BREAKING
May 10, 2025

မွန်

လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းသွားသည့် မန္တလာမင်းခရီးသည်တင်ယာဉ်မောင်းနှင့် နောက်လိုက် ပြန်မလွတ်သေး

Dawei Watch

January 8, 2025

မော်လမြိုင်-သံဖြူဇရပ်ကားလမ်းတွင် မန္တလာမင်းခရီးသည်တင်ယာဉ်တစ်စီး၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး သုံးရက်အကြာ ယနေ့ ဇန်နဝါရီလ ၈ရက် နံနက်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း အဆိုပါယာဉ်လိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။ မုဒုံဘက်မှ သံဖြူဇရပ်ဘက်သို့မောင်းနှင်လာသည့် အဆိုပါခရီးသည်တင်ကားကို ဇန်နဝါရီလ ၅ ရက် ညနေ ၅နာရီ ဝန်းကျင်က မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာအနီးအရောက်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တားဆီးရပ်တန့်စေခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည် ၂၀ဦးခန့်ကို ကားပေါ်က ဆင်းခိုင်စေပြီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ကို ကားနှင့်အတူ ကွမ်လှာကျေးရွာဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါယာဉ်လိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။ ခရီးသည်များက လမ်းတွင် ကြုံသည့်ကားဖြင့် စီးပြီး ခရီးဆက်ခဲ့ရကြောင်း အဆိုပါခရီးသည်များနှင့် တွေ့ဆုံခဲ့သည့် ဒေသခံအချို့က ဆိုသည်။ မန္တလာမင်းခရီးသည်တင်ယာဉ်ကိုမူ […]

မွန်တွင် လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သူ နှစ်ရာကျော်၌ နိုင်ကျဉ်းငါးဦးသာပါဝင်

Dawei Watch

January 6, 2025

မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းများမှ လွတ်မြောက်လာသည့် အကျဉ်းသား ၂၅၄ ဦးတွင် နိုင်ငံရေးအကျဉ်းသား ငါးဦးသာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများအရေးကူညီဆောင်ရွက်နေသူများထံမှ သိရသည်။ ဇန်နဝါရီ ၄ ရက်နေ့က ကျရောက်သည့် ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက အကျဉ်းသား ၅၈၀၀ ကျော် ပြန်လွှတ်ပေးခဲ့ပြီး ယင်းအနက် မွန်ပြည်နယ်က အကျဉ်းသား ၂၅၄ ဦး ပါဝင်သည်။ ကျိုက်မရော ဗဟိုအကျဉ်းထောင်က ပြန်လွတ်လာလာသူ ၁၄ဦးတွင် နိုင်ငံရေးအကျဉ်းသား အမျိုးသားသုံးဦးနှင့် အမျိုးသမီး နှစ်ဦးပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများအရေး ကူညီလုပ်ဆောင်ပေးနေသူများက ပြောသည်။ ယင်းအပြင် မော်လမြိုင်အချုပ်ထောင်က အကျဉ်းသား ၆၄ဦး၊ သထုံအကျဉ်းထောင်က အကျဉ်းသား ၃၆ဦး၊ ရင်းငြိမ်အလုပ် စခန်းက အကျဉ်းသား ၂၆ ဦး၊ […]

လူငယ်များ ထဲထဲဝင်ဝင် တိုက်ပွဲဝင်ကြရန် မွန်လူငယ်များဖြင့်ဖွဲ့ထားသည့် NRFF တိုက်တွန်း

