BREAKING
May 12, 2025

မွန်

မွန် ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရ

diz_admin

March 9, 2021

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် NLDလွှတ်တော်ကိုယ်စားလှယ်အချို့တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရကြောင်း ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တာဝန်ရှိသူတို့ထံမှ သိရသည်။ ဝန်ကြီးချုပ်အား အလုပ်မဆင်း ဆန့်ကျင်ရေး CDM တွင် ပါဝင်သည့် ဝန်ထမ်းများနှင့် ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာမှတဆင့် ဗီဒီယိုဖြင့် ပြောကြား ခဲ့ခြင်းကြောင့်နှင့် လွှတ်တော်ကိုယ်စား လှယ်တို့အား စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတို့တွင် ပါဝင်ခဲ့ခြင်းကြောင့် တရားစွဲဆိုခံရခြင်းဖြစ်သည်ဟု ပါတီ တာဝန်ရှိသူတို့ထံမှ သိရသည်။ “ကိုယ်စားလှယ်တွေက ဆန္ဒဖော် ထုတ်တဲ့ နေရာမှာ ပါဝင်လို့ အဲဒါကို ၅၀၅(က)နဲ့ တရားစွဲထားတယ်၊ ဖမ်းခံထားရတာရှိတယ်၊ တချို့ကလည်း ရှောင်နေရတယ် ဝန်ကြီးချုပ်ကျတော့ အဖမ်းခံ ထားရတယ်လေ။ သူ့ကိုလည်း တရားစွဲ ထားတယ်” ဟု NLD ပြည်နယ်တာဝန်ရှိသူ […]

အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်ရန် မွန်လူထုအခြေပြုအဖွဲ့ အစည်း ကွန်ရက်တောင်းဆို

diz_admin

March 9, 2021

အာဏာသိမ်းမှုကို မကျေနပ်သည့် တိုင်းရင်းသားပြည်သူတို့၏ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့်အပေါ် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က အကြမ်းဖက်နေသည့် လုပ်ရပ်များ ရပ်တန့်ရန် မွန်လူထုအခြေ ပြုအဖွဲ့အစည်းကွန်ရက်က ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်သည်။ အကြမ်းဖက် နှိမ်နှင်းနေသည့် လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချ ကြောင်းလည်း မွန်လူထုအခြေပြုအဖွဲ့အစည်းကွန်ရက်၏ မတ်လ ၃ ရက်က ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ပြောထားသည်။ “ဆန္ဒပြသူပြည်သူများအား လက်နက်အင်အားဖြင့် အကြမ်းဖက်တဲ့ လုပ်ရပ်သည် လက်ရှိ ပြည်တွင်း ဥပဒေများအား ချိုးဖောက်ရုံသာမက နိုင်ငံ တကာဥပဒေအရ အလွန်ပြင်းထန်ဆိုးဝါးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ် သည်ဟု သုံးသပ်တယ်” ဟု မွန်လူထုအခြေပြုအဖွဲ့အစည်းကွန်ရက် တာဝန်ရှိသူ တစ်ဦးက ပြောသည်။ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး ပဋိက္ခအား အင်အားသုံးမဖြေရှင်းဘဲ တပ်ကောင်စီအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပြီး […]

မွန်ဝန်ကြီးတစ်ဦး ပုဒ်မ ၅၀၅ ဖြင့် တရားစွဲခံရ

diz_admin

March 4, 2021

၀န်ထမ်းများနှင့် ပတ်သက်ပြီး စာထုတ်ခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင် မှာ ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံထားရသည်။ ဝန်ထမ်းများအားရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များ အစိုးရအသစ် ဖွဲ့စည်းချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးလိုက်ကြောင်း၊ CDM တွင် ပါသည့် ဝန်ထမ်းများအား မှတ်တမ်း တင်ကြောင်းပါသည့် စာတစ်စောင်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဝန်ကြီးချုပ် ကိုယ်စား ဦးထွန်းမင်းအောင်က ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်စာနှင့် ပတ်သက်ပြီး ဦးထွန်းမင်းအောင်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) ဖြင့် မော်လမြိုင်မြို့နယ် တရားရုံးတွင် အမှုကြီးအမှတ် (၃၄၇/ ၂၀၂၁) ဖြင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဦးတိုက်လျှောက်ထားကြောင်း သိရသည်။ “ဝန်ထမ်းများအတွက် စာတစ် စောင်ထုတ်ပြန်ခဲ့ခြင်းဟူသော […]

