ခေါဇာမြို့ရှိ ခလရ ၃၁ တပ်ရင်းကို မွန်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်
Dawei Watch
January 24, 2025မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ ၃၁ ကို မွန်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။ ဇန်နဝါရီလ ၂၃ရက် နံနက် ၈နာရီဝန်းကျင်က ခလရ ၃၁ တပ်ရင်းကို မွန်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက် ခိုက်ခဲ့ရာမှ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက် ရေး) NMSP-AD က ဇန်နဝါရီလ ၂၄ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည်။ “ပစ်ခတ်မှုဖြစ်ပြီးတော့ သူတို့လုပ်နေကျအတိုင်းပဲ (ခလရ) ၃၁ ကနေ လက်နက်ကြီးတွေ လှမ်းထုတာရှိတယ်။ သူတို့ဘက်က ထိသွားတာရှိတယ်လို့ သိရပေမယ့် ဘယ်နှစ်ဦးလဲတော့ အတိအကျမသိဘူး” ဟု ခေါဇာမြို့ခံလူငယ်တစ်ဦးက ပြောသည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကမူ […]