မွန်လူငယ်များနေ့ကို အကျဉ်းချုံး ကျင်းပမည်
diz_admin
December 27, 2021ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်သည့် (၁၀) ကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနားကို အကျဉ်းချုံးသာ ကျင်းပသွားမည်ဖြစ်ကြောင်း (၁၀) ကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနား ဖြစ်မြောက်ရေးကော်မတီတို့ထံမှ သိရသည်။ ကိုဗစ်ကပ်ရောဂါအခြေအနေနှင့် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးအခြေအနေတို့ကြောင့် ယခုနှစ်တွင် မွန်လူငယ်များနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်း မရှိတော့ကြောင်း အဆိုပါကော်မတီမှ တာဝန်ရှိသူတို့က ပြောသည်။ “ဒီနှစ်လည်း ကိုဗစ်ကပ်ရောဂါနဲ့ လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် အခမ်းအနားကို လူနည်းနည်းနဲ့ အကျဉ်းချုံးပဲ လုပ်သွားမယ်။ ပြီးရင် အွန်လိုင်းကနေ live လွှင့်သွားမယ်” ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အနယ်နယ်အရပ်ရပ်ရောက်နေသည့် မွန်လူငယ်များ တစ်ဦးနှင့် တစ်ဦး ခင်မင်ရင်းနှီးလာစေရေး၊ တစ်နေရာနှင့် တစ်နေရာ လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်စေရန်အတွက် ရည်ရွယ်ပြီး မွန်လူငယ်များနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခြင်းဖြစ်ကြောင်း […]