BREAKING
May 17, 2025

မွန်

ရေးမြို့က စခန်းမှူးနှင့် တပ်သားနှစ်ဦး ပစ်သတ်ခံရ၊ ရေး-ထားဝယ်ကားလမ်း အစစ်အဆေးတင်းကျပ်

diz_admin

November 23, 2022

မွန်ပြည်နယ် ရေးမြို့နယ် မြို့မရဲစခန်းက စခန်းမှူးနှင့် ရဲတပ်သား နှစ်းဦးကို ပစ်သတ်ခံရပြီး အစစ်အဆေးများလည်း တင်းကျပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ စခန်းမှူးနှင့် တပ်သားနှစ်ဦးတို့ကို ယနေ့ နိုဝင်ဘာလ ၂၃ ရက် နံနက် ၈ နာရီ ၂၅ မိနစ်ဝန်းကျင်က ရေးမြို့နယ် အခြေစိုက် တပ်ရင်း (၁၉) အနီး ရေး-ထားဝယ်ကားလမ်းမပေါ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ချက်ထားသည်။ M16 A1 တစ်လက်၊ စခန်းမှူးကိုင်သည့် ခြောက်လုံးပြူး တစ်လက်နှင့် စာရွက်စာတမ်းအချို့ သိမ်းဆည်းရမိသည်ဟုလည်း ထုတ်ပြန်ထားသည်။ ယင်းသို့ ပစ်သတ်ခံရပြီးနောက် ရေး-ထားဝယ် ကားလမ်းတွင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေသည့်အပြင် ရေးမြို့ပေါ်တွင်လည်း စစ်ဆေးမှု တင်းကျပ်ထားကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ကားလမ်းမှာလည်း စစ်ဆေးမှုလုပ်နေတယ်။ မြို့ပေါ်မှာလည်း စစ်ဆေးနေတယ်။ […]

ကျိုက်မရော တောင်ကလေးရဲစခန်း တိုက်ခိုက်ခံရ၊ လေကြောင်းဖြင့် ပြန်လည်ပစ်ခတ်

diz_admin

November 21, 2022

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာရှိ ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လေယာဉ်လာရောက်ကာ ပြန်လည်ပစ်ခတ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်က ကျိုက်မရောမြို့နယ် မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး လမ်းပေါ်ရှိ တောင်ကလေးကျေးရွာရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ပြီး တစ်နာရီခန့်အကြာတွင် စစ်ကောင်စီဘက်က လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်သည့်အပြင် မုဒုံမြို့နယ်ဘက်ရှိ အမြောက်တပ်ကလည်း လက်နက်ကြီးဖြင့် လှမ်းပစ်နေကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ နေ့လယ် ၁၂ နာရီဝန်းကျင်အထိ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အသံကြားနေရပြီး တောင်ကလေး၊ ကဒါ၊ ကြံတော၊ လှာကဇိုင် အစရှိသည့်ကျေးရွာ ခုနစ် ရွာထက်မနည်းက ပြည်သူများလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း […]

မော်လမြိုင်ပစ်ခတ်မှု PDF ငါးဦးအဖမ်းခံရ၊ ရဲတစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏သားတို့ သေဆုံး

diz_admin

November 15, 2022

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် PDF တပ်ဖွဲ့ဝင်များရှိသည့် နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီး ရာမှ ပစ်ခတ်မှုဖြစ်ပွားရာ ရဲတစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သားတို့ သေဆုံးပြီး PDF တပ်ဖွဲ့ဝင် ငါးဦး ဖမ်းဆီး ခံရကြောင်း မြို့ခံများထံမှ သိရသည်။ ဇေယျာသီရိရပ်ကွက် (၃) ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က နိုဝင်ဘာလ ၁၄ ရက်နေ့ ၅ နာရီခွဲခန့်တွင် သွားရောက်ဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါ ပစ်ခတ်မှုအတွင်း အမျိုးသမီးတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ငါးဦးနှင့်အတူ လက်နက်ငယ် သုံးလက် ဖမ်းဆီးသိမ်းဆည်းခံလိုက်ရကြောင်း အထူးမြေအောက်လှုပ်ရှားမှုအင်အားစု (Special Underground Movement Force) က ထုတ်ပြန်ထားသည်။ စစ်ကောင်စီဘက်ကမူ ရဲတစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူတို့ […]

