BREAKING
May 11, 2025

မွန်

ကိုယ်စားလှယ်လောင်း ၈၅ ရာခိုင်နှုန်းက ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းထား

diz_admin

December 16, 2020

မွန်ပြည်နယ်အတွင်း ရွေးကောက် ပွဲကုန်ကျစရိတ် တင်သွင်းသည့် ကိုယ်စားလှယ် ဒီဇင်ဘာ ၈ ရက်နေ့အထိ စာရင်းအရ ၂၁၉ ဦးရှိသည်ဟု ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ထံမှ သိရသည်။ ရွေးကောက်ပွဲကုန်ကျစရိတ်ကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲတို့မှ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်တို့၏ အမည်ကို ကြေညာသည့် နိုဝင်ဘာ ၁၀ ရက်နေ့ မှ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်တို့ထံ တင်သွင်းရမည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း ၂၅၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ၈၅ ရာခိုင်နှုန်းက အသုံးစရိတ်တင်သွင်းထားခြင်း ဖြစ်သည်။ ဒီဇင်ဘာ ၈ ရက်နေ့ အထိစာရင်းအရ မော်လမြိုင်ခရိုင်တွင် ၉၇ ဦး၊ သထုံခရိုင်တွင် ၁၂၂ ဦးတို့က ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းထားပြီးဖြစ်သည်ဟု […]

မွန်လွှတ်တော် နောက်ဆုံးအစည်အဝေး ဇန်နဝါရီတတိယပတ်တွင် ကျင်းပမည်

diz_admin

December 14, 2020

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၏ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေးကို ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ တတိယအပတ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ က ပြောသည်။ အစည်းအဝေးတွင် မေးခွန်းမေးမြန်းခြင်း အဆိုတင်သွင်းတို့အပြင် ပုဂ္ဂလိက မော်တော်ယာဉ်(ယထက) ဥပဒေကြမ်းနှင့် အသေးစားငွေချေးလုပ်ငန်းဥပဒေ ကြမ်းတို့ကိုလည်း ဆွေးနွေးတင်သွင်း သွားရန်ရှိသည်ဟု မွန်ပြည်နယ်လွှတ် တော်ထံမှ သိရသည်။ “ဇန်နဝါရီ တတိယအပတ် ၁၈ နဲ့ ၂၂ ရက်နေ့အကြားပေါ့ လျာထားတယ်” ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ် တော်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကစတင်ခဲ့ပြီး သြဂုတ်လက ကျင်းပခဲ့သည့်အစည်းအဝေးအထိ ပုံမှန်အစည်းအဝေး ၁၇ ကြိမ်၊ အရေးပေါ် အစည်းအဝေး တစ်ကြိမ်နှင့် အထူး အစည်းအဝေး နှစ်ကြိမ် […]

ဆားကြမ်းဈေး သုံးပုံတစ်ပုံကျ

diz_admin

December 9, 2020

မွန်ပြည်နယ်တွင် ဆားလုပ်ရာသီ အစ၌ ဆားကြမ်းဈေးမှာ သုံးပုံတစ်ပုံခန့် အထိကျသွားသည်ဟု ပြည်နယ်အတွင်းရှိ ဆားအရောင်းအဝယ်ပြုလုပ်နေသူတို့နှင့် ဆားတောင်သူတို့ထံမှ သိရသည်။ ပုံမှန်အားဖြင့် ဆားလုပ်ရာသီအစတွင် ဆားကြမ်းဈေးမှာ ယခုနှစ်တွင် ကိုဗစ်ကန့်သတ်ချက်များကြောင့် ဆားအရောင်းအဝယ်မရှိဘဲ ဈေးမှာ အနိမ့်ဆုံးသို့ ကျသွားသည်ဟု ဆားတောင်သူတို့က ပြောသည်။ “ကိုဗစ်စဖြစ်ကတည်းက ဘယ်ကိုမှ ပို့လို့မရဖြစ်သွားတယ်။ အရောင်းအဝယ်တွေလည်းမရှိ၊ ဈေးကွက် ပျောက်သွားတဲ့အနေအထား ဖြစ်သွားတယ်။ အခု ဆားအသစ်လည်းစထွက်နေပြီး ဆားအဟောင်းကလည်း ဒီအတိုင်းပုံနေတယ်” ဟု သံဖြူဇရပ်မြို့နယ်၊ ပငဆားကွင်း မှ ဆားတောင်သူ နိုင်ထွန်းကြည်က ပြောသည်။ လက်ရှိတွင် ဆားကြမ်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၆၀ မှ ၇၀ အကြား ရှိနေပြီး ယမန်နှစ်ကမူ ယခုလို ဆားလုပ် ရာသီအစတွင် တစ်ပိဿာတွင် ကျပ် ၂၀ဝ […]

