မွန်တွင် ပေါက်ကွဲမှု ဆက်တိုက်ဖြစ်
diz_admin
September 12, 2021အမျိုးသားညိညွတ်ရေးအစိုးရ (NUG) မှ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာလိုက်ပြိးနောက် မွန်ပြည်နယ်အတွင်း၌ ပေါက်ကွဲမှုဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။ NUG အစိုးရ၏ အရေးပေါ်အခြေအနေကြေညာလိုက်သည့် စက်တင်ဘာ ၇ ရက်နေ့နောက်ပိုင်းတွင် စစ်တပ်ကလည်း တစ်ပြည်နယ်လုံးကို လုံခြုံရေး ပိုမိုတင်းကြပ်ထားလိုက်သည်။ ထိုကဲ့သို့ လုံခြုံရေး ပိုမိုတင်းကြပ်ထားသည့်ကြား၌ပင် စက်တင်ဘာ ၁၀ ရက်နေ့ ည ၁၀ နာရိခန့်က သထုံမြို့ပေါ်တွင် ဗုံးဟုယူဆရသည့် ပေါက်ကွဲမှု နှစ်ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့သည်။ “အသံတော့ ကြားရတယ်၊ ဗုံးလား ဘာလားတော့ မသိဘူး၊ ထိခိုက်ဒဏ်ရာရတာတွေ မရှိဘူးလို့တော့ သိရတယ်” ဟု သထုံမြို့ခံတစ်ဦးက ပြောသည်။ သထုံမြို့ပေါ်တွင် NUG အစိုးရ၏ အရေးပေါ်အခြေအနေ ကြေညာလိုက်သည့်နောက် စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း ယခုဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တို့က စစ်ဆေးမှုများ […]