ကျိုက်ထို မရမ်းချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
diz_admin
January 15, 2023မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်း ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ၎င်းကို အမည်မသိ သေနတ်သမားတို့က ဇန်နဝါရီလ ၁၄ ရက် ည ၇ နာရီခွဲခန့်က မရမ်းချောင် ဘုရားကိုးဆူအနီးတွင် ဆိုင်ကယ်ဖြင့် လာရောက်ပြီး ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ အသက် ၄၇ နှစ်အရွယ် ဦးအောင်ထွန်းတွင် နဖူးကျည်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံတို့က ဆိုသည်။ ဦးအောင်ထွန်းမှာ ယခင် မရမ်းချောင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းဦး ပစ်သတ်ခံရသည့် ဇွန်လနောက်ပိုင်းမှသာအုပ်ချုပ်ရေးမှူး အဖြစ် ခန့်အပ်ခံထားရသူ ဖြစ်သည်ဟု ၎င်းတို့ထံမှ သိရသည်။ “ဘုရားကိုးဆူအနားမှာ ပစ်သတ်ခံရတယ်။ သူက အုပ်ချုပ်ရေးမှူးဖြစ်လာတာမကြာသေးဘူး။ အရင် အုပ်ချုပ်ရေးမှူးကလည်း ဒီလိုပဲ ပစ်သတ်ခံရတာ” ဟု မရမ်းချောင်ဒေသခံတစ်ဦးက ပြောသည်။ […]