မော်လမြိုင်တွင် WHO ဝန်ထမ်း ပစ်သတ်ခံရပြီးနောက် စစ်ဆေးမှု ပိုမိုတင်းကျပ်
diz_admin
June 15, 2022မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝန်ထမ်းတစ်ဦး ပစ်သတ်ခံရပြီးနောက် ရှာဖွေစစ်ဆေးမှုများ ပိုမိုပြုလုပ်လာကြောင်း မြို့ခံတို့ထံမှ သိရသည်။ WHO ဝန်ထမ်းဖြစ်သူ ဦးမျိုးမင်းထွဋ်သည် ဇွန်လ ၈ ရက်နေ့ ညနေက ရုံးမှ အိမ်သို့ ဆိုင်ကယ်စီးပြီးအပြန် သံလွင်ဥယျာဉ် ဘေးလမ်းတွင် ပစ်သတ်ခံရခြင်းဖြစ်သည်။ အဆိုပါ ဖြစ်ရပ်ဖြစ်ပွားပြီးနောက် မြို့ပေါ်တွင် လုံခြုံရေး အင်အားတိုးမြှင့်ချထားသည့် အပြင် စစ်ဆေးမှုလည်း ပိုမိုတင်းကျပ်လာကြောင်း မြို့ခံများက ပြောသည်။ “စစ်ဆေးမှုတွေ ပိုတင်းကျပ်လာတယ်။ အထူးသဖြင့် ညပိုင်းဆို ရဲတွေ အင်အား အများအပြားနဲ့ စစ်ဆေးတာတွေ ရှိလာတယ်” ဟု မြို့ခံလူငယ်တစ်ဦးက ပြောဆိုသည်။ မြို့ပေါ်ရှိ လမ်းဆုံးလမ်းခွများ၊ လမ်းမကြီးများ စသော လူသွားလူလာများပြားသည့် နေရာများတွင် လုံခြုံရေးအင်အား တိုးမြှင့်ချထားပြီး စစ်ဆေးနေခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ ကားဆိုလျှင် […]