ဒေါက်တာ အောင်နိုင်ဦးကို ကန့်ကွက်မှု စစစ်မည်
diz_admin
January 28, 2021မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်နယ်မဲဆန္ဒနယ် (၁) တွင် အနိုင်ရရှိထားသည့် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးကို ကန့်ကွက်ထားသည့်ကိစ္စကို ဖေဖော်ဝါရီ ၃ ရက်တွင် စတင်စစ်ဆေးမည်ဖြစ်သည်။ ကန့်ကွက်ခံထားရသည့်ကိစ္စနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၃ ရက်တွင် ထုချေလွှာတင်သွင်းရမည့်အကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အကြောင်းကြားစာပေးပို့ထားပြီးဖြစ်သည်ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။ ရွေးကောက်ပွဲ သုံးကြိမ်ဆက်တိုက် အနိုင်ရရှိထားပြီး လက်ရှိ မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ တာဝန်ယူထားရသည့် ဒေါက်တာအောင်နိုင်ဦးကို NLD ပါတီမှ လက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ကန့်ကွက်ထားသည်။ “အမှားအယွင်း တစ်စုံတစ်ရာ ပြု လုပ်ထားခြင်းမရှိဘူးလို့ ကျွန်တော့်ကိုယ် ကျွန်တော်ယုံကြည်တယ်။ ဒါကြောင့် ကန့်ကွက်လွှာအပေါ်မှာ အကောင်းဆုံး ခုခံချေပသွားမယ်” ဟု ဒေါက်တာ အောင်နိုင်ဦးက […]