ရေးတွင် ဒေသန္တရအမိန့်ထုတ်ပြီး လုံခြုံရေးတင်းကျပ်
diz_admin
August 7, 2022မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ပစ်ခတ်မှုများဆက်တိုက်ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီက ဒေသန္တရအမိန့် ထုတ်ပြန်ပြီး လုံခြုံရေးတင်းကျပ်လာကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၃ ရက်နေ့က ရေးမြို့ လဝကရုံး ပစ်ခတ်ခံရပြီး မြို့နယ်ဦးစီးမှူး၊ ဒုတိယမြို့နယ် ဦးစီးမှူးနှင့် အရပ်သားတစ်ဦး သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီက ဒေသန္တရအမိန့် ထုတ်ပြန်လာခြင်းဖြစ်သည်။ “လဝကရုံး အပစ်ခံရတဲ့ဖြစ်စဉ်ဖြစ်ပြီးနောက်မှာ အစိုးရရုံးရှိတဲ့နေရာက လမ်းတွေ အကုန်ပိတ်လိုက်တယ်။ ဖြတ်သန်းသွားလာခွင့် မပေးတော့ဘူး” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။ ဩဂုတ်လ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာ (သို့မဟုတ်) မှတ်ပုံတင်မပါဘဲ နယ်ကျော်ခရီးသွားလာခွင့်မပြု၊ ရေးမြို့နယ်အတွင်း ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း ယာဉ်နှင့်လူ သွားလာခြင်း လုံးဝမပြုဟု ဖော်ပြသည်။ […]