Dawei Watch

December 27, 2024

လူငယ်များအားလုံး မွန်ပြည်လွတ်မြောက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် စစ်ကောင်စီကို တွန်းလှန်နေသည့် မွန်တော်လှန်ရေးအင်အားစုများတွင် တတ်စွမ်းရာကဏ္ဍမှ ထဲထဲဝင်ဝင် တိုက်ပွဲဝင်သွားကြရန် မွန်လူငယ်များဖြင့် ဖွဲ့စည်းထားသည့် ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က တိုက်တွန်းလိုက်သည်။ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၃ ကြိမ်မြောက် မွန်လူငယ်များနေ့ အထိမ်းအမှတ်အနေဖြင့် NRFF က မွန်လူငယ်များကို ယခုလို တိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် မွန်နိုင်ငံရေးအတွင်း ဝိဝါဒကွဲမှုများကြောင့် တော်လှန်လူငယ်များသည့် မတူညီသည့် တော်လှန်ရေးနယ်မြေများထံ ပြန့်ကျဲရောက်ရှိခဲ့ပြီး မွန်အမျိုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် မွန်ပြည်လွတ်မြောက်ရေးတိုက်ပွဲများသည် ရေဆန်လှော်ရသကဲ့သို့ ခရီးမတွင်ဖြစ်နေသည်ဟု NRFF က ဆိုထားသည်။ စစ်အုပ်စုက ၎င်းတို့ရှင်သန်ရေးအတွက် တစ်ခုတည်းသောထွက်ပေါက်ဖြစ်သည့် ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် လုပ်ဆောင်နေပြီး စစ်အုပ်စု ဆက်လက်ရှန်သန်စေမည့် ရွေးကောက်ပွဲအပါအဝင် လုပ်ဆောင်မှုများအားလုံးကို မွန်လူငယ်များ […]

ရေးမြို့ခံ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီ ထောင်ဒဏ် ၁၅ နှစ်စီချမှတ်

Dawei Watch

December 25, 2024

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ကြောင်း နီးစပ်သည့် မြို့ခံများထံမှ သိရသည်။ အောင်မေတ္တာရပ်ကွက်တွင် ကုန်စုံရောင်းနေသည့် မငယ်ငယ်နှင့် အမျိုးသမီးအခြားတစ်ဦးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပို့ဟုစွပ်စွဲကာ ပြီးခဲ့သည့်စက်တင်ဘာလဆန်းပိုင်းတွင် စစ်ကောင်စီကဖမ်းဆီးခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ယင်းနောက် အဆိုပါအမျိုးသမီးနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း နီးစပ်သည့် မြို့ခံများက ဆိုသည်။ ဖမ်းဆီးပြီး သုံးလကျော်အကြာ ဒီဇင်ဘာ ၂၂ ရက်တွင် စစ်ကောင်စီလက်အောက်ခံ ရေးခရိုင်တရားရုံးက ထောင်ဒဏ် ၁၅ နှစ်စီ ပြစ်ဒဏ် ချမှတ်ကြောင်း ရေးမြို့ခံတစ်ဦးက ပြောဆိုသည်။ “အဓိက PDF ‌တွေကို ဆက်သွယ်တာ ထောက်ပို့လုပ်တဲ့ စွပ်စွဲချက်နဲ့ပဲပေါ့” ဟု ၎င်းက ပြောသည်။ အဆိုပါအမျိုးသမီးနှစ်ဦးကို […]

ကျိုက်ထိုတွင် စစ်ကောင်စီတပ်ပစ်သည့် လက်နက်ကြီးကျည်စထိပြီး ဒေသခံတစ်ဦးသေ၊ လေဦးဒဏ်ရာရ

Dawei Watch

December 24, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးပြီး လေဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ တဂေးချောင်းဖျားကျေးရွာဘက်သို့ စစ်ကောင်စီ အမှတ် ၆၀၂ တပ်ရင်းက လက်နက်ကြီးများဖြင့် ဒီဇင်ဘာလ ၂၁ ရက် နေ့လယ်ပိုင်းတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကြီးကျည်တစ်လုံးသည် တဂေးချောင်းဖျားကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၈ နှစ်အရွယ် ဦးစံကွေး၊ အသက် ၄၀ နှစ်အရွယ် ဦးနေလင်းအောင်နှင့် အသက် ၁၅ နှစ်အရွယ် နော်ဖူးပွင့်ကျော်တို့ လက်နက်ကြီးကျည် ထိမှန် ဒဏ်ရာများရကြောင်း ဒေသခံများက ဆိုသည်။ “ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာကတော့ သူတို့ လုပ်နေကျဖြစ်နေတယ်။ တစ်နေရာရာမှာ ပစ်ခတ်မှု ဖြစ်ကြရင်လည်း ရွာဘက်ကို လက်နက်ကြီးနဲ့ […]

ရေးတွင်စစ်ကောင်စီစခန်းကို တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ဟုဆို

Dawei Watch

December 20, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူဇရပ်လမ်းပိုင်း၊ မော့ကနင်ကျေးရွာအနီး၊ ကွမ်ကျိုက်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်များက ဒီဇင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်သည်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် လေဦးသေဆုံးပြီး၊ ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးရှိ ကွမ်ကျိုက်ကျေးရွာအခြေစိုက် စစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း၊ KNLA တပ်ရင်း(၂၇)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP – AD) နှင့် YPDF တို့ ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စခန်းတွင် စစ်ကောင်စီ ခလရ-၁၀၆ နှင့် ခမရ-၅၈၇ တပ်ရင်းတို့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းတပ်စွဲထားခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၇ […]

တစ်ခုတည်းသော “မွန်တပ်တော်” ဖွဲ့စည်းရေး မွန်တော်လှန်ရေးတပ်လေးဖွဲ့ သဘောတူ

Dawei Watch

December 19, 2024

မွန်တော်လှန်ရေးတပ်များအားလုံး ပါဝင်သည့် တစ်ခုတည်းသော “မွန်တပ်တော်” ဖွဲ့စည်းရန် မွန်တော်လှန်ရေးတပ်ဖွဲ့ လေးခုက သဘောတူဆုံးဖြတ်လိုက်သည်။ ဒီဇင်ဘာလ ၁၈ ရက်က မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အစည်းအဝေးတစ်ရပ်ကျင်းပပြီး ယင်းသို့ သဘောတူခဲ့ကြခြင်းဖြစ်သည်။ တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေးကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြပြီး ပထမအဆင့်အနေဖြင့် တပ်ဖွဲ့လေးဖွဲ့တို့က ပူးတွဲစစ်ရေးလှုပ်ရှားမှုရန် သဘောတူညီခဲ့ကြကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တစ်ခုတည်းသော မွန်တပ်တော် ပေါ်ပေါက်လာရေးအတွက် ဆွေးနွေးမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် စက်တင်ဘာလ တွင် တပ်ဖွဲ့လေးဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသေးကြောင်း မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ခေါင်းဆောင် ဒေါက်တာသီရိမွန်ချမ်းက ပြောသည်။ “(စက်တင်ဘာလ […]

ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်

Dawei Watch

December 17, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီး ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် ယနေ့(ဒီဇင်ဘာ ၁၇) နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ နံနက် ၅ နာရီဝန်းကျင်အချိန်ခန့်ကစပြီး မော့ကနင်ရွာအနီး ကွမ်ကျိုက်ကျေးရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နံနက် ၈ နာရီကျော်ခန့်မှသာ သေနတ်သံတိတ်သွားကြောင်း ဒေသခံတို့က ပြောသည်။ မော့ကနင်ဒေသခံတစ်ဦးက “တိုက်ပွဲက ပြင်းထန်တယ်။ လက်နက်ကြီးသံတွေလည်း ဆက်တိုက်ပဲ။ သေနတ်သံတွေ စကြားတာက မနက် ၅ လောက်ကတည်းက ၈ နာရီကျော်ကျော်လောက်မှာမှ သေနတ်သံ တိတ်သွားတာ” ဟု ပြောသည်။ တိုက်ပွဲကြောင့် ရေး-သံဖြူဇရပ်လမ်းပိုင်း ကားပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး နေ့လယ်ပိုင်းခန့်တွင် အနည်းငယ် အသွားအလာပြန်ရှိကြောင်း စစ်ကောင်စီတပ်ဘက်ကလည်း လမ်းတစ်လျှောက် စစ်ဆေးမှု တင်းကြပ်ထားကြောင်းလည်း ၎င်းကဆိုသည်။ “တိုက်ပွဲဖြစ်နေတော့ ကားတွေလည်း […]