ချောင်းနှစ်ခွရဲစခန်းတိုက်ခိုက်မှုတွင် ရဲသုံးဦးသေပြီး လေဦးဖမ်းမိဟု ဒေသကာကွယ်ရေးတပ်ထုတ်ပြန်

diz_admin

November 13, 2022

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်တွင် ရဲသုံးဦး သေဆုံးပြီး လေးဦးကို အရှင်ဖမ်းဆီးရမိကြောင်း တိုက်ခိုက်ရာတွင် ပူးပေါင်းပါဝင်သည့် နဂါးနီစစ်ကြောင်းက ထုတ်ပြန်သည်။ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွ တံတားစစ်ဆေးရေးဂိတ်တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းတို့ နိုဝင်ဘာ ၁၂ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း စခန်းမှူး၊ ဒုတပ်ကြပ်တစ်ဦး၊ တပ်သားတစ်ဦးသေဆုံးပြီး၊ ဒုရဲအုပ်အပါ နှစ်ဦး ထွက်ပြေးလွတ်မြောက်သွားကာ တပ်ကြပ်၊ ဒုတပ်ကြပ်နှင့် တပ်သားနှစ်ဦးတို့ကို အရှင်ဖမ်းဆီးရမိထားကြောင်း နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထား သည်။ ယင်းအပြင် AK 47 တစ်လက်၊ M16 လေးလက်၊ G3 တစ်လက်၊ ၆၀ မမပြောင်းတို […]

သထုံတွင် စစ်ကောင်စီတပ်ကား ပစ်ခတ်ခံရပြီး သုံးဦးသေဆုံးဟုဆို

diz_admin

November 10, 2022

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စစ်ကောင်စီတပ်ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် သုံးဦးသေဆုံးသွားကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ (ပကဖ) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက် ၅နာရီခွဲခန့်က ဝင်းစိန်ကျေးရွာက ပြည်သူများကို လာရောက်ဖမ်းဆီးပြီး ပြန်လာသည့် စစ်ကောင်စီတပ်ကားကို လမ်းတွင် တားဆီးပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ သေဆုံးရာတွင် စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး ဗိုလ်မှူး ချစ်ဝင်း ပါဝင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ စစ်ကောင်စီတပ်ဘက်က တစ်ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်ကောင်စီတပ်ကားပေါ်က သေနတ် သုံးလက် သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးခံရသည့်ပြည်သူများကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီကား ပစ်ခတ်ခံရပြီးနောက် ဝင်းစိန်ကျေးရွာတဝိုက်တွင် စစ်ကောင်စီတပ်က လုံခြုံရေးအင်အား တိုးချဲ့ထားပြီး ရှာဖွေစစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း ဒေသခံတို့က […]

