BREAKING
May 9, 2025

မွန်

ပေါင်မြို့နယ် မီးသတ်ဦးစီးမှူးနှင့် ထွေအုပ်ဒုဦးစီးမှူး ပြန်လွတ်

Dawei Watch

March 4, 2025

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ပေါင်မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီမှူးနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဒုဦးစီးမှူးတို့ ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သည့်ဒေသခံများထံမှ သိရသည်။ မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကို၊ ထွေအုပ် ဒုဦးစီးမှူး ဦးကျော်မျိုးလှိုင်၊ လုပ်ငန်းရှင်များဖြစ်သည့် ဦးဇာနည်၊ ဦးမိုးငယ်၊ ဦးဇော်ဝင်းမြင့်နှင့် ဒေါ်ကျော့ကျော့စံတို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်တွင် နေအိမ်နှင့် ရုံးများ၌ လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။ ဖမ်းဆီးခေါ်ဆောင်သွားပြီး ခြောက်ရက်အကြာ မတ်လ ၁ ရက်တွင် မီးသတ်ဦးစီးမှူးနှင့် ထွေအုပ်ဒုဦးစီးမှူးတို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ကြောင်း နီးသပ်သည့် ဒေသခံများက ပြောသည်။ တော်ဝင်ဘော်ဒါဆောင်ပိုင်ရှင် ဦးဇာနည်နှင့် လုပ်ငန်းရှင်များဖြစ်သည့် ဦးမိုးငယ်၊ ဦးဇော်ဝင်းမြင့်၊ ဒေါ်ကျော့ကျော့စံတို့ကိုမူ စစ်ကောင်စီ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဖမ်းခံရတဲ့ […]

စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ကြာအင်းဆိပ်ကြီးကိုဗုံးကြဲ၊ တစ်ဦးသေ ၁၀ ဦးခန့် ဒဏ်ရာရ

Dawei Watch

February 28, 2025

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာနှင့် အနီးနားတဝိုက်ရှိ ကျေးရွာများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး ၁ ဦး သေဆုံးကာ၊ သံဃာတော် နှစ်ပါးအပါအဝင် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေ့လယ်က အနန်းကွင်းကျေးရွာ၊ ပန်းအောင်ကျေးရွာ၊ ခုနှစ်ဝါ(ခ) မောထီးကျေးရွာများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ပန်းအောင်ရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော်နှစ်ပါး၊ အသက် ၅ နှစ်အရွယ်ကလေးတစ်ဦး၊ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြသည့်အပြင် ရွာဘုန်းကြီးကျောင်းထည်း ထိခိုက်ပျက်စီးသွားခဲ့သည်။ ယင်းအပြင် ခုနှစ်ဝါ (ခ) မောထီးကျေးရွာကိုလည်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ၊ ကလေးနှစ်ဦး၊ အမျိုးသားတစ်ဦး၊ […]

ပေါင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ ဇနီးဖြစ်သူ ဒဏ်ရာရ

Dawei Watch

February 26, 2025

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ညောကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့သည် ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက် နံနက်ပိုင်းက နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံပြီး အုပ်ချုပ်ရေးမှူးဖြစ်သူ သေဆုံးကြောင်း ဒေသခံများက ပြောသည်။ ယနေ့ နံနက် ၆ နာရီခွဲဝန်းကျင်က ညောင်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် ဇနီးဖြစ်သူ ဒေါ်မိငယ်တို့သည် နေအိမ်တွင် ရှိနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် လူသုံးဦး ရောက်ရှိလာပြီး ထောက်ခံစာပြုလုပ်မည်ဟုဆိုကာ နေအိမ်ခြံဝင်းထဲ ဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ နေအိမ်ခြံဝင်းထဲ ဝင်ရောက်လာပြီးနောက် သေနတ်ဖြင့် အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ကို ပစ်ခတ်ခဲ့ကြောင်း အနီးအနားရှိ ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ “အုပ်ချုပ်ရေးမှူးကတော့ သေဆုံးသွားတယ်။ သူ့ဇနီး မမိငယ်ကလည်း ထိသွားတယ်။ (သေနတ်သမားတွေ) သူတို့က ဘာကြောင့် ဒီလိုလုပ်သွားလဲတော့ မသိဘူး။ […]

