ပေါင်ဒေသခံ လေးဦး ထပ်မံအမှုဖွင့်ခံရပြီး အမှုဖွင့်ခံရသူ ၁၀ ဦးအထိရှိလာ
Dawei Watch
October 12, 2023မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းက ဖမ်းဆီးခံထားရသူ လေးဦး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ထပ်မံအမှုဖွင့်ခံရကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ပေါင်မြို့နယ် ဥတ္တံတားကျေးရွာမှ အသက် ၂၀နှစ်အရွယ် ကိုစောရာဇာမင်း၊ အသက် ၂၂ နှစ်ရှိ ကိုအောင်မင်းထွေး၊ အသက် ၃၃ နှစ်ရှိ ကိုချစ်သူပိုင်၊ ကျွဲခြံကျေးရွာမှ အသက် ၂၂ နှစ်ရှိ မအေးနီးနီအောင်တို့ အောက်တိုဘာလ ၄ ရက်နေ့က အမှုဖွင့်ခံရခြင်းဖြစ်သည်။ ၎င်းတို့သည် ဆန္ဒပြမှုတွင် အကြိမ်ကြိမ်ပါဝင်ခဲ့ခြင်း၊ စစ်ကောင်စီ အကြီးအကဲများနှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်ရေးသားဖြန့်ဝေခဲ့ခြင်း စွပ်စွဲများဖြင့် အမှုဖွင့်ခံရခြင်းဖြစ်သည်ဟု သိရကြောင်း နီးစပ်သူတို့က ပြောသည်။ “အမှုဖွင့်ခံထားရတာ အခုဆို ၁၀ ဦးရှိသွားပြီ။ ၅၀၅ နဲ့ စွဲခံထိထားတာက […]