မွန်တွင် ကိုဗစ်ရောဂါကူးစက်မှု အရှိန်မြင့်တက်လာဟုဆို

diz_admin

December 8, 2020

မွန်ပြည်နယ်အတွင်း ကိုဗစ်ရောဂါ ကူးစက်မှုမှာ အရှိန်မြင့်တက်လာသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနက ပြောသည်။ မော်လမြိုင်၊ သထုံ၊ ကျိုက်ထို မြို့နယ်တို့တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိမှု များပြားနေပြီး နိုဝင်ဘာ ၂၉ တစ်ရက်တည်းတွင်ပင် ကိုဗစ်ရောဂါကူးစက်လူနာ ၁၄၃ ဦးထိ စံချိန်တင်တွေ့ရှိခဲ့သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မွန်တွင် တရားဝင်ကန့်ကွက်မှု မရှိသေး ကိုဗစ်ရောဂါကူးစက်မှုသည် ရက်ပိုင်းအတွင်း၌ပင် ပိုးတွေ့လူနာ ၅၀ဝ နီးပါးအထိ တိုးလာသည့်အပြင် ပိုးတွေ့ လူနာများနှင့် ထိတွေ့ခဲ့သူလည်း ရာချီ ရှိနေသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနက ပြောသည်။ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူများကို ရောဂါစစ်ဆေးရာတွင်လည်း ထက်ဝက် ခန့်သည် ပိုးထပ်မံတွေ့ရှိသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုပြည် နယ်ဦးစီးမှူး […]

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မွန်တွင် တရားဝင်ကန့်ကွက်မှု မရှိသေး

diz_admin

December 8, 2020

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲ ရလဒ်နှင့်ပတ်သက်၍သော်လည်းကောင်း၊ ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမျှတမှုနှင့်ပတ်သက်၍သော်လည်းကောင်း တရားဝင်ကန့်ကွက်မှု မရှိသေးကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးက ပြောသည်။ ကန့်ကွက်မှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲရလဒ်များ ကြေညာသည့်နေ့မှစ၍ ၄၅ ရက်အတွင်း ကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းရမည်ဖြစ်သည်။ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေနှင့် ရွေးကောက်ရလဒ်များကို နိုဝင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ရက် ၂၀ ကြာသည့် နိုဝင်ဘာလကုန်အထိ ကန့်ကွက်မှု မရှိသေးကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်း လင်းထက်က ပြောသည်။ “လောလောဆယ်မရှိသေးဘူးပေါ့နော်။ တင်ဖို့ပြင်နေကြတယ်နဲ့တူတယ်” ဟု ၎င်းက ပြောသည်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက မွန်ပြည်နယ်တွင် ကန့်ကွက်လွှာတင်သွင်း သူမရှိခဲ့သော်လည်း ယခု ရွေးကောက် ပွဲတွင်မူ ကန့်ကွက်လွှာတင်သွင်းသူရှိလာနိုင်သည်ဟု […]