ပေါင်မြို့နယ် မီးသတ်ဦးစီးမှူး၊ ထွေအုပ်ဒုဦးစီးမှူးနှင့် လုပ်ငန်းရှင်များကို စစ်ကောင်စီဖမ်းဆီး

Dawei Watch

February 25, 2025

မွန်ပြည်နယ်၊ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးအပါအဝင် ခြောက်ဦးကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဖမ်းဆီးသွားကြောင်း ဖမ်းခံရသူများနှင့် နီးစပ်သည့် ဒေသခံတို့ထံမှ သိရသည်။ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမြတ်ကိုကို၊ ပေါင်မြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးကျော်မျိုးလှိုင်၊ လုပ်ငန်းရှင်များဖြစ်သည့် ဦးဇာနည်၊ ဦးမိုးငယ်၊ ဦးဇော်ဝင်းမြင့်နှင့် ဒေါ်ကျော့ကျော့စံတို့ကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် နေအိမ်နှင့် ရုံးတို့တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ကို မသိရှိရသေးသလို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရှိရသေးကြောင်း နီးစပ်သူတို့က ပြောသည်။ “ဘာကြောင့် အခုလို ဖမ်းခေါ်သွားတာလဲဆိုတာတော့ ကျွန်တော်တို့လည်း မသိသေးဘူး။ အမျိုးအမျိုးတော့ ပြောနေကြတယ် ဒါပေမဲ့ ဘာမှ […]

စစ်ကောင်စီက ထောက်ပံ့သည်ဆိုသောငွေ မွန်စစ်ရှောင်အများစုမရ

Dawei Watch

February 24, 2025

မွန်ပြည်နယ်၊ စစ်ကောင်စီက ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို တစ်ဦးလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ပေးသည်ဆိုသော်လည်း စစ်ဘေးရှောင်ပြည်သူအများစု ရရှိခြင်းမရှိကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်အဖွဲ့က ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား ငွေကြေးထောက်ပံ့ပေးသည့်အခမ်းအနားကို မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျင်းပခဲ့သည်။ စစ်ဘေးရှောင် တစ်ဦးလျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း ၃၇၀၀ ကျော်ကို ထောက်ပံ့ပေးခဲ့သလို တခြားအလှူရှင်များကလည်း ဆန်နှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်ဟု မွန်ပြည်နယ် စစ်ကောင်စီအဖွဲ့က ထုတ်ပြန်ထားသည်။ “အထောက်အပံ့ပေးတယ်ဆိုတာ ကျွန်မတို့ သိတောင် မသိဘူး။ သူများတွေတော့ မပြောတတ်ဘူးပေါ့။ တစ်ခါမှလည်း မရဖူးဘူး။ အလှူရှင်တွေပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ တော်လှန်ရေးအဖွဲ့အစည်းတွေကနေ ရတာတော့ ရှိတယ်” ဟု ကျိုက်ထိုမြို့နယ်အတွင်းက စစ်ရှောင်အမျိုးသမီးတစ်ဦးက […]

ကျိုက်မရောတွင် မိုင်းထုခွဲရာမှ ပေါက်ကွဲမှုဖြစ်၊ တစ်ဦးသေပြီး လေးဦးဒဏ်ရာရ

Dawei Watch

February 20, 2025

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပေါက်တောကျေးရွာတွင် မိုင်းထုခွဲရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။ ရော်ဘာခြံလုပ်ကိုင်နေသည့် မိသားစုတစ်ခုက ကောက်ယူရရှိလာသည့် မိုင်းနှစ်လုံးအနက် တစ်လုံးကို ထုခွဲကြည့်ရာမှ ဖေဖော်ဝါရီလ ၁၉ ရက် နေ့လယ် ၁၂ နာရီကျော်တွင် ပေါက်ကွဲမှုဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ မိုင်းကိုထုခွဲသည့် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး နေရာတွင်ပင် သေဆုံးပြီး အနီးအနားရှိ အသက် ၃၀ ကျော် အရွယ် အမျိုးသားတစ်ဦး၊ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၆ လအရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၁၅ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး မိုင်းစထိမှန်ဒဏ်ရာရကြောင်း ဒေသခံများက ဆိုသည်။ […]

