NLD ပါတီနှင့် တွေ့ဆုံရန် အသင့်ဟု မွန်ပါတီဆို
diz_admin
January 5, 2021မွန်ညီညွတ်ရေးပါတီအနေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) နှင့် တွေ့ဆုံဆွေးနွေးသွားရန် အသင့်ပြင်ဆင်ထားသည်ဟု ပါတီပြောရေးဆိုခွင့် ရှိသူ နိုင်လယိတမက ပြောသည်။ NLD ပါတီအနေနှင့် တိုင်းရင်းသား ပါတီတို့နှင့် တွေ့ဆုံဆွေးနွေးသွားရန် အဖွဲ့ဝင် ၃ ဦးပါသည့်အဖွဲ့ ဖွဲ့စည်းထားပြီး ပထမဦးဆုံးအနေနှင့် ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံသွားမည်ဟု ပါတီခေါင်းဆောင်တို့က ဒီဇင်ဘာ ၂၉ ရက်နေ့က ထုတ်ဖော်ပြောဆိုထားသည်။ NLD ၏ တိုင်းရင်းသားပါတီတို့နှင့် တွေ့ဆုံဆွေးနွေးမည့်အပေါ် ကြိုဆိုပြီး အပြုသဘောနှင့် လက်ခံတွေ့ဆုံသွားမည်ဟု မွန်ညီညွတ်ရေးပါတီက ဆိုထားသည်။ “သူတို့ (NLD ) က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းလာမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ပါတီဘက်ကလည်း အပြုသဘောနဲ့ လက်ခံတွေ့ဆုံဖို့ အသင့်ရှိပါတယ်” ဟု နိုင်လယိတမက ပြော သည်။ သို့သော်လည်း တွေ့ဆုံဆွေးနွေး […]