မွန်လွှတ်တော်ဥက္ကဋ္ဌဟောင်း၏သား ဖမ်းဆီးခံရ
diz_admin
May 13, 2022မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်တင်အိ၏ သားဖြစ်သူ ကိုသဲဟိန်း ဖမ်းဆီးခံရကြောင်း နီးစပ်သူအချို့ထံမှ သိရသည်။ ကိုသဲဟိန်းသည် ရှေ့နေဖြစ်ပြီး သံဖြူဇရပ်မြို့ရှိ နေအိမ်၌ ရှိနေစဉ် မေလ ၁၁ ရက်နေ့တွင် စစ်ကောင်စီ တပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ကိုသဲဟိန်းကို လာရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြောဆိုခဲ့သည်ဟု ကိုသဲဟိန်းမိသားစုနှင့် နီးစပ်သူ အချို့က ပြောသည်။ “PDF ကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းသွားတယ်။ လက်ရှိမှာ စစ်ကြောရေး ရောက်နေတယ်လို့ သိရတယ်” ဟု နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။ ကိုသဲဟိန်းကို သံဖြူဇရပ်ရှိ စစ်ကြောရေးတွင် စစ်ဆေးခံနေရသည်ဟု ကြားသိရကြောင်း နီးစပ်သူအချို့က ဆိုသည်။ […]