မော်လမြိုင်တက္ကသိုလ်ကျောင်းသားတစ်ဦး ထောင်ဒဏ် ၁၃နှစ်ချမှတ်ခံရ
diz_admin
December 28, 2022မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ် ရူပဗေဒနောက်ဆုံးနှစ်ကျောင်းသား ကိုမျိုးသူရအောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၃ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း မော်လမြိုင်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။ ကိုမျိုးသူရအောင်ကို စစ်ကောင်စီက ယခုနှစ် ဇွန်လ ၃၀ ရက် ညနေပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်တွင် ငါးလကျော်ကြာ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီးနောက် ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုခဲ့ကြောင်း အထက်ပါသမဂ္ဂထံမှ သိရသည်။ စွဲဆိုထားသည့် ပုဒ်မ နှစ်ခုအနက် ပုဒ်မတစ်ခုအတွက်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဘားအံအကျဉ်းထောင် အထူးတရားရုံးက ထောင်ဒဏ် ၁၃ နှစ် အမိန့်ချမှတ်ခဲ့ကြောင်း မော်လမြိုင်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်သည်။ “ကျောင်းသားတွေကို မတရားဖမ်းဆီးတယ်။ ကြိုက်တဲ့ပုဒ်မတပ်ပြီး ထောင်ချနေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်က လက်ခံနိုင်စရာမရှိဘူး” ဟု စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် မော်လမြိုင်တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။ ကိုမျိုးသူရအောင်သည် […]