ဖမ်းဆီးအမှုဖွင့်ခံရသည့် ပေါင်ဒေသခံ ခြောက်ဦး ထောင်ဒဏ်ချမှတ်ခံရ
Dawei Watch
November 4, 2023မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ဒေသခံများအနက်မှ ခြောက်ဦးကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ချမှတ်လိုက်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ပေါင်မြို့နယ် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့် ရဲစခန်း၊ ထွေအုပ်ရုံးတိုက်ခိုက်ခံရသည့်ဖြစ်စဉ်တို့ဖြစ်ပွားပြီးနောက် ဒေသခံ ၁၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများအနက်မှ အချို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခဲ့သလို အချို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် စစ်ကောင်စီက အမှုဖွင့်ခဲ့သည်။ ယင်းအနက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသည့် ဥတ္တံတားကျေးရွာမှ ကိုအောင်မင်းထွေး၊ ကိုချစ်သူပိုင်၊ စောရာဇာမင်းနှင့် ကျွဲခြံကျေးရွာက မအေးနီနီအောင်တို့ကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပေါင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ […]