မွန်တွင် ရော်ဘာစျေး ပြန်ကျ
diz_admin
November 4, 2022မွန်ပြည်နယ်တွင် အောက်တိုဘာလကုန်ပိုင်းခန့်မှစကာ ရော်ဘာစျေးနှုန်း ပြန်ကျလာသည်ဟု ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာအရောင်းအဝယ် ပြုလုပ်နေသူတို့ထံမှ သိရသည်။ ရော်ဘာရာသီအစက ရော်ဘာစျေးကောင်းရရှိခဲ့သော်လည်း အောက်တိုဘာလကုန်ပိုင်းခန့်မှစကာ ရော်ဘာစျေး ပြန်လည်ကျဆင်းလာခဲ့သည်။ ရော်ဘာရာသီအစက ရော်ဘာပြားအပါးဟုခေါ်သည့် အဆင့်မြင့်ရော်ဘာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၅၀၀ နီးပါးအထိ စျေးတက်ခဲ့ပြီး လက်ရှိတွင် RSS-3 တစ်ပေါင်လျှင် ကျပ် ၁၂၀၀ အထိပြန်ကျသွားသည်ဟု ရော်ဘာလုပ်ငန်းရှင်တို့ထံမှ သိရသည်။ ထိုအတူ တစ်နေလှန်းဟုခေါ်သည့် အထူရော်ဘာပေါက်စျေးလည်း တစ်ပေါင်လျှင် ကျပ် ၁၀၀၀ ကျော် စျေးရရှိခဲ့ရာမှ လက်ရှိတွင် တစ်ပေါင် ကျပ် ၁၀၀၀ အောက် ပြန်ကျသွားသည်ဟုလည်း ရော်ဘာလုပ်ငန်းရှင်တို့က ပြောသည်။ “ရော်ဘာစျေးက ရာသီအစမှာတော့ တစ်ချက်စျေးကောင်းရတယ်၊ ပြီးတော့ ပြန်ကျသွားတယ်၊ အခုကတော့ အကျဘက်မှာ ဖြစ်နေတယ်၊ ရော်ဘာစျေးက မငြိမ်ဘူး” ဟု မုဒုံမြို့နယ်မှ ရော်ဘာအဝယ်ဒိုင်တစ်ဦးက […]