သံဖြူဇရပ်တွင် လူငယ်တစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး သေဆုံး
Dawei Watch
December 13, 2024မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကုန်းမြင့်သာယာကျေးရွာအနီး ရော်ဘာခြံတွင် အသက် ၂၀ အရွယ် လူငယ်တစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာနေ အသက် ၂၀ ကျော်အရွယ် မောင်သက်အောင်ဆိုသူသည် ရော်ဘာခြစ်ရန် ဒီဇင်ဘာလ ၄ ရက်နေ့က နေအိမ်မှ ကုန်းမြင့်သာယာကျေးရွာအနီး ရော်ဘာခြံသို့ ထွက်သွားပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ပျောက်ဆုံးနေသည့် မောင်သက်အောင်ကို မိသားစုဝင်တို့က လိုက်လံရှာဖွေရာမှ ရော်ဘာခြံတွင် မိုင်းထိထားသည့် ဒဏ်ရာဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။ “သူက ပျောက်နေတာ တစ်ပတ်လောက်ရှိတာပေါ့ လိုက်ရှာကြပေမယ့် မတွေ့ဘူး။ နောက်ဆုံးတော့ ရော်ဘာခြံမှာ အလောင်းပြန်တွေ့တယ်။ မိုင်းထိထားတဲ့ ဒဏ်ရာတွေနဲ့” ဟု သံဖြူဇရပ်ဒေသခံတစ်ဦးက ပြောသည်။ မောင်သက်အောင် မိုင်းနင်းမိသည့်နေရာသည် […]