ရန်ကုန်မှ မွန်ပြည်နယ်သို့ ပြန်လာလိုသူများကို အခမဲ့ ပို့ဆောင်ပေးမည်
diz_admin
November 30, 2020ရန်ကုန်မှ မွန်ပြည်နယ်သို့ ပြန်လာလိုသူများကို နိုဝင်ဘာ ၂၈ ရက်နေ့မှစပြီး အခမဲ့ ပို့ဆောင်ပေးသွားမည်ဖြစ်သည်။ ကိုဗစ်ကူးစက်ရောဂါကြောင့် ရန်ကုန်တွင် ပိတ်မိနေပြီး မွန်ပြည်နယ်သို့ ပြန်လာရန် အခက်အခဲကြုံတွေ့နေသူများကို ပြည်နယ်တာဝန်ရှိသူတို့နှင် ပြည်နယ် ကျန်းမာရေးဦးစီးဌာနတို့၏ ညှိနှိုင်းမှုဖြင့် Family Travel နှင့် ရွှေနဒီ Express ခရီးသည်ပို့ဆောင်ရေးတို့က စီစဉ်ပို့ဆောင်ပေးခြင်းဖြစ်သည်။ မှတ်ပုံတင်အမှတ် (၁၀/–) ကိုင်ဆောင်ထားသော ခရီးသည်များကို ဦးစားပေးအနေဖြင့် အခမဲ့ ပို့ဆောင်ပေးသွားမည်ဟု Family Travel ခရီးသွားလုပ်ငန်းထံမှ သိရသည်။ “ကွာရန်တင်းစခန်းတွေမှာ လူဆန့် သလောက်ကို ကျွန်တော်တို့ကနေပြီးတော့ အခမဲ့ စီစဉ်ပို့ဆောင်ပေးမှာဖြစ်ပါတယ်” ဟု Family Travel မှ ကိုဇော်က ပြောသည်။ လိုက်ပါလိုသူများသည် အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် စသည့်အချက်အလက်များဖြင့် နိုဝင်ဘာ […]