BREAKING
May 14, 2025

မွန်

ပေါင်တွင် ကျောင်းဆရာမနှင့် ကျောင်သားများအပါအဝင် ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့

diz_admin

January 12, 2022

မွန်ပြည်နယ် ပေါင်မြို့နယ်က အခြေခံပညာ အထက်တန်းကျောင်းခွဲတစ်ခုတွင် ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသား၊ ကျောင်းသူများ အပါအဝင် ၁၀ ဦးထံတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာန၏ တာဝန်ရှိသူတို့ထံမှ သိရသည်။ ပေါင်မြို့နယ် ကျားဘိုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲက အထက်တန်းပြ ဆရာမတစ်ဦး နေမကောင်းသဖြင့် ကိုဗစ် ရောဂါပိုး ရှိ မရှိ ဇန်နဝါရီလ ၁၁ ရက်နေ့က စစ်ဆေးခဲ့ရာ ရောဂါပိုး စတင်တွေ့ရှိ ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါ ကျောင်းဆရာမနှင့် ထိတွေ့ဆက်စပ်သည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဆက်လက် စစ်ဆေးခဲ့ရာ နဝမတန်းကျောင်းသူ တစ်ဦးနှင့် ကျောင်းသား နှစ်ဦးတို့တွင် ရောဂါပိုးထပ်မံတွေ့ရှိ ကြောင်း မြို့နယ် ကျန်းမာရေးဌာန၏ တာဝန်ရှိသူတို့ထံမှ သိရသည်။ ၎င်းပြင် ပိုးတွေ့ဆရာမနှင့် ထိတွေ့ခဲ့သည့် […]

ကျိုက္ကော် ကမ္ဘာ့ရတနာဘဏ် ဓါးပြတိုက်ခံရ

diz_admin

January 6, 2022

သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက်ရှိ ကမ္ဘာ့ရတနာဘဏ်ကို လက်နက်ကိုင်လူတစ်စုတို့က ယနေ့ နံနက်ပိုင်းတွင် ဓါးပြဝင်တိုက်သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇန်နဝါရီ ၆ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်က ကျိုက္ကော်ရပ်မြို့မဈေးရှိ ကမ္ဘာ့ရတနာဘဏ်ကိုလက်နက်ကိုင် သုံးဦး မော်တော်ယာဉ်ဖြင့် လာရောက်ကား ဓါးပြတိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ဓါးပြတိုက်တဲ့လူတွေက လွတ်သွားတယ်လို့ သိရတယ်။ ဘဏ်က ပိုက်ဆံတွေ ပါသွားတယ်လို့ သိရပေမယ့် ပမာဏတော့ အသေချာမသိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ ကမ္ဘာ့ရတနာဘဏ် ဓါးပြတိုက်ခံရမှုတွင် ကျပ်သိန်း ၈၀၀ ကျော် ပါသွားသည်ဟု သတင်းထွက်ပေါ်နေသော်လည်းသီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ ဘဏ်ဓါးပြတိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။ စစ်ဆေးမှုများ လုပ်ဆောင်နေသဖြင့် ဒေသခံများ စိုးရိမ်နေကြကြောင်းလည်း ၎င်းတို့ထံမှ သိရသည်။ […]

ကျိုက်ထို ကင်းမွန်းချောင်း အထကကျောင်းရှေ့ ဗုံးပေါက်၊ သုံးဦး ဒဏ်ရာရ

diz_admin

January 6, 2022

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်းမွန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲပြီး ကျောင်းသူတစ်ဦး အပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီ ၆ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် အဆိုပါ ကျောင်းရှေ့ရှိ လုံခြုံရေးကင်းတဲတွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ပေါက်ကွဲမှုကြောင့် ကျောင်းသူတစ်ဦးနှင့် ကျောင်းသားမိဘတစ်ဦး ပွန်းပဲ့ဒဏ်ရာအနည်းရရှိခဲ့သည့်အပြင် ရဲတစ်ဦးလည်း ဗုံးစထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ကျောင်းတက်ချိန်မှာ ဖြစ်သွားတော့ ထိတ်လန့်ကုန်ကြတာပေါ့။ ပေါက်ကွဲမှုဖြစ်သွားတော့ ကျောင်းသားတွေ အကုန်လုံးကို ပြန်လွှတ်ပေးလိုက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှု ရရှိခဲ့သူ သုံးဦးကို ကင်းမွန်ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေကြောင်း ဒေသခံများထံမှ သိရသည်။ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပိတ်ဆို့ ရှာဖွေ […]

