ကျိုက်မရော ချောင်းနှစ်ခွတံတား စစ်ဆေးမှုတင်းကျပ်
diz_admin
March 24, 2022မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတားရှိ ရဲကင်း ပစ်ခတ်ခံရပြီးနောက် တစ်ရက်ကြာ ပိတ်ထားခဲ့ပြီး တံတားကို ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုရာတွင်လည်း စစ်ဆေးမှုတင်းကျပ်ထားကြောင်း ခရီးသွားဒေသခံတို့ထံမှ သိရသည်။ ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက မတ်လ ၁၉ ရက်နေ့တွင် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။ အဆိုပါပစ်ခတ်မှုဖြစ်ပွားသည့်နေ့တွင် တံတားကိုဖြတ်သန်းသွားလာခွင့်မပြုဘဲ ပိတ်ထားခဲ့ပြီး နောက်နေ့တွင် တံတားဖြတ်သန်းခွင့်ပြုသော်လည်း စစ်ဆေးမှု တင်းကျပ်လာကြောင်း ခရီးသွားဒေသခံတို့ထံမှ သိရသည်။ “ဖြတ်သမျှ ဆိုက်ကယ် ကား အကုန်စစ်တယ်။ ဆိုင်ကယ်ဆိုရင် ဘောက်တွေဖွင့် စစ်တယ်။ အထုပ်ပါလာရင် ဖွင့်ခိုင်းပြီး စစ်တယ်” ဟု မတ်လ ၂၃ ရက်နေ့က တံတားကို ဖြတ်သန်းသွားလာခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။ တံတားတွင် စစ်ဆေးမှု တင်းကျပ်နေသည့်အတွက် ခရီးသွားများ အချိန်ကြန့်ကြာမှုကြုံတွေ့နေရသည့်အပြင် အချို့ကလည်း ခရီးသွားလာရန် […]