ရေး ချောင်းတောင်တံတားလုံခြုံရေးဂိတ် တိုက်ခိုက်ခံရ
diz_admin
July 19, 2022မွန်ပြည်နယ်၊ ရေးမြို့နှင့် ချောင်းတောင်ကျေးရွာကို ဆက်သွယ်ထားသည့် ချောင်းတောင်တံတားရှိ လုံခြုံရေးဂိတ် ယနေ့ တိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၁၉) နံနက် ၉ နာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများရှိသည့် ချောင်းတောင် တံတားလုံခြုံရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ တံတားလုံခြုံရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် အပြန်လှန်ပစ်ခတ်ခဲ့ကြကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ “တံတားထိပ်မှာရှိတဲ့ စစ်ဆေးရေးဂိတ်ကို ကျွန်တော်တို့ ရေးဘီလူးအဖွဲ့က ဝင်ရောက်ရှင်းလင်းခဲ့တယ်။ နာရီဝက်လောက် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်” ဟု ရေးဘီလူးအဖွဲ့တာဝန်ရှိသူတစ်ဦးက ထုတ်ပြန်ပြောဆိုထားသည်။ တံတားလုံခြုံရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တံတားနေရာတွင် လုံခြံရေး တင်းကျပ်ထားသည့်အပြင် မြို့ပေါ်တွင်လည်း စစ်ဆေးမှုတင်းကျပ်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ပစ်ခတ်မှုဖြစ်ပြီးနောက် တံတားမှာ လုံခြုံရေးတွေ တင်းကျပ်ထားတယ်။ စစ်ဆေးမှုတွေလည်း လုပ်နေတယ်” ဟု […]