ဒေါက်တာအေးဇံ၏ ဇနီးနှင့်သား ပြန်လွတ်

diz_admin

January 6, 2022

မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာအေးဇံ၏ ဇနီးနှင့်သားဖြစ်သူတို့မှာ ဖမ်းဆီးခံရရာမှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ဒေါက်တာအေးဇံ၏ ဇနီး ဒေါ်ခင်အေးမူနှင့် သားဖြစ်သူ နေဖြိုးဇံ၊ အလုပ်သမားတစ်ဦးတို့ကို ဇန်နဝါရီလ ၃ ရက်နေ့ ညပိုင်းက ကျိုက်ထိုမြို့ သိမ်ဇရပ်အပိုင် သုံးခွကျေးရွာရှိ ၎င်းတို့၏ နေအိမ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဖမ်းဆီးခံရပြီး နှစ်ရက်အကြာ ဇန်နဝါရီ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က နေအိမ်သို့ လာရောက် ပို့ဆောင်သွားကြောင်း နီးစပ်သူတို့က ပြောသည်။ “ပြန်လွတ်လာတာ မနေ့ မနက်က။ ကျိုက်ထို ဘူတာလမ်းနေအိမ်ကို သူတို့ လာပြန်ပို့သွားတယ်” ဟု နီစပ်သူတစ်ဦးက ပြောသည်။ ဒေါက်တာအေးဇံမှာ စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးခံထားရပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ၊ […]

ရွှေတစ်ကျပ်သား ၁၈ သိန်းကျော် ပြန်တက်၊ မွန်တွင် အရောင်းအဝယ်ပါး

diz_admin

January 5, 2022

မွန်ဈေးကွက်တွင် မီးလင်းအခေါက် ရွှေဈေး တစ်ကျပ်သား တစ်ဆယ့်ရှစ်သိန်း နှစ်သောင်းဝန်းကျင် ပြန်လည် မြင့်တက်လာပြီး လက်ရှိတွင် ရွှေအရောင်းအဝယ် နည်းပါးနေကြောင်း ပြည်နယ်အတွင်းရှိ ရွှေလုပ်ငန်းရှင်တို့ထံမှ သိရသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်ပိုင်းခန့်က မီးလင်းအခေါက်ရွှေဈေး တစ်ကျပ်သား ၂၂ သိန်းကျော်အထိ မြင့်တက်ခဲ့ပြီး နောက်ပိုင်းတွင် တစ်ကျပ်သား ၁၇ သိန်းခွဲဝန်းကျင်အထိ ဈေးပြန်ကျသွားခဲ့သည်။ ထို့နောက် ဒီဇင်ဘာလလယ်ပိုင်းကစပြီး ရွှေဈေး ပြန်လည်မြင့်တက်လာခဲ့ရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းအရောက်တွင် မီးလင်းအခေါက်ရွှေ တစ်ကျပ်သား တစ်ဆယ့်ရှစ်သိန်း နှစ်သောင်းဝန်းကျင် ပေါက်ဈေး ရှိနေကြောင်း ရွှေလုပ်ငန်းရှင်တို့ထံမှ သိရသည်။ လက်ရှိတွင် မွန်ပြည်နယ် ရွှေးဈေးကွက်အတွင်း ရွှေအရောင်းအဝယ် နည်းပါးနေကြောင်းလည်း ၎င်းတို့က ပြောသည်။ “အရောင်းအဝယ်က အရင်လို မဟုတ်တော့ဘူး။ အရောင်းအဝယ် နည်းပါးသွားတယ်။ […]

