ရေး ဇီးဖြူသောင်အုပ်ချုပ်ရေးမှူးရုံးကို ဝင်တိုက်၊ ပြည်သူ့စစ် ၂ ဦးရှင်းလင်းနိုင်ခဲ့ဟုထုတ်ပြန်
diz_admin
April 13, 2023မွန်ပြည်နယ်၊ ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ် ၂ ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။ ဇီးဖြူသောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ရေးပြောက်ကျားတပ်ဖွဲ့ YGF တို့က ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၂ ဦး ရှင်းလင်နိုင်ခဲ့သည့်အပြင် AK ရိုင်ဖယ် သေနတ် ၂ လက်လည်း သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ သို့သော် ယင်းတိုက်ခိုက်မှုတွင် အုပ်ချုပ်ရေးမှူးရုံးတွင် ရောက်ရှိနေသည့် အသက် ၁၄ နှစ်အရွယ် မောင်ငြိမ်းခန့်ကျော်ဆိုသည့် အရပ်သား ၁ ဦးလည်း သေဆုံးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အုပ်ချုပ်ရေးမှူးရုံးကို ဟိုကဝင်ပစ်တဲ့ချိန်မှာ အဲကောင်လေးက အဲရုံးမှာရှိနေတယ်။ အဲမှာ ပစ်ခံထိသွားတယ်” ဟု ဇီးဖြူသောင်ဒေသခံတစ်ဦးက ပြောသည်။ အရပ်သား […]