ဇင်းကျိုက်တွင် နေအိမ်ရှစ်လုံးမီးလောင်၊ မိသားစုဝင် လေးဦးသေဆုံး

diz_admin

November 10, 2022

မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ကွမ်းခြံကုန်းပိုင်းတွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက်ပိုင်းက နေအိမ်မီးလောင်ကျွမ်းမှုတွင် မိသားစုဝင် လေးဦးသေဆုံးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။ ယနေ့ နံနက် ၄ နာရီဝန်းကျင်က ဒေါ်သန်းသန်းခိုင်ဆိုသူ၏ နေအိမ်မှ စတင်လောင်ကျွမ်းခဲ့သည့်မီးကြောင့် နေအိမ် ရှစ်လုံးနှင့် စပါးကျီတစ်လုံး ပျက်စီးဆုံးရှုံးသွားကြောင်း ၎င်းတို့ထံမှ သိရသည်။ မီးလောင်ကျွမ်းမှုကြောင့် ဒေါ်သန်းသန်းခိုင်အပါအဝင် မိသားစုဝင်များဖြစ်သည့် မောင်လင်းထွန်း၊ ဒေါ်ခင်စီနှင့် ဆဋ္ဌမတန်းကျောင်းသူ မဇင်ဇင်ဖြိုးတို့ သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “မီးထိန်းနိုင်တဲ့အချိန်မှာ အိမ်ရှစ်လုံး၊ စပါးကျီတစ်လုံး လောင်ကျွမ်းသွားတယ်။ မီးက ဒေါ်သန်းသန်ခိုင်အိမ်ကနေ စလောင်တာ၊ အဲဒီအိမ်က လူလေးဦးကတော့ သေဆုံးသွားတယ်” ဟု မီးလောင်မှုဖြစ်စဉ်အနီးရှိ ဒေသခံတစ်ဦးက ပြောသည်။ ယင်းမီးလောင်မှုကို ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေနှင့် […]

ရေးမြို့နယ်တွင် ပျောက်ဆုံးနေသည့်မိန်းကလေး ထိုးသွင်းဒဏ်ရာများဖြင့် ပြန်တွေ့

diz_admin

November 7, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာက ဆိုင်ကယ်နှင့်အတူ ပျောက်ဆုံးနေသည့် အသက် ၁၆နှစ်အရွယ် မိန်းကလေးကို ထိုးသွင်းဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိကြောင်း လူမှုကယ်ရေးအသင်းတို့ထံမှ သိရသည်။ အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ကဗျာကို နိုဝင်ဘာလ ၆ ရက်နေ့က နှစ်ကရင်ရွာအထွက် ဆင်နှစ်ကောင်အကွေ့ မရောက်မီ သင်္ချိုင်းအနီး ခြုံကြားတွင် ထိုးသွင်းဒဏ်ရာများ၊ ထိုးကြိတ်ခံရသောဒဏ်ရာများဖြင့် ပြန်လည် တွေ့ရှိခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ တစ်ရွာတည်းနေသူ မပြည့်ဖြိုးဝေနှင့် သံဖြူဇရပ်မြို့သား မောင်ချမ်းမွန် (ခ) အာရုံဦးတို့ ဇနီးမောင်နှံက သံဖြူဇရပ်သို့ ပြန်ရန် နှစ်ကရင်ကျေးရွာလမ်းဝသို့ ပို့ဆောင်ပေးရန် အကူအညီတောင်းခံသဖြင့် မဖူးပွင့်ကဗျာက နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က ဆိုင်ကယ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ယင်းနောက် ညပိုင်းအထိ […]

ခေါဇာတွင် လက်နက်ကြီးကြောင့် ကလေးနှစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရ

diz_admin

November 6, 2022

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရေးမြို့နယ် ခေါဇာမြို့တွင် ကလေးနှစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။ နိုဝင်ဘာလ ၄ ရက်နေ့ညက လူနေရပ်ကွက်အတွင်း  လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ အသက် ၆ နှစ်အရွယ်ကလေးနှစ်ဦးနှင့် အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဒေသခံတို့က ပြောသည်။ “ပစ်နေတာ နှစ်ညဆက်တိုက်ရှိနေပြီ ည (နိုဝင်ဘာ ၄ ရက်နေ့) ကတော့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရသွားတယ်” ဟု ခေါဇာဒေသခံတစ်ဦးက ပြောသည်။ ကျည်ထိမှန် ဒဏ်ရာရရှိသူများကို လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ အကူအညီဖြင့် ရေးမြို့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေရသည်ဟုလည်း သိရသည်။ ခေါဇာမြို့တွင်  စစ်ကောင်စီ၏ ခလရ တပ်ရင်း ၃၁ အခြေစိုက်စခန်းရှိပြီး ယင်းစခန်းမှ […]