ဒေါက်တာအေးဇံ၏ ဇနီးနှင့်သား ဖမ်းဆီးခံရ

diz_admin

January 4, 2022

မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာအေးဇံ၏ ဇနီးနှင့် သား ဖြစ်သူအား စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ဒေါက်တာအေးဇံ၏ ဇနီး ဒေါ်ခင်အေးမူနှင့် သားဖြစ်သူ နေဖြိုးဇံ၊ အလုပ်သမားတစ်ဦးတို့ကို ကျိုက်ထိုမြို့ သိမ်ဇရပ်အပိုင် သုံးခွကျေးရွာရှိ ၎င်းတို့၏ နေအိမ်တွင် ရှိနေစဉ် ဇန်နဝါရီလ ၃ ရက်နေ့ညပိုင်းက ဖမ်းဆီခံခဲ့ရခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။ “လက်ရှိ သူတို့ကို ဘယ်မှာ ဘယ်လို ထိန်းသိမ်းထားလဲတော့ မသိသေးဘူး။ အသေးစိတ်တော့ ဘာမှ မသိသေးဘူး” ဟု နီးစပ်သူတစ်ဦးက ပြောသည်။ ပတ်ဝန်းကျင်နေသူတို့၏ ပြောပြချက်အရ ဒေါက်တာအေးဇံ၏ ဇနီးနှင့် သားကို ဝင်ဖမ်းစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က သေနတ်ပစ်ဖောက်မှုပါ လုပ်ခဲ့ကြောင်း သိရသည်။ လူထိခိုက်မှု ရှိ မရှိကိုမူ မသိရသေးကြောင်း ၎င်းတို့က […]

မုဒုံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် လူငယ်တစ်ဦး ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်ခံရ

diz_admin

December 30, 2021

မွန်ပြည်နယ် မုဒုံမြို့က လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် အသက် ၂၃ နှစ်အရွယ် ကိုဆန်းလင်းဦးကို အာဏာသိမ်းစစ်ကောင်စီက ဒီဇင်ဘာလ ၂၉ ရက်တွင် ထောင်ဒဏ် တစ်နှစ်ခွဲ အမိန့်ချမှတ်လိုက်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ကိုဆန်းလင်းဦးကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရာတွင် ပါဝင်သည်ဆိုသည့် စွပ်စွဲချက်နှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပြီးခဲ့သည့် နိုဝင်ဘာလက ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရပြီးနောက် ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ကာ ဒီဇင်ဘာ ၂၉ ရက်နေ့က ကျိုက်မရောအကျဉ်းထောင် အထူးတရားရုံးတွင် ထောက်ဒဏ် တစ်နှစ်ခွဲ အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်အချို့ကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရာတွင် ပါဝင်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ဒေသခံ PDF တို့နှင့် ပတ်သက်နေသည်ဆိုသည့်စွပ်စွဲချက်နှင့် […]

မွန်တွင် မိုးစပါးပေါ်ချိန် စပါးဈေးကောင်းရ

diz_admin

December 29, 2021

မွန်ပြည်နယ်တွင် ယခုနှစ် မိုးစပါးပေါ်ချိန်တွင် စပါးဈေးကောင်းရနေကြောင်း ပြည်နယ်အတွင်းရှိ စပါးကုန်သည်များနှင့် စပါးစိုက်တောင်သူတို့ထံမှ သိရသည်။ လက်ရှိတွင် မွန်ပြည်နယ် စပါးဈေးသည် ယမန်နှစ် ဈေးနှင့် နှိုင်းယှဉ်ကြည့်လျှင် စပါးတင်း ၁၀၀ လျှင် ကျပ် နှစ်သိန်းကျော် ကွာဟနေကြောင်း စပါးကုန်သည်တို့ထံမှ သိရသည်။ “စပါးဈေးကတော့ အစားစားရှိတာပေါ့လေ။ ပေါ်ဆန်းမွှေးတို့ဆိုရင် ၁၀ သိန်းကျော်တယ်။ ဒီနှစ်ကတော့ စပါးဈေးကောင်းတယ်။ မနှစ်ကနဲ့စာရင် ဒီနှစ် ဈေးပိုကောင်းတယ်” ဟု မုဒုံမြို့နယ်မှ စပါးကုန်သည် ဒေါ်မီးက ပြောသည်။ လက်ရှိတွင် မွန်ပြည်နယ်၌ စပါးကြမ်းအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ကိုးသိန်း၊ စပါးချောအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၀ သိန်းကျော် ပေါက်ဈေးရှိနေကြောင်းလည်း စပါးကုန်သည်တို့က ဆိုသည်။ […]