ရေးအခြေစိုက် တပ်ရင်းကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်း MSRF ထုတ်ပြန်
Dawei Watch
September 3, 2023မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် အမှတ် (၆၁) ခြေလျင်တပ်ရင်းကို စက်တင်ဘာလ ၂ ရက် နံနက်ပိုင်းက မွန်နှင့် တနင်္သာရီ PDF ပူးပေါင်းတပ်ဖွဲ့တို့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် MSRF က သတင်းထုတ်ပြန်သည်။ တပ်အပြောင်းအရွှေ့လုပ်ရန် ပြင်ဆင်နေစဉ် သတင်းရသဖြင့် လက်နက်ကြီးဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MSRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။ “တပ်ရွေ့လျားစဉ်မှာ စခန်းကို လက်နက်ကြီးနဲ့ပစ်ပြီးတိုက်ခဲ့တာပါ” ဟု ၎င်းက ပြောဆိုသည်။ ပစ်ခတ်တိုက်ခိုက်မှုသည် တစ်နာရီနီးပါးကြာခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် သုံးကြိမ် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့ဘက်က အထိခိုက်မရှိကြောင်း ၎င်းက ဆိုသည်။ တိုက်ခိုက်မှုအပြီး ခလရ ၆၁ အတွင်းသို့ လူနာတင်ယာဉ်၂စီးဖြင့် ထိခိုက်ဒဏ်ရာရသူများကို လာရောက် သယ်ဆောင်သွားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ထိခိုက်မှု […]