ကျိုက်ထိုတွင် ဗုံးဖြင့်ပစ်ခတ်ခံရသောကြောင့် အမျိုးသားနှစ်ဦးသေဆုံး
diz_admin
March 6, 2023မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာတွင် လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံရသောကြောင့် အမျိုးသားနှစ်ဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ အင်္ဂဘိုကျေးရွာ ရှမ်းစုပိုင်းရှိ ရော်ဘာခြံတစ်ခုတွင် မတ်လ ၅ ရက် ညနေ ၄နာရီခန့်က ဦးစိုးသန်းနှင့် ခြံလုပ်သား ကိုစိုးလင်းဦးဆိုသူတို့နှစ်ဦး အလုပ်လုပ်နေစဉ် လူတစ်စုက ဆိုင်ကယ်ဖြင့် ရောက်လာပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ရော်ဘာခြံပိုင်ရှင် အသက် ၇၄နှစ်အရွယ် ဦးစိုးသန်းနှင့် အသက် ၁၈နှစ်အရွယ် ကိုစိုးလင်းဦးတို့နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အခင်းဖြစ်ပွားနေရာတွင်ပင် သေဆုံးသွားကြောင်း ကျိုက်ထိုဒေသခံတစ်ဦးက ဆိုသည်။ “သူတို့က ခြံထဲမှာရှိနေတဲ့အချိန် ဗုံးနဲ့ လာပစ်သွားတယ်။ နှစ်ယောက်စလုံးကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ လုပ်တဲ့လူတွေက ဘယ်သူဘယ်ဝါဆိုတာကတော့ မသိသေးဘူး” ဟု ၎င်းက ပြောဆိုသည်။ ရုပ်အလောင်းတို့ကို လူမှုကူညီရေးအသင်း […]