မော်လမြိုင်တွင် ဗုံး နှစ်ကြိမ်ပေါက်၊ တစ်ဦးဒဏ်ရာရ
diz_admin
May 4, 2021မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မေလ ၄ ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်သွားသည်ဟု မြို့ခံတို့ထံမှ သိရသည်။ ယနေ့နံနက် ၄ နာရီဝန်းကျင်ခန့်က မော်လမြိုင် ပညာရေးကောလိပ်ကျောင်းရှေ့ဆိုင်းဘုတ်အနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျောင်းညကင်းစောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ နံနက် ၅ နာရီဝန်ကျင်းခန့်တွင်လည်း မီးလောင်သွားခဲ့သည့် ရွှေမြိုင်သီရိအုပ်ချုပ်ရေးမှူးရုံးအနီး အသစ်ဖွင့်လှစ်ထားသည့်ရုံးနေရာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံရေး တင်းကြပ်ထားပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။ ယနေ့နံနက်ပိုင်းကဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများကြောင့် မြို့ပေါ်ရပ်ကွက်အများစုတို့တွင်လည်း သွားလာနေသူတို့အား စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မြို့ခံတို့က ပြောသည်။ “မနက်က ပေါက်ကွဲမှုဖြစ်ထားလို့ ထင်တယ်။ ဒီမနက်မှာ နေရာတော်တော်များများမှာ စစ်သားနဲ့ရဲအင်အားနဲ့ စောင့်နေကြပြီးတော့ လမ်းသွားလမ်းလာတွေကို […]