နစကတွင် ပါဝင်မည့်ကိစ္စ မွန်ပါတီ ပြန်ဆွေးနွေးမည်

diz_admin

February 22, 2021

မွန်ညီညွတ်ရေးပါတီ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက) တွင် ပါဝင်ရန် လက်ခံထားသည့်အပေါ် ပါတီဗဟိုကော်မတီအစည်းအဝေးတွင် ပြန်လည်ဆွေးနွေးသွားရန်ရှိသည်ဟု ပါတီဗဟိုကော်မတီတို့မှ သိရသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တွင် ပါဝင်သည်ကို လက်မခံသည့် ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ၁၂ ဦးတို့က ကောင်စီတွင် ပါဝင်မည့် ကိစ္စသည် ပါတီ၏ မူဝါဒနှင့်အညီ ပြန်လည်သုံးသပ် ဆွေးနွေးရန်အတွက် ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေး ခေါ်ပေးရန် လက်မှတ်ထိုး တောင်းဆို ခဲ့သည်။ ပါတီဗဟိုအလုပ်အမှုဆောင်ကော် မတီဝင်အချို့တို့၏ တောင်းဆိုချက်အရ ဗဟိုကော်မတီဝင် အစည်းအဝေးတစ်ရပ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ခေါ်ယူကျင်းပရန် လျာထားသော်လည်း လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေကြောင့် အစည်းအဝေးကို ရက်ရွှေ့ဆိုင်းထားသည်ဟု ပါတီခေါင်း ဆောင်တို့က ပြောသည်။ “ဥက္ကဋ္ဌအဖွဲ့ရဲ့ ညွှန်ကြားချက်အရ ရက်ရွှေ့လိုက်တယ်လို့တော့ပြောတယ်။ […]

မော်လမြိုင်တွင် ရထားပိတ် ဆန္ဒပြ

diz_admin

February 22, 2021

ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်း မော်လမြိုင်ဘူတာမှ ရန်ကုန်သို့ ထွက်ခွာမယ့် အမှတ် ၉၀ အစုန်ရထားကို ပြည်သူတွေက လမ်းပိတ်ဆို့ ဆန္ဒပြခဲ့ ကြပါတယ်။ လမ်းပိတ်ဆို့ ဆန္ဒပြသူတွေ တဖြည်းဖြည်းများလာပြီး နေ့လယ် ၁၂ နာရီလောက်မှာ ရထားဟာ ဘူတာဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အာဏာသိမ်း ဆန့်ကျင်တဲ့ မြန်မာ့ မီးရထား ဝန်ထမ်းတွေရဲ့ အဖြစ်အပျက်ကို နိုင်ငံတကာ မီဒီယာတွေမှာ အသားပေး ဖော်ပြခဲ့ကြပါတယ်။

မွန်တွင် ဘဏ်အများစု ပိတ်ထား

diz_admin

February 22, 2021

ဘဏ်ဝန်ထမ်း အများအပြား အလုပ်မဆင်းဘဲ ဆန္ဒပြနေသဖြင့် မွန်ပြည်နယ်ရှိ ဘဏ်အများစု ပိတ်ထားရသည်။ မွန်ပြည်နယ်အတွင်းရှိ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ ရိုးမဘဏ်၊ မြန်မာ့ ရှေ့ဆောင်ဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမဘဏ်၊ AGD ဘဏ် အစရှိ ပုဂ္ဂလိကဘဏ်ခွဲများတည်ရှိ ပြီး ဖေဖော်ဝါရီ ၁၇ ရက်အထိ ပိတ် ထားကြသည်။ တပ်ပိုင် မြဝတီဘဏ်မှာ ပိတ်ထားခြင်းမရှိဘဲ အစိုးရဘဏ်ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်သည်လည်း တပ်မတော်နှင့် ရဲ လုံခြုံရေးယူထားပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖွင့်လှစ်ထားကာ ဘဏ်လုပ်ငန်း ဆောင်ရွက်နေသည်ကို တွေ့ရှိရသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

စစ်အစိုးရ၏ ကမ်းလှမ်းမှု လက်ခံသည့်အပေါ် မွန်ပါတီတွင်း သဘောထားကွဲ

diz_admin

February 19, 2021

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်တွင် ပါဝင်ရန် အာဏာသိမ်း စစ်အစိုးရ၏ ကမ်းလှမ်းမှုကို လက်ခံလိုက်သည့်အပေါ် မွန်ညီညွတ်ရေးပါတီအတွင်း သဘောထားကွဲလွဲမှု ဖြစ်ပေါ်နေသည်ဟု သိရသည်။ မွန်ညီညွတ်ရေးပါတီအနေနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်တွင် ပါဝင်ရန် ကမ်းလှမ်းခံရသည့်အပေါ် ဖေဖော်ဝါရီ ၆ ရက်နေ့က ပါတီဗဟို အလုပ်အမှုဆောင် အရေးပေါ်အစည်း အဝေးခေါ်ယူပြီး ကမ်းလှမ်းမှုကို လက်ခံရန် ဆုံးဖြတ်ခဲ့သည်။ ပါတီဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်သည် ပါတီခေါင်းဆောင် အားလုံး၏ အများစု သဘောထားသာဖြစ်သည်ဟု ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။ “သဘောထားကွဲလွဲမှု တော်တော် ဖြစ်ကြတယ်။ အကြိတ်အနယ် ဆွေးနွေး ကြတယ်။ ကျွန်တော်တို့ကတော့ လက်မခံ သင့်ဘူးဆိုတဲ့ဘက်က ပါတာပေါ့နော်။ ဒါက CEC အများစုက သဘောထားဆန္ဒ နဲ့ ဆုံးဖြတ်ခဲ့လို့ ပြောရမယ်။ CEC အားလုံးရဲ့ သဘောထားဆန္ဒလို့တော့ […]

မွန် ဝန်ကြီးချုပ် ပြန်လည်ဖမ်းဆီး ခံရ

diz_admin

February 19, 2021

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ညက တပ်မတော်က ပြန်လည်ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရသည်။ တပ်မတော်က အာဏာသိမ်းယူ သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ပိုင်းတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပါအဝင် မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးအများစုတို့က တပ် မတော်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအားလုံး ပြန်လွှတ်ပေးခဲ့ပြီး ပြည်နယ်အစိုးရဝန်ကြီးအိမ်ရာတွင် အကျယ်ချုပ်ထားရှိထားရာမှ ဝန်ကြီးချုပ် ကို ပြန်လည်ခေါ်ဆောင်သွားခြင်းဖြစ်သည်။ “ဝန်ကြီးချုပ်ကို မနေ့ညက ပြန် ခေါ်သွားပါတယ်။ ဘယ်ကိုခေါ်သွားလဲတော့ မသိသေးဘူး။ ဘာမှလည်း သတင်းမရသေးဘူး” ဟု နီးစပ်သူတစ်ဦး က ပြောသည်။ ဝန်ကြီးများကိုမူ အစိုးရအိမ်ရာဝင်း အတွင်းတွင်ပင် အကျယ်ချုပ်ထားထားပြီး လုံခြုံရေး တင်းကျပ်ထားသည်ဟု ဝန်ကြီး […]