ၁၅ ရက်နေ့မှ စ၍ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း စက်ရုံက ထုတ်ပြန်လိုက်သည်။ ဘိလပ်မြေထုတ်လုပ်မှုအတွက် သိုလှောင်ထားသော Clinkers (ကုန်ကြမ်းလေးမျိုးပေါင်းစပ်ရာမှထွက်လာသောမီးသင့်ကျောက်) များ ကုန်ခမ်းသွားသည့်အတွက် ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို ရပ်ဆိုင်းလိုက်ရခြင်းဖြစ်သည်ဟု စက်ရုံက အောက်တိုဘာ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။ MCL အနေဖြင့် ဘိလပ်မြေထုတ် လုပ်ရာတွင် အဓိကကျသည့် ကုန်ကြမ်းဖြစ်သော ထုံးကျောက်ကုန်ကြမ်း ပြတ်လပ်မှုကြောင့် ဇူလိုင်လ ၁၅ ရက်နေ့မှ စပြီး ၎င်းလုပ်ငန်း လည်ပတ်မှု၏ အဓိက အပိုင်းများကို ရပ်ဆိုင်းထားခဲ့ကာ အလုပ်သမား ၁၀ဝ၀ ကျော် အလုပ်အကိုင် ဆုံးရှုံးခဲ့ရပြီး ယခုအခါ […]

ကရင်၊ မွန်နှင့် ပအိုဝ်းပါတီကို ထောက်ခံကြောင်း တိုင်းရင်းသားလူငယ်များ ပူးပေါင်းအင်အားပြ

diz_admin

October 27, 2020

လာမည့်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကရင်ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေး ပါတီနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီတို့ကို ထောက်ခံကြောင်း ပြည်နယ်အတွင်းရှိ ကရင်၊ မွန်နှင့် ပအိုဝ်းလူငယ်များ ပူးပေါင်းပြီး သထုံမြို့တွင် အင်အားပြခဲ့ကြသည်။ အဆိုပါ မွန်၊ ကရင်နှင့် ပအိုဝ်းပါတီကို ထောက်ခံကြောင်း အင်အားပြသည့် ပွဲသို့ တိုင်းရင်းသားလူငယ်များအပြင် တိုင်းရင်းသားပါတီတို့ကို အားပေးထောက်ခံကြသူများလည်း ပူးပေါင်းပါဝင်ခဲ့ကြပြီး အင်အားထောင်ချီရှိသည်ဟုလည်း ဒေသခံတို့က ပြောသည်။ သထုံမြို့နယ် မဲဆန္ဒနယ်များတွင် ကရင်ပြည်သူ့ပါတီနှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီတို့ကသာ ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ပြီး မွန်ညီညွတ်ရေးပါတီ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသော်လည်း တိုင်းရင်းသားပါတီများ အားကောင်းကြောင်းကို ပြချင်သည့်အတွက် မွန်လူငယ်များလည်း ပူးပေါင်း ပါဝင်ခဲ့ကြခြင်းဖြစ်သည်။ “မွန်ပါတီ ဝင်မပြိုင်တဲ့ သထုံမှာ အခြား ကျွန်တော်တို့ ညီနောင်တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ကရင်ပါတီ ပအိုဝ်းပါတီတွေကို ထောက်ခံတဲ့အနေနဲ့ ဝန်းရံတာပါ။ […]

ကုန်စည်ဝင်ရောက်မှုကြန့်ကြာ သဖြင့် ကုန်ပစွည်းအချို့ ဈေးတက်

diz_admin

October 26, 2020

မွန်ပြည်နယ်အတွင်းသို့ ကုန်စည် ဝင်ရောက်ရာတွင် ကြန့်ကြာမှုများရှိနေသည့်အတွက် ကုန်ပစွည်းအချို့မှာ ဈေးတက်လာကြောင်း ပြည်နယ်အတွင်း ကုန်ရောင်းဝယ်နေသူတို့နှင့် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနတို့ထံမှ သိရသည်။ ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်း ကာလတွင် ရောဂါထိန်းချုပ်နိုင်ရေး ကန့်သတ်မှုများ၊ စစ်ဆေးမှုများ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်က ပြောသည်။ “အထိုက်အလျောက်တော့ ကြန့်ကြာမှုလေးကတော့ ကြုံခဲ့ရတယ်။ ရပ် တန့်သွားတာတော့မဟုတ်ဘူး” ဟု ဦးခင်အောင်သွင်က ပြောသည်။ ကိုဗစ်-၁၉ မဖြစ်ခင်က ကြက်သွန်နီဈေး တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ ရှိခဲ့ရာ ယခုအခါ ၁၃၀ဝ ကျပ် ရှိနေပြီး စားအုန်းဆီဈေးနှုန်းမှာလည်း ယခင်ထက် ကျပ် ၂၀ဝ ခန့် မြင့်တက်လာသည်ဟု ကုန်သည်တို့က ပြောသည်။ “လမ်းမှာ စစ်ဆေးမှုက များတော့ ကုန်စည်ဝင်ရောက်မှုက နောက်ကျတယ်။ […]

တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ဒေသရှိ ပြည်သူများ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေး ခက်ခဲ

diz_admin

October 25, 2020

မြန်မာနိုင်ငံတောင်ပိုင်း၊ တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ဒေသ အောက်ရှိ ပြည်သူများအနေနှင့် ရွေးကောက်ပွဲဖြစ်စဉ်တွင် ပါဝင်နိုင်ရန်မှာ အခက်အခဲများစွာ ရှိနေသည်ဟု မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်းက ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြသည်။ အဆိုပါဒေသရှိ ပြည်သူတို့၏ ရွေးကောက်ပွဲဆိုင်ရာ ကြုံတွေ့နေရသည့် အခြေအနေကို “ဖယ်ကြဉ်မရှိမှ လွတ်မျှတ” ဆိုသည့်ခေါင်းစဉ်ဖြင့် အစီရင်စာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြည်နယ်အတွင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ပြီဟု မွန်ဝန်ကြီးချုပ်ပြော အစီရင်ခံစာတွင် တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ဒေသရှိ ပြည်သူများ မဲပေးပိုင်ခွင့်ရှိနေသော်လည်း မဲစာရင်းတွင် မပါဝင်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်များမရခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုများ မရခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ မဲရုံများ ဝေးကွာလွန်းနေ ခြင်းတို့ကြောင့် ဒေသခံများ ရွေးကောက်ပွဲတွင် ပါဝင်လာရန် အခက်အခဲ စိန်ခေါ်မှု တို့နှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ပါရှိသည်။ “တော်တော်များများက မဲမပေး ဖူးကြဘူး။ သူတို့အတွက် ရွေးကောက်ပွဲ နဲ့ […]