အာမခံငွေ ပြန်ရသည့် ကိုယ်စားလှယ်လောင်း ၁၀၉ ဦးရှိ

diz_admin

December 4, 2020

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်းများအနက်မှ ရွေးကောက်ပွဲ ဝင်ခွင့် အာမခံငွေ ပြန်လည်ရရှိသည့် ကိုယ်စားလှယ်လောင်း ၁၀၉ ဦးရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ ရွေးကောက်ပွဲဝင်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများသည် လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင် သွင်းလွှာနှင့်အတူ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ကျပ်သုံးသိန်း ပေးသွင်းထားရသည်။ မွန်တွင် ကိုဗစ်ကူးစက်မှု များလာသည့်အတွက် ကုသရေးနေရာ ထပ်ချဲ့ ကိုယ်စားလှယ်လောင်းများ တင်သွင်းထားခဲ့ရသည့် အာမခံငွေမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ်လောင်းများနှင့် ခိုင်လုံမဲ ရှစ်ပုံတစ်ပုံ (ရာခိုင်နှုန်းအားဖြင့် ၁၂ ဒသမ ၂၅ ရာခိုင် နှုန်း) နှင့်အထက် ရရှိသော ကိုယ်စား လှယ်လောင်းများကသာ ပြန်လည်ရရှိ မည်ဖြစ်သည်။ မွန်ပြည်နယ်အတွင်း ရွေးကောက် ပွဲဝင်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၂၅၇ ဦးတွင် ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ်လောင်း […]

မွန်တွင် ကိုဗစ်ကူးစက်မှု များလာသည့်အတွက် ကုသရေးနေရာ ထပ်ချဲ့

diz_admin

December 2, 2020

မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှု များလာနေသည့်အတွက် ကိုဗစ်လူနာ များအား ဆေးကုသရန် နေရာတစ်နေရာ ထပ်တိုးချဲ့ထားလိုက်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ ပြည်နယ်အတွင်းက ကိုဗစ်အတည် ပြုလူနာများကို မော်လမြိုင်ပြည်သူ့ဆေး ရုံကြီးတွင်သာ ကုသမှုပေးနေပြီး ယခု ရက်ပိုင်းအတွင်း ပိုးတွေ့လူနာ များလာသည့်အတွက် သထုံမြို့တွင် ကုသရေး တစ်နေရာ ထပ်တိုးချဲ့လိုက်ခြင်းဖြစ်သည်။ ညမထွက်ရအမိန့် ဖောက်ဖျက်သူ နှစ်လအတွင်း ၁၀ဝ နီးပါးကို အရေးယူ ပြည်နယ်အတွင်းတွင် ကိုဗစ်ကူးစက်လူနာအရေအတွက်တိုးလာနေရာ ကုသရေးအခက်အခဲရှိမည်စိုးသောကြောင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒု-ပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောသည်။ ထပ်တိုးချဲ့လိုက်သည့် ကိုဗစ်ကုသ ရေးနေရာသည် သထုံမြို့ရှိ စက်မှုသင်တန်းကျောင်းနေရာဖြစ်ပြီး သထုံခရိုင်အတွင်း ပို့တွေ့လူနာများကို ကုသပေးသွားမည်ဖြစ်သည်ဟု သထုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ မွန်ပြည်နယ်တွင် ရွေးကောက်ပွဲ နောက်ပိုင်း […]

ညမထွက်ရအမိန့် ဖောက်ဖျက်သူ နှစ်လအတွင်း ၁၀ဝ နီးပါးကို အရေးယူ

diz_admin

November 30, 2020

မွန်ပြည်နယ်တွင် ညမထွက်ရ အမိန့်ဖောက်ဖျက်မှုဖြင့် အရေးယူထားသူ နှစ်လအတွင်း ၁၀ဝ နီးပါးရှိသည်ဟု ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။ ကိုဗစ်ကူးစက်မှုများသည့် မော်လမြိုင်မြို့နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်း မြို့နယ်တို့ကို ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ညမထွက်ရအမိန့်ကို စက်တင်ဘာ ၂၅ ရက်နေ့က စတင်ထုတ် ပြန်ထားသည်။ အမိန့်ထုတ်ပြန်ထားသည့် နှစ်လအတောအတွင်း အမိန့်ဖောက်ဖျက်သူ မော်လမြိုင်မြို့နယ်မှ ၉၃ ဦးနှင့် ဘီးလင်းမြို့နယ်မှ ၂ ဦးတို့ကို အရေးယူထားပြီး ဖြစ်သည်ဟု မော်လမြိုင်မြို့နယ် အုပ်ချုပ် ရေးမှူး ဦးဝေလင်းထွန်းက ပြောသည်။ “အများစုကတော့ အမျိုးသားတွေ ဖြစ်တယ်။ အမျိုးသမီးလည်းပါတယ်။ ကလေးသူငယ်တချို့လည်း ပါဝင်တယ်” ဟု မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ပြောသည်။ အမိန့်ဖောက်ဖျက်သူများအား ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ […]