ဘီးလင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ငါးဦးဒဏ်ရာရ
Dawei Watch
February 17, 2025မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကော်ဟဲကျေးရွာနှင့် ကျေးရွာအနီးဝန်းကျင်တို့ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားငါးဦးဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ဖေဖော်ဝါရီလ ၁၅ရက် ည ၁၁နာရီခွဲခန့်က တိုက်ခိုက်ခြင်းဖြစ်ပြီး ကောင်ဟဲကျေးရွာထဲ ဗုံးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့ကာ ဒေသခံပြည်သူငါးဦး ဗုံးစထိမှန်ဒဏ်ရာရသည့်အပြင် နေအိမ်ကိုးလုံးနှင့် ပြည်သူပိုင်ပစ္စည်းအချို့လည်း ထိခိုက်ပျက်စီးကြောင်း ၎င်းတို့က ပြောဆိုသည်။ ထိခိုက်ဒဏ်ရာရသူများအနက် ဒဏ်ရာပြင်းထန်သူနှစ်ဦးကိုမူ ဆေးရုံသို့ပို့ဆောင်ထားရကြောင်း ဒေသခံများက ဆိုသည်။ သထုံခရိုင်အတွင်းရှိ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၃ရက်ကလည်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ ထို့ကြောင့် လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း အရပ်သားပြည်သူ သုံးဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၃ရက်က ပေါင် ၅၀၀ဗုံးဖြင့် နှစ်ကြိမ်လာရောက်ကြဲချတိုက်ခိုက်သဖြင့် ဘီးလင်းမြို့နယ်၊ တဂေးလောင်း ချောင်းဖျား […]