ဘီးလင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ငါးဦးဒဏ်ရာရ

Dawei Watch

February 17, 2025

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကော်ဟဲကျေးရွာနှင့် ကျေးရွာအနီးဝန်းကျင်တို့ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားငါးဦးဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ဖေဖော်ဝါရီလ ၁၅ရက် ည ၁၁နာရီခွဲခန့်က တိုက်ခိုက်ခြင်းဖြစ်ပြီး ကောင်ဟဲကျေးရွာထဲ ဗုံးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့ကာ ဒေသခံပြည်သူငါးဦး ဗုံးစထိမှန်ဒဏ်ရာရသည့်အပြင် နေအိမ်ကိုးလုံးနှင့် ပြည်သူပိုင်ပစ္စည်းအချို့လည်း ထိခိုက်ပျက်စီးကြောင်း ၎င်းတို့က ပြောဆိုသည်။ ထိခိုက်ဒဏ်ရာရသူများအနက် ဒဏ်ရာပြင်းထန်သူနှစ်ဦးကိုမူ ဆေးရုံသို့ပို့ဆောင်ထားရကြောင်း ဒေသခံများက ဆိုသည်။ သထုံခရိုင်အတွင်းရှိ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၃ရက်ကလည်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ ထို့ကြောင့် လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း အရပ်သားပြည်သူ သုံးဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၃ရက်က ပေါင် ၅၀၀ဗုံးဖြင့် နှစ်ကြိမ်လာရောက်ကြဲချတိုက်ခိုက်သဖြင့် ဘီးလင်းမြို့နယ်၊ တဂေးလောင်း ချောင်းဖျား […]

ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားအချို့နေရာပြောင်းရွှေ့နေဟုဆို

Dawei Watch

February 11, 2025

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားအချို့ နေရာပြောင်းရွှေ့နေကြကြောင်း မြို့ခံအချို့က ပြောသည်။ ဘုရားသုံးဆူမြို့အတွင်း တရားမဝင် ဝင်ရောက်ကာ စားသောက်ကုန်ရောင်းချခြင်း၊ ကာစီနိုလောင်းကစားရုံလုပ်ငန်းများနှင့် ဂိမ်းရုံများတွင် လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသားများသည် ဖေဖော်ဝါရီလ ၂၈ရက် မတိုင်မီ အမြန်ဆုံးထွက်ခွာပေးကြရန် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ အမှတ် ၂ နည်းဗျူဟာက ဖေဖော်ဝါရီလ ၉ ရက်တွင် ထုတ်ပြန်သည်။ ထိုသို့ ထုတ်ပြန်ပြီးနောက် တရုတ်နိုင်ငံသားအချို့သည် ဘုရားသုံးဆူမြို့ပြင်ရှိ DKBA က ဆောက်လုပ်ထားသည့် အဆောက်အအုံနေရာသို့ အဓိကပြောင်းရွှေ့နေကြောင်း မြို့ခံတို့က ဆိုသည်။ သို့သော် တရုတ်နိုင်ငံသားအများစုမှာ မြို့ပေါ်တွင် ကျန်နေသေးကြောင်း မြို့ခံတို့က ပြောဆိုသည်။ “စာထုတ်တဲ့နေ့ကတည်းက တရုတ်တချို့ကတော့ မြို့အပြင်ဘက် သူတို့ (DKBA) အဆောက်အအုံ ဆောက်ထားတဲ့ နေရာဘက်ပြောင်းရွှေ့သွားတာရှိတယ်။ […]