သထုံ NLD လွှတ်တော်ကိုယ်စားလှယ်ကို အလုပ်နှင့်ထောင်ဒဏ် တစ်နှစ် ချမှတ်
diz_admin
December 1, 2021မွန်ပြည်နယ် သထုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို စစ်ကောင်စီတရားရုံးက အလုပ်နှင့် ထောင်ဒဏ် တစ်နှစ် အမိန့်ချမှတ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည့် သထုံ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို နိုဝင်ဘာ ၃၀ ရက်နေ့က သထုံ ဇင်မသွယ် အကျဉ်းထောင်ရှိ စစ်ကောင်စီ အထူးတရားရုံးတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ “မနေ့ (နိုဝင်ဘာ ၃၀ ရက်နေ့) က အမိန့်ချလိုက်တယ်၊ အလုပ်နဲ့ ထောင်ဒဏ်တစ်နှစ် ကျခံဖို့ အမိန့်ချမှတ်လိုက်တယ်”ဟု NLD နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ သထုံမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို ဝန်ထမ်းများအား အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် […]