စစ်ကောင်စီလက်နက်ကြီးကြောင့် ကျိုက်ထိုဒေသခံထောင်ချီ ထွက်ပြေးနေရ
diz_admin
March 23, 2023မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ကျေးရွာ ၈ ရွာကျော်မှ ဒေသခံထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ရှိ စစ်ကောင်စီအမြှောက်တပ် ၃၁၀ နှင့် ကင်မွန်းစခန်း ရဲကုန်းတို့မှ မတ်လ ၂၁ ရက် ည ၉ နာရီမှ ၁၂ နာရီအထိ ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းအရှေ့ဘက်ရှိ တကေးချောင်းဖျား၊ ငှက်ပျောတော၊ ဇီးကုန်း၊ ပိတောက်တော၊ ချမ်းမြေ့၊ ကရဝေးဆိပ် အစရှိသည့် ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ ကျိုက်ထိုမြို့အခြေစိုက် စစ်ကောင်စီ တပ်မ ၄၄ ဌာနချုပ်ကို သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစု TPDF နှင့် KNLA, PDF, KRF ပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ၂